FRESH

Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts

Monday, April 8, 2013

Gmail ဟက်မခံရအောင် Back Up လုပ်ခြင်း

ကိုယ့် password သိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဆီက Email တွေကို ကိုယ်မသိပဲ ဖြစ်စေ၊ သိပြီးမှ ဖြစ်စေ ယူသွားခြင်း ခံလိုက်ရ သူတွေ အတွက်နဲ့ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေ အတွက် ပြန်ဖြေနည်း တစ်ခုပါ။ ကိုယ် password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို ပထမ post မှာ ဖော်ပြခဲ့သလို နည်းလမ်းအတိုင်း download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားဖို့ လိုပါတယ်။ အဲဒီအတွက် သိသင့်တဲ့ အချက် များ ကို တစ်ပိုင်းချင်း ဖော်ပြပေးပါမယ်။


ပထမ တစ်ခုကတော့ ကိုယ့်ထဲကနေ ထပ်မထွက်နိုင်အောင် အားလုံး ပိတ်ပစ်ဖို့ပါ။ လုပ်ဆောင်မှု အဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ်။

1. Settings ကိုသွားပါ။

2. Forwarding and POP/IMAP tab ကို ဆက်သွားပါ။

3. Forwarding, POP Download နဲ့ IMAP Access တို့ အားလုံးကို Disable forwarding, Disable POP နဲ့ Disable IMAP အသီးသီး ပေးလိုက်ပါ။

4. ပြီးရင် Save Changes button ကို click လိုက်ပါ။

အားလုံး ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပိတ်လိုက်တဲ့ အချိန်က စ ပြီး နောက်ထပ် Mail တစ်စောင်မှ တစ်ခြားတစ်ယောက်ဆီ ရောက်မှာ မဟုတ်တော့ပါဘူး။
တကယ်လို့ ကိုယ် အားလုံး ကို Disable ပေးထားချိန်မှာ တစ်စုံတစ်ယောက်ယောက်က POP3 download နဲ့ download ချ ဖို့ ကြိုးစားမယ် ဆိုရင် သူ့ဖက်မှာ အောက်ဖော်ပြပါ ပုံ အတိုင်း ပေါ်နေပါလမ့်မယ်။


ဒုတိယ သိရမယ့် တစ်ခု ကတော့ ကိုယ့် Gmail account password ကို သိတဲ့ တစ်ယောက်ယောက်က ကိုယ့်ဆီကနေ Email တွေကို POP3 မှာ download ဆွဲနေတယ် ဆိုရင် ကိုယ့်ဆီ ကို ဝင်လာတဲ့ Email တစ်စောင်ဟာ ကိုယ့်ဆီက download ဆွဲနေတဲ့ လူဆီကို ချက်ချင်း မရောက်ပါဘူး။ အနည်းဆုံး ၁ နာရီ ကနေ အများဆုံး ၄ နာရီ အတွင်းမှာမှ download ချ လို့ရတာပါ။ ဆိုလိုတာက ကိုယ့်ဆီ ကို တစ်စောင် အသစ်ဝင်တာနဲ့ download ဆွဲနေတဲ့ လူဆီကို လည်း တစ်စောင် အသစ် ချက်ချင်း ဝင်တာ မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်ဆီကို ဝင်လာတဲ့ Email တစ်စောင်ကို ဝင်လာပြီးလို့မှ တစ်နာရီ မကြာသေးခင်မှာပဲ delete ပေးလိုက်မယ်ဆိုရင် download ဆွဲနေတဲ့ လူဆီကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး။ download စ မဆွဲခင် အချိန်တုန်းက ရှိသမျှ Mail အားလုံးကတော့ မိနစ်ပိုင်းအတွင်း အားလုံး ရောက်မှာပါ။

တတိယတစ်ခု ကတော့ အန္တရာယ်အများဆုံး ကိစ္စ လို့ ပြောလို့ ရပါတယ် ကိုယ့်ရဲ့ Mail ကို တခြားလူ တစ်ယောက်ယောက် က POP3 download နဲ့ ပထမ post မှာ ဖော်ပြခဲ့သလို လုပ်သွားပြီးပြီ ထားပါတော့ အဲဒါဆိုရင် သူ့ရဲ့ Mail ထဲမှာ Compose Mail လုပ်မယ်ဆိုရင် အောက်မှာပြထားတဲ့ ပုံအတိုင်း From: ဆိုတဲ့ Dropdown လေးတစ်ခုအပိုပေါ်လာလိမ့်မယ်။
ပုံမှန် ဆိုရင် Compose Mail လုပ်ရင် အဲဒီ Dropdown မရှိပါဘူး။ ကိုယ့် Mail ထဲမှာပြန်ကြည့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ ပုံမှန်ဆို Email တစ်ခုက Mail Address တစ်ခုတည်းကိုပဲ ပိုင်တာ ဖြစ်တဲ့အတွက် From: ဆိုတာ ပေါ်စရာ မလိုဘူးလေ။ ရွေးစရာမှ မလိုတာ။ ဒါပေမဲ့ အခုလိုဖြစ်သွားရင် Email တစ်ခုတည်းက Mail Address နှစ်ခု ပိုင်သလိုဖြစ်သွားပါတယ်။ ကိုယ့် Mail ကိုလည်း တစ်ဖက်လူက ပိုင်သွားပါပြီ။ အဲဒီတော့ အဲဒီ Dropdown မှာသူ့ Mail ရယ်ကိုယ့် Mail ရယ် နှစ်ခု ပေါ်နေလိမ့်မယ်။ အဲဒီအထဲက သူကကိုယ့်ရဲ့ Mail ကိုရွေးပြီး အခြား တစ်ယောက်ယောက်ဆီကို Email ပို့လိုက်ရင် လက်ခံ ရရှိတဲ့သူက ကိုယ့်ဆီက ရတာလို့ပဲ ထင်သွားမှာပါ။ ဘာလို့လည်းဆိုတော့ လက်ခံရရှိတဲ့သူဆီမှာကိုယ့် Mail Address သွားပေါ်နေမှာကိုး။ ပို့တာကသူ့ ထဲကပို့တာနော်။ ကိုယ်တောင် ဘာမှမသိလိုက်ရဘူး။ ကဲကိုယ့်ရဲ့ အရေးကြီးတဲ့ Contact တွေဆီကို ပေါက်ကရ Mail တွေလျှောက်ပို့လိုက်လို့ကတော့သေပြီ။ ဘယ်လောက် အန္တရာယ်များလဲ စဉ်းစားသာကြည့်ပေတော့။ အဲဒီတော့ အကောင်းဆုံးက ကိုယ့်ရဲ့အရေးကြီးတဲ့ Mail ရဲ့ Password ကိုဘယ်သူ့ကိုမှ မပေးတာအကောင်းဆုံးပါ။ Password ဆိုတာ Mail တစ်ခုရဲ့အသက်ပါ။ Password ကို မကာကွယ်နိုင်ဘူးဆိုမှတော့ Mail ရဲ့အသက်လည်းသေပြီပေါ့။ အားလုံးပဲ ကိုယ့်ရဲ့ Email Password လေးတွေကို လုံလုံခြုံခြုံ သိမ်းနိုင်ကြပါစေ။

 http://sofialay.blogspot.com

Gtalk မှာ offline နဲ့ပဲချိတ်မယ်...

ဒီလင့်လေးဆီသွားလိုက်ပါ  http://talkgadget.google.com/talkgadget/popout
အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး… အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။ အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်…. ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ…. သူကတော့ သူငယ်ချင်းတစ်ယောက်ကို စကားပြောဖို့ ကလစ်နှိပ်လိုက်ရင်
 ပုံမှန် Gtalk ကလို Window တစ်ခု အနေနဲ့တော့ ထွက်မလာဘူး။ Tab တစ်ခုအနေနဲ့ Contacts ရဲ့ဘေးမှာ ကိုယ်ပြောမယ့် သူငယ်ချင်းရဲ့ နာမည်နဲ့ ထွက်လာမယ်…ကဲ အခုစပြောတော့မှာက သူငယ် ချင်း တို့ သိချင်နေတဲ့ ကိုယ့်ကို သူများမမြင်အောင်
offline လုပ်ကြမယ်ဆိုတဲ့ အကြောင်းလေ… အရင်ဆုံး Gtalk မှာ Singout လုပ်ဖို့သွားတဲ့ မြှားလေးကို မှတ်မိတယ်နော်။ အဲဒါက Contacts ရဲ့ အောက်မှာရှိတယ်… အဲဒီံ မြှားကလေး ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးနားက invisible ကိုရွေးပေးပါ… ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မမြင် ရတော့ဘူး။ ကိုယ်က သူတို့ဆီမှာ offline ဖြစ်သွားပြီ… ကိုယ်ကသာ သူတို့ကို မြင်နေရမယ်… ကိုယ်က offline ပုံစံဖြစ်နေပေမယ့် သူတို့ကို စကားသွားပြောလို့ ရတယ်နော်… သူတို့ဆီမှာတော့ ကိုယ်က offline ကြီးနဲ့ စကားတွေပြောနေတာပေါ့…
ကဲ စမ်းသပ် ကြည့်လိုက်ကြပါ…
 

gtalkalways idel (Gtalk အနားမှာမရှိပါ)

Gtalk မှာ တစ်ခါတစ်ရံ တစ်ဦးတည်းအပေါ် အာရုံစူးစိုက်ပြီး chat နေချိန်မျိုးမှာ တစ်ခြား online friends တွေဝင်လာတတ်ပါတယ်။ ပြန်မဖြေရင်လည်း တစ်မျိုးတစ်မည် အထင်ခံရမယ်။ ပြန်ဖြေနေရရင်လည်း အာရုံလွင့်တော့မယ်။ ဒါဆို အနားမှာမရှိဘူးလို့ ပြောပေးမယ့် galways idel ကိုတင်ထားကြရအောင်။


Download Gtalkalways idel 

  install လုပ်ပေါ့နော်...
ပြီးရင် taskbar မှ gtalk icon ပေါ် right click လုပ်ပြီး always idle ရွေးထားပေါ့။ မလိုအပ်တော့ရင် normal or never ပြန်ပြောင်းထားနိုင်ပါတယ်။

Tuesday, December 25, 2012

gtalkဒီဇိုင်းလှလှလေးတွေရယူကြမယ်

မူရင်း gtalk software ကို ပိုလှအောင်ပြုလုပ်ထားခြင်းသာဖြစ်ပါတယ် ... ၄င်းကို အသုံးပြုဖို့အတွက် ရိုးရိုး gtalk software ကို install လုပ်ထားရပါမယ် ... လုပ်နည်းကတော့

၁။ ပထမဆုံး ဒေါင်းလုပ်ချပါ။
၂။ လက်ရှိ အသုံးပြုသော gtalk chat box အားလုံးကို ပိတ်ပစ်ပါ။
၃။ ဒေါင်းလုပ်ချထားသော google.exe ကို run ပါ။
၎။ ခုဆိုရပါပြီ .. ပုံမှန်အတိုင်းအသုံးပြုနိုင်ပါပြီဗျာ
Download
အစိမ်းရောင် skin လေးကို ဒီမှာဒေါင်းလုပ်ယူပါ...  
အပြာနုရောင် skin လေးကို ဒီမှာဒေါင်းလုပ်ယူပါ...
                             
                                       gtalkshell
                                        ပန်းရောင်

မှတ်ချက်။ ။ အမြဲတမ်း အသုံးပြုချင်ပါက ဒေါင်းလုပ်ချထားသော googletalk.exe အား copy လုပ်၍ “C:\Program Files\Google\Google Talk” ဖိုဒါထဲကို ၀င်လိုက်ပါ … ဖိုဒါထဲရှိ မူလ googletalk.exe အား delete လုပ်ပြီး copy ယူလာသောဖိုင်အား paste လုပ်ခြင်းဖြင့် အသုံးပြုနိုင်ပါတယ်….။
( googletalk black  ကို ဒေါင်းလိုက်ပါခင်ဗျား..))

I didn’t know the Google Talk Themes I have created would receive such a good respond from all over the world. Anyway, thank you for your support.
Since I posted all 6 themes in different posts in the past few days, I thought might as well do a compilation of all themes here. On top of that, as promised I will show a simple tutorial of changing the colour of Google Talk.
Google Talk Themes



 















 နောက် skin လှလှလေးတွေကတော့   ကိုဇော်
http://kozaw357.multiply.com/journal/item/124   ကနေ ယူပီးတင်ပေးလိုက်ပါတယ်...
Image Hosted by ImageShack.us Image Hosted by ImageShack.us

မူရင်း gtalk software ကို ပိုလှအောင်ပြုလုပ်ထားခြင်းသာဖြစ်ပါတယ် ... ၄င်းကို အသုံးပြုဖို့အတွက် ရိုးရိုး gtalk software ကို install လုပ်ထားရပါမယ် ... လုပ်နည်းကတော့


၁။ ပထမဆုံး ဒေါင်းလုပ်ချပါ။
၂။ လက်ရှိ အသုံးပြုသော gtalk chat box အားလုံးကို ပိတ်ပစ်ပါ။
၃။ ဒေါင်းလုပ်ချထားသော google.exe ကို run ပါ။
၎။ ခုဆိုရပါပြီ .. ပုံမှန်အတိုင်းအသုံးပြုနိုင်ပါပြီဗျာ

အစိမ်းရောင် skin လေးကို ဒီမှာဒေါင်းလုပ်ယူပါ... အပြာနုရောင် skin လေးကို ဒီမှာဒေါင်းလုပ်ယူပါ...



မှတ်ချက်။ ။ အမြဲတမ်း အသုံးပြုချင်ပါက ဒေါင်းလုပ်ချထားသော googletalk.exe အား copy လုပ်၍ “C:\Program Files\Google\Google Talk” ဖိုဒါထဲကို ၀င်လိုက်ပါ … ဖိုဒါထဲရှိ မူလ googletalk.exe အား delete လုပ်ပြီး copy ယူလာသောဖိုင်အား paste လုပ်ခြင်းဖြင့် အသုံးပြုနိုင်ပါတယ်….။

Sunday, December 23, 2012

gtalkအတိုထွာလေးများ

Gtalk ကနေပြီး ပာန်းဖုန်းကို ခေါ်ကြမယ် ...

 FREE ကြိုက်တဲ့ကိုကိုမမများအတွက်  အောင်လေးမှ တင်ပြလိုက်တယ် 
Gtalk ကနေပြီး ပာန်းဖုန်းကို ခေါ်ကြမယ် ...
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။
အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။te Call back sysm သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk
1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
 

(Gtalk Shell) နဲ့ မှာ ပုံလေးတွေကို Slideshow နဲ့ ပေါ်အောင်လုပ်နည်း...

လုပ်ဖို့ အတွက် ကျွန်တော့် Link Download လုပ်ပြီးရင် Run လိုက်ပါ....။
 
ကြိုက်တာကိုဒေါင်းပါ..



ဒါဆိုရင် Gtalk ဖွင့်ထားထား ၊ မဖွင့်ထားထား နောက်ထပ် Gtalk ဘောင်အသစ်ပေါ်လာပါလိမ့်မယ်..။
ဒီဘောင်အပေါ် Google Talk ဆိုတဲ့ စာဘေးမှာ အသစ်အနေနဲ့ Shell  ဆိုတာ ပါလာပါလိမ့်မယ်..။ ဒီ Shell ကို ကလစ်နှိပ်လိုက်ပါ..။
ထိုအခါဘောင်အသစ်လေးထဲမှာ ...
Avatar / Lauguage / Option / Always on top / Get More Avatars / About  ဆိုတာ ကိုတွေ့ပါလိမ့်မယ်..။
            Shell > Avatar ကိုနှိပ်၍ Enable Slide တွင် အမှန်ခြစ်လိုက်ပါ...။
ထိုနောက်........
          
Shell  > Option ကိုနှိပ်လိုက်ပါ..။
ဘောင်အသစ်ကျလာပြီး Avatar / Anti Boss / Auto hind ဆိုတာမှ Avatar ကိုရွေးပါ..။
သူ့ဖာသာသူလဲ ရွေးပြီးသားပါ..။
ထိုနောက် ညာဘက်ဘောင်ထဲတွင် Add နဲ့ Remove ကိုတွေ့ရလိမ့်မယ်..။
ကိုယ့် Slideshow လုပ်ချင်သော ပုံများကို ရွေးရပါမယ်..။
           Add ကိုနှိပ်ပါ..။ ပေါ်လာသောဘောင်လေးထဲမှ မိမိလိုချင်သော ပုံများကိုရွေးပါ..။
အလိုရှိသလောက် ပုံများကို ရွေးပါ..။
ပြီးရင် အောက်မှ Interval(seconds) ကို ကိုယ် ပြောင်းစေချင်သော ပုံများကို စက္ကန့်
အလိုက် ချိန်ပေးပါ..။ ဥပမာ- 1 စက္ကန့် ၊ 2 စက္ကန့် ၊ 3 စက္ကန့်....
            ထိုနောက် အောက်မှ OK ကိုနှိပ်လိုက်ရုံပါပဲ..။
ထို့နောက် Gtalk ကို Sing In လိုက်ပါ..။ ပြီးပါပြီ...။
သင်၏ Gtalk တွင် Icon လေးတွေ တဖျတ်ဖျတ် ပြောင်းနေပါလိမ့်မယ်..။
အားနည်းချက်များ...။
  • မိမိသုံးတိုင်း ပုံတွေ တဖျတ်ဖျတ်ပြောင်းနေလို့ မျက်စိနောက်ပါလိမ့်မယ်.......။
  • ဒီ Software သည် ဆွဲအားမြင့်သောကြောင့် connection မကောင်းပါက Gtalk ခဏခဏ ကျတတ်သည်........။
  • မိမိ သုံးပြီးသွားသော်လည်း Gtalk ပိတ်လိုက်ရင် အရင် Gtalk လိုမျိုး အလိုလို မပျောက်သွားပါ..။
  • ဒါကြောင့် မိမိသုံးပြီးသွားပါက Shell > Avatar > Enable Slide တွင် အမှန်ခြစ်ဖြုတ်ခဲ့ပါ..။
  • ပြီးနောက် မိမိပုံတွေကို Shell > Option > Remove ဖြင့် ပြန်ဖျက်ခဲ့ပါ...။
  • Gtalk Shell က အကောင့်တွေ အများကြီး တစ်ခါတည်းလုပ်မရပါ..။
  • စက်တစ်လုံးမှာ အကောင့်တစ်ခုပဲ သုံးလို့ရတယ်..။

ဒါဆိုရင် မိမိ Gtalk မှာ ပုံလေးတွေ တဖျတ်ဖျတ်ပြောင်းနေပါလိမ့်မယ်..။

အဆင်ပြေပါစေဗျာ...။
 

phone အတွက် Gtalk လေးပါ

,,,,
ဒေါင်းဗျာ   Download

Thursday, December 6, 2012

gtalkအတိုအထွာလေးများ

Gtalk မှာ Function များ၏အလုပ်လုပ်ပုံ

Gtalk မှာ Function များ၏အလုပ်လုပ်ပုံ

Gtalk မှာ ပါတဲ့ address name ကို Right click ပေးသောအခါ တွေ့ရသော second part မှ Function များ၏အလုပ်လုပ်ပုံ
1. set as my picture …..မိမိ right click ပေးသော အကောင့်မှ picture ကို မိမိ gtalk ပုံသို့ ကူးယူရာတွင် အသုံးပြုသည်။
2. view past chats….. မိမိ right click ပေးသော အကောင့်နှင့် အတူတကွ chat ထားသော အကြောင်းအရာများကို ပြန်ကြည့်ရာတွင် အသုံးပြုသည်။
3. Rename သည် မိမိအလွယ်တကူပြန်လည်သိနိုင်ရန် နာမည်ပြောင်းထားရာတွင် အသုံးပြုသည်။
4. Block သည် မိမိ မနှစ်သက်သော အကောင့်ကို ဖြုတ်ထုတ်သတ်လုပ်ရာတွင် အသုံးပြုသည်။


(က)မိမိက block ပေးသော်လည်း တစ်ဖတ်လူက သူ့အကောင့်ထဲတွင် မိမိ အကောင့်ရှိနေအုံးမှာ ဖြစ်သည်။ (မှတ်ချက်။ ။ မိမိအား block ပေးမပေးကို သိနိုင်ရန် သိခြားဖေါ်ပြထားပါသည်။)

(ခ )မိမိတွင်လည်း gtalk မှ setting ထဲတွင် blocked function တွင့် ကျန်ရှိနေပါဦးမည်။ ပြန်လည် add ချင်က unblock ကို click ပြီး ok ကို နှိပ်ပါ။ ဒါဆိုရင်တော့ ပြန်လည် add ပြီးသားဖြစ်သွားပါသည်။

( ဂ) လုံးဝ အဆက်အသွယ်မလုပ်ဘူးဆုံးဖြတ်ပြီးလျှင်တော့ gmail ထဲက contacts ကို click ပါ ။
Add to this group ထဲမှ မိမိ ဖျက်ချင်သော account name ကို click ပါ။ ပြီးရင်ညာဘက်ထိပ်က
Delete contact ကို click ပေးက လုံးဝ ဖျက်ပြီးသားဖြစ်သွားပါမည်။
(မှတ်ချက်။။။။။။ block အရင်ပေးထားက ပြန်ပြီးမှ unblock လုပ်ပြီး delete လုပ်နိုင်ပါသည်။)
5. Remove သည် မိမိက remove ပေးပါက မိမိက စပြီး ခေါ်ဆိုနိုင်မည်မဟုတ်တော့ပေ တဖက်သူငယ်ချင်းကတော့ ခေါ်ဆိုနိုင်ပါသည်။(ဖြစ်နိုင်ရင်
တော့ Remove မပေးသင့်ပါ။) 
 
 
(၂)ဒီတစ်ခါတော့gtalkစကားဝိုင်းထိုင်ချင်သူတွေအတွက်ရွှယ်ရွှည်ပါတယ်။

Gtalk မှာ Group Chat လေးလုပ်ချင်တယ်ဆိုရင်။

Gtalk မှာ Group Chat လေးလုပ်ချင်သူများအတွက် ဒီမှာ သွားကြည့်လိုက်ပါ။တစ်ခုတော့ရှိတယ်နော်
သူငယ်ချင်းတို့ရဲ့စက်မှာ Myanmar 3 Fonts သို့မဟုတ် Keyman တော့ Install လုပ်ထားဖို့လိုမယ်
နော်

တစ်လက်စက်တည်း..ကျွန်တော်တို့ရဲ့အစ်ကိုတစ်ယောက်တင်ပေးထားတဲ့..Gmail အသုံးပြုနည်းလျှို့ဝှက်ချက်စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်။ အဲဒီစာအုပ်လေးက
2007 ခုနှစ်တွင်ထွက်ရှိခဲ့သော ကွန်ပျူတာဂျာနယ်ပါအကြောင်းအရာများကို စုစည်း
တင်ပြပေးထားခြင်းဖြစ်ပါတယ်။ လိုချင်ရင်တော့ http://mrbawat.weebly.com/6/post/2011/06/gmail.html မှာဝင်ရောက်ပြီး.
Download ချယူနိုင်ပါတယ်ခင်ဗျာ။
(၃)နောက်ထပ်နည်းလေးတစ်ခုနော်....
 
gtalk ကိုအသုံးပြု့သူတိုင်း... သိထားသင့်တယ်ထင်လို့ပါ...အချို့ကတော့သိပြီးပါပြီ....မသိတဲ့သူများအ အတွက်ရည်ရွယ်ပါတယ်....သိ
တဲ့သူတွေကတော့မရီနဲ့ဗျာ......

G talk မှာအွန်လိုင်းတက်လာသူတွေကို g talk box ကိုဖွင့်မကြည့်ပဲ သိအောင်လုပ်လို့ရပါတယ်...
ဘယ် software ကိုထပ်ဖြည့်စရာမလိုပါဘူး....
အရင်ဆုံး g talk ကို sing in ဝင်လိုက်ပါ...
ပြီးရင် setting ကိုသွားပါ....
Picture
Picture

setting ကိုဝင်ပြီးတာနဲ့ Notification ဆိုတဲ့tab ကလေးတစ်ခုရှိပါတယ်...
အဲဒီ tab ကိုဖွင့်လိုက်ပါ... Notification ဆိုတဲ့ tab ထဲမှာ Friend Online ဆိုတဲ့ box ကလေးတစ်ခုရှိပါတယ်.
အဲဒီ box ထဲက show notification ဆိုတဲ့ စာသားရဲ့ရှေ့က လေးထောင့်တုံးလေးကို အမှန်ချစ်ပေါ်အောင် click နှိပ်လိုက်ပါ... ပြီးရင် Ok နဲ့ ထွက်လိုက်ပါ...
သင့်ရဲ့သူငယ်ချင်းတွေအွန်လိုင်းပေါ်တက်လာတာနဲ့... destop screen ရဲ့ညာဘက်ထောင့်မှာ တက်လာသူရဲ့အမည်ကို ပြပါလိမ့်မယ်....
အဲဒီအခါကျရင် ဦးဦးဖျားဖျားလေး လှမ်းချွေလိုက်ပေါ့...

ချွင်းချက် ... busy အနေနဲ့..(အနီရောင်အတုန်းလေးနဲ့) အွန်လိုင်းပေါ်ကိုသင့်ရဲ့သူငယ်ချင်းတွေတက်လာ ရင်တော့  alarm အနေနဲ့လာပြမှာမဟုတ်ပါဘူး....

Windows 7 မှာ အသံ gtalk ပြောတဲ့ အခါ အသံမထွက်ဘူး ဆိုပြီး ပြောနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ

Windows 7 မှာ အသံ gtalk ပြောတဲ့ အခါ အသံမထွက်ဘူး ဆိုပြီး ပြောနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ

Windows 7 အသံထွက်ဖို့
gtalkမှာအသံမရတော့ဘူးလိုပြောလတဲ့mohling11ဘောဒါကြီးအတွက်ပါ
ကျန်တဲ့သူငယ်ချင်းတွေလည်းလိုအပ်ရင်ဆွဲသွားပေါ့နော်....။

Windows 7 မှာ အသံ gtalk ပြောတဲ့ အခါ အသံမထွက်ဘူး ဆိုပြီး ပြောနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ သူငယ်ချင်း မေးထားကတည်းက ပုံတွေ ထုတ်ပြီး စာမရေးဖြစ်လို့ ကြာနေခဲ့ပါတယ်။ အားလည်း နာတယ်။ ခင်လည်း ခင်ပါတယ်။ ဟီးဟီး။ အခု တစ်ခါ စိုးမိုးက မေးလာလို့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။ အဲဒီထဲက အတိုင်း ရအောင် လိုက်လုပ်လိုက်ရင် အသံထွက်သွားပါလိမ့်မယ်။ ( အခု ထုတ်ထားတာလေးတွေကDesktop အတွက် ဆိုတော့ Laptop အတွက် ဆိုရင် တချို့နေရာတွေ ပျောက်နေ /  ပိုနေ ပါလိမ့်မယ်။ ) ဒါက ပြဿနာ မရှိပါ။ ပေါ်နေတဲ့ အတိုင်းသာ အနည်းငယ်လေး ဖြည့်စွက် လုပ်သွားပါ အဆင်ပါလိမ့်မယ်။ပထမဦးဆုံး Task Bar က Speaker ပုံလေးကို Right Click နှိပ်လိုက်ပြီး Playback  Devices ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ကလို ပုံပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကနေ ပုံမှာ ပြထားသလိုတွေ ဖြစ်အောင် ကလိကြည့်ပါ။ နာနာသာ ကလိပါ။ စိတ်မပူပါနဲ့။ ပြင်တဲ့ ဆိုင်တွေ ရှိပါတယ်။ ဒီထက်ဆိုးလာရင် တူကြီးကြီးနဲ့သာ မနားတမ်း ထုချပါ :P  အသစ်ရောင်းသော ဆိုင်များ ရှိပါတယ်။လုပ်နည်းကိုတော့ အသေးစိပ် မရေးနိုင်တော့ပါ။ ကိုယ်လုပ်ချင်တဲ့ တစ်ခုကို ရွေးပါ။ ဥပမာ Speaker ကို ကလစ်ပြီး ရွေးပါ။ နောက်ပြီးတော့မှ Set Default နဲ့ Properties ကို နှိပ်ပြီး အထဲမှာ ပုံပါတဲ့ အတိုင်း ရအောင် ပြင်ကြည့်ပါ။ ပြီးရင်တော့ ရသွားပါပြီ။ ဒါလေးပါပဲ။ ပုံများကို သေချာ မြင်ချင်ရင် ကလစ်နှိပ်ကြည့်ပါ။

Wednesday, August 22, 2012

ကိုဖွင့်ထားတဲ့ သီချင်းလေးတွေ ကို သူငယ်ချင်းတွေ သိအောင်ပြရအောင်

Gtalk မှာ မိမိစိတ်ကြိုက် Animation တွေ အသုံးပြုနည်း

မိမိ Gtalk မှာ ဘာသာပြန်စနစ်ထည့်နည်း

Gtalk မှာ အကောင့်အများကြီးဖွင့်လို့ရအောင်ပြုလုပ်နည်း

Gmail သမိုင်းကြောင်း

Paul Buchheit
အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ
Friend Feed တည်ထောင်သူ
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.