FRESH

Showing posts with label Mobile phone. Show all posts
Showing posts with label Mobile phone. Show all posts

Friday, July 26, 2013

ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်နည်းလေးပါ


ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်နည်းလေးပါ အသုံးလိုတဲ့သူများ သုံးလို့ရအောင်တင်ပေးလိုက်တာပါ
Personal call, secret call အစရှိတဲ့ခေါ်ဆိုမူတွေမှာ ဖုန်းနံပါတ်တွေကိုမသိစေချင်ရင် ဖြောင့်ထား
လို့ရပါတယ်
ကဲအရင်ဆုံးအောက်မှာပေးထားတဲ့ Software နှစ်ခုကိုဒေါင်းလိုက်ပါ
Hidden Call-hide your Caller ID. apk
secretcall.apk
ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် install ပါ..။    ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။
ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့  Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။
and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။
add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း seleat လုပ်ပါ...။
screenshots လေးပြထားပါတယ်...။

ကဲ ကျန်တာကတော့ သူငယ်ချင်းကိုယ်တိုင်ပဲ လုပ်ကြည့်လိုက်နော် ဒီလောက်ဆို သူငယ်ချင်းတို့အားလုံးနားလည်မယ်လို့ထင်ပါတယ်
အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ မူရင်းနေရာဖြစ်တဲ့  ဒီလင့်ကို ဖွင့်ကြည့်ပါ
Features:
 ★ Widget with a maximum of 6 operating modes:
 ★ Hide Caller ID for all calls
 ★ Always submit Caller ID
 ★ Hide Caller ID for next call only
 ★ Hide Caller ID for all calls except for numbers from your phone book (PRO Version)
 ★ Show Caller ID for selected contact groups (PRO Version)

 ★ Widget always shows the selected operation mode
 ★ you can change the GSM-Code prefix
 ★ Notification for the current status can be set up into notification bar
 ★ Visually impaired people with color-blindness can recognize symbols easily
 ★ Admin-UI mit many settings
 ★ clean the call log from the prefixes

Thursday, July 25, 2013

Phone ထဲမှာ Facebook က တင်ထားတဲ့ ဗီဒီယိုတွေကို Download ယူနည်း

အားလုံးဘဲမင်္ဂလာပါ။ဒီနေ့အလုပ်ကလေးနည်းနည်းအားနေတော့သယ်ရင်းတို့အတွက်အကြံညဏ်လေးတွေ
သုတကိုမျှဝေမူ့လေးတွေပေးချင်ပါတယ်။ကျွှန်တော်ပိုစ့်ကတ်လေးတွေမရေးဖြစ်တာလည်းကြာပါပြီး....မရေး
ဖြစ်တဲ့အကြောင်းရင်းလေးတွေကနည်းနည်းအလုပ်ထဲလက်ဝင်နေလို့ပါ။>>>ဒီတော့...အခုကျွှန်တော်ရေး
မဲ့အကြောင်းရာလေးက>>facebook မှ Video ဖိုင်တွေကိုဘယ်လိုဒေါင်းမှာလဲ>>ဆိုတဲ့အကြောင်းရာ
လေးပါ။ကျွှန်တော်ကိုယ်တိုင်လည်းဟိုတုန်းကဖုန်းမှာfbသုံရင်း fbထဲကတစ်ချို့videoဖိုင်တွေကိုdownload
ဆွဲဖို့တော်တော်အခက်ခဲဖြစ်ခဲ့ဖူးပါတယ်။အဲလိုနဲ့ဘဲ....onlineထဲရောက်ရင်လက်ဆွက်တတ်တဲ့ကျွှန်တော်
ရဲအကျင့်ကြောင်းဒီပိုစ့်ကတ်လေးကိုမှတ်စုလေးမှသယ်ရင်းတို့ထံမျှဝေခဲပါတယ်။ကဲစကြည့်လိုက်ရအောင်
နော်....လုပ်နည်းကိုပုံလေးနဲ့တစ်ကွက်တင်ပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့..စာတွေအများကြီးရေးလို့
ရှင်းပြလို့နားမလည်တဲ့သူငယ်ချင်းတွေလဲရှိကောင်းရှိနိုင်ပါတယ်။အားလုံးလည်းအဆင်ပြေသွားတာပေါ့>>
>>>>>>>>

(photo by soe min naing)


Download - ADM Downloader From Facebook   Zippyshare link

Download - ADM Downloader From Facebook  Dropbox link

Tuesday, June 4, 2013

ဖုန်းအတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ စစ်မယ်


ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။
Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာ သိရှိ နိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ် ဖြစ်တယ် ဆိုတာကို သိနိုင်ဖို့ ခက်ပါတယ်။
တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရ တတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။
Android အစစ်ကို အသုံးပြုထားတဲ့ ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ ဖုန်းတွေက ဘာတွေ ကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ ခွဲခြားလို့ မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားတာ ဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက် ဒီနည်းလမ်းလေးကို ပြောပြ လိုက်ပါတယ်။
အခုနောက်ပိုင်း ၀င်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့ တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ် မဟုတ်ကြောင်း ဘယ်လို စမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကို ရှာလိုက်ပါ။
Samsung Galaxy Series တွေအတွက် ဒီနည်းနဲ့ စမ်းကြည့်လို့ ရပါတယ်။ Display ထဲမှာ Font Style ကို ရှာကြည့်လိုက်ပါ။ တွေ့ရင် အစစ်ဖြစ်ကြောင်း ယုံလို့ ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူး ပေါ့ဗျာ။
နောက်တနည်းကတော့ လုံးဝ အစစ်ဖြစ်တယ် ဆိုတာကို စမ်းကြည့်လို့ ရပါတယ်။ Setting ထဲကို ၀င်လိုက်ပါ။ About Phone ကို တွေ့ပါ လိမ့်မယ်။ Android Version 4.0.4 စသဖြင့် ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက် နှိပ်ကြည့်ပါ။
စက်ရုပ်ပုံလေး ပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြ ပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထား လိုက်ရင် စက်ရုပ်ပုံလေးတွေ ပြေးနေတာကို တွေ့ရ ပါလိမ့်မယ်။ Clone Handsets တွေမှာ အဲ့ဒီလိုဖြစ်အောင် မလုပ် နိုင်ပါဘူး။
ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ် ဟုတ်မဟုတ် စစ်ကြည့်လို့ ရနိုင်ပါတယ်။ အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာ ပြောပြထားတဲ့ အတွက် လုံလောက်ပြီး အဆင်ပြေကြမယ် ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
IT GARDEN

Mec Tel မှ ထုတ်သော 800 Mhz ဖုန်းများအတွက် Internet settings ချိန်နည်း


ဖော်ပြပါပုံအတိုင်း Settings သို့သွားပါ
ထိုမှတစ်ဆင့် Mobile networks ကိုနှိပ်ပါ
ပေါ်လာသော Mobile network settings ထဲမှ Access Point Names ကိုနှိပ်ပါ
APN ထဲတွင် New APN တစ်ခုလုပ်ပါ
Name တွင် mectel ဟုရိုက်ထည့်ပါ။ထို့နောက် OK ကိုနှိပ်ပါ။
APN တွင် #777 ရိုက်ထည့်ပါ
Username တွင် နှစ်သက်ရာထည့်သွင်းနိုင်ပါတယ်
Password တွင်လည်း ကြိုက်နှစ်သက်ရာရိုက်ထည့်နိုင်ပါတယ်
Prompt password  တွင် #777 ဟုရိုက်ထည့်ပြီး OK ကိုနှိပ်ပါ
ထို့နောက် Edit access point အား Save ပြုလုပ်ပါ။
Mobile network settings တွင် Data enabled အား အမှန်ခြစ်ပေးပြီး ခတ္တခဏစောင့်ဆိုင်းပါ။ အင်တာနက်အသုံးပြု၍မရသေးရင် Restart ပြုလုပ်ပါ
မြဝတီလင့်မှဖေါ်ပြသည်

Thursday, February 14, 2013

Mobile for Internet Speed


မိုဘိုင်းဖုန်းများအတွက် အင်တာနက် စပိမြင့်တဲ့ ဆော့ဝဲလေးတွေ 1mobile ကဒေါင်းလာတာလေးတင်ပေးလိုက်ပါ
တယ်နော် ကျုပ်ရှေ့မှာပြောခဲ့သလိုပါဘဲဗျာ။ အဲဒီမှာ တစ်နာရီလောက်ဆွဲလိုက်ရင် ဆော့ဝဲတွေ အများကြီးရနိုင်ပါ
တယ်ဗျာ။ သူ့ဆီမှာ အတော်များများ ရှိပြီးသားတွေပါ။ ဒေါင်းလော့ချနည်းလည်း ပြောပြထားပြီးပါပြီ။ ကွန်ပျူတာနဲ့
ဆွဲတာက ခဏအတွင်းမှာ အများကြီး ရနိုင်လို့ပါ။ ဖုန်းနဲ့ ဒေါင်းလော့ချရတာက ဆော့ဝဲတစ်ခုရဖို့ရာ အချိန်တွေ ငွေ
တွေ အများကြီး ကုန်ပါတယ်။ ရဖို့ရာကလည်း မလွယ်လှပါဘူး။ ဒါတွေကို မိတ်ဆွေတို့လည်း အသိသားဘဲလေ။
ခုတစ်လော လိုင်းတွေ တစ်အားကျနေတယ်ဗျာ အင်တာနက်ပေါ်တင်တာက မလွယ်ကူလှဘူး ။ ဒေါင်းလော့ချရ
တာက လွယ်တယ် ဒေါင်းလော့စပိတော့ မဆိုးဘူး Upload စပိက အရမ်းနည်းတယ် 10 ။ 15 kb တောင် ရှိချင်မှ ရှိ
တာလေ အဲဒီတော့ တင်ပေးဖို့မလွယ်ဘူးဗျာ။ နောက်ပြီး ခုဓါတ်ပုံလေးတင်ချင်တာတောင် မတင်နိုင်ဘူး။ ဘာဖြစ်
လို့လည်းဆိုတော့ ဓါတ်ပုံတင်ဖို့ရာ Select a file ဆိုတာလေးကို ကျမလာတော့ဘူးဗျာ။ ဘာဖြစ်တယ်မသိပါဘူး တစ်ခါတစ်လေ အဲလိုဖြစ်နေတာ။ ကော်ပီကူးထည့်လို့ ရပေမယ့် ကိုယ့်ရဲ့ဆိုက် Post တွေ ဖော်ပြပေးရာမှာ ဒုက္ခပေးလို့ အဲဒီလိုလည်း ကူးမထည့်ချင်ဘူးလေ။ ကဲဗျာ ဒါတွေထားပါ သဘောကျရင်တော့ ဒေါင်းလော့ချပြီး သုံးစမ်းကြည့်ပါ။ ကောင်းမကောင်း သိရတာပေါ့။ အင်တာနက်လိုင်းမကောင်းတာကို ကောင်းအောင်လုပ်တဲ့ နည်း
တော့ သိတယ်ခင်ဗျာ။ ဒါပေမယ့် ကျုပ်က ရတနာပုံတယ်လီပို့စ် ပိုင်ရှင်မဟုတ်တာခက်တယ်။ နောက်ပြီး MPT က
လူကြီးတာ ကျုပ်ဖြစ်ရင် မိတ်ဆွေတို့ စိတ်ချမ်းသာအောင် နိုင်ငံခြားက အဆင့်မြင့် အင်တာနက်လိုင်းတွေ ၀ယ်ပြီး
တော့ ပြည်သူကို စိတ်ချမ်းချမ်းသာသာ သုံးစေချင်ပါတယ်။ ဖြစ်နေတာက ငါကလည်း အဲဒီပိုင်ရှင် ဥက္ကဋ္ဌနေရာမှာ
မဟုတ်တာခက်တယ်။ ဒါကြောင့် ဖုန်းအင်တာနက်လိုင်းလေး နည်းနည်းလေးမှ မြန်မြန်ဆိုပြီး တင်ပေးတာပါ။
တစ်ကယ်ပါ လုပ်ပေးချင်ပါတယ်.. အင်တာနက်လိုင်းကောင်းအောင်လေ...
ဒါပါဘဲဗျာ... ဓါတ်ပုံတောင် တင်မပေးနိုင်တာ ခွင့်လွတ်ပါ..
۩۩۩۩  DOWNLOAD MOBILE FOR INETENET S

Wednesday, November 14, 2012

Andriod ဖုန်း တွေကို zawgyi မြန်မာစာ ထည့်နည်းအလွယ်ဆုံးနည်းလေးပါ။

Andriod ပါတဲ့ ဖုန်းတွေကို မြန်မာစာ ထည့်တာလွယ်ပါတယ်...အထူးသဖြင့် samsaung galaxy တွေဆိုရင် ပိုလွယ်ပါတယ်...ကျွှန်တော်ကိုယ်တိုင်းလည်းဒီနည်းလေးနန်ဘဲဖုန်းမာမြန်မာလို
စာရိုက်နိုင်ခဲပါတယ်။ဒီနည်းလေးကိုတော့ကို(ကိုနေမင်းအောင်)လင့်ကနေဖေါ်ပြလိုက်တာပါ။
အရင်ဦးဆုံး မိမိဖုန်းကို wifi ကို အရင်ချိတ်လိုက်ပါ..ပြီးရင် မိမိတို့ ဖုန်းမှာ ပါတဲ့
Play store သို့မဟုတ် Mareket ကို အရင်သွားလိုက်ပါ
fontomizer sp လို့ ရိုက်ထည့်လိုက်ပါ..ပြီးရင် မှန်ဘီလူးလေးကို နှိပ်လိုက်ပါ..မတွေ့ဘူးဆိုရင် အောက်မှာ ဒေါင်းလိုက်ပါ
javascript:void(0)
fontomizer sp ကို တွေ့ပါလိမ့်မယ်....(install) လုပ်လိုက်ပါ...လုပ်ပြီးဒါနဲ့ ဖုန်းရဲ့ (application) မူလ scereen ကို သွားလိုက်ပါ အဲမှာ အောက်မှာပြထားတဲ့ ပုံအတိုင်းတွေ့ပါလိမ့်မယ်


အဲမှာ လက်လေးနဲ့ တချက်ထောက်လိုက်ပါ...(click to start) လေးကို လက်လေးထောက်လိုက်ပါ....တွေ့ပါလိမ့်မယ်..fontomizer sp နဲ့ ပတ်သက်တဲ့ (font) တွေ မြင်တွေပါမယ်....အောက်ဆုံးက (zawgyi one) ဆိုတာလေးကို ရွေးလိုက်ပါ..ပြီးရင် (this is sample text in english) ကို လက်လေးနဲ့ ထောက်လိုက်ပါ
(install) လုပ်ဖို့ တောင်းပါလိမ့်မယ်
(install) လုပ်လိုက်ပါ..ပြီးရင် (Done) နှိပ်လိုက်ပါ
ဖုန်းရဲ့ (setting)ကို သွားလိုက်ပါ အောက်က ပုံလေးအတိုင်း အဆင့်ဆင့် လုပ်သွားပါ














   ဒါဆိုရင် မြန်မာစာ အိုကေသွားပြီပေါ့...
ကီးဘုတ်ကတော့ အောက်မှာဒေါင်းလိုက်ပါ
http://205.196.121.66/vml9w3zvi24g/7ljccq2ivcil3su/FrozenKeyboard.apk
ဒေါင်းပြီးရင် setting>language and keyboard မှာ input method ကို ၂စက္ကန့်လောက်ဖိထားပါ ပြီးရင် frozen ကို ရွေးလိုက်ပါ....အိုကေ အဆင်ပြေကြပါစေ......

Android ဖုန်းကို Root လုပ်နည်းနှင့် + Android ဖုန်းမှာ Myanmar Fonts ထည့်နည်း

Root ဆိုတာ ဘာလဲ .......... ?? 
Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ .... 
Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။ 



ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??   
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ  .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......  
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။   
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို  စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

-       Z Root
-       Gingerbreak
-       Easy Root Tookit
-       Eric Root
-       CF Root
-       Super one Click
-       Revolutionary (HTC)
-       S2 Root (Samxung Galaxy)
 စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။ 
How to Root Samsung Galaxy Y GT-S5360 
နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။ 
Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။ 

Downloading From MediaFire

Downloading From Sharebeast 

Downloading From Ziddu 

Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။

Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ 

Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။

Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။

Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။ 

ဒါကတော့ Zawgyi Font နဲ့ Keyboard ထည်းနည်းပါ  

 

 
Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ 
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက 
အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 
Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး 
ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ 
မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
 
ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
Step (1)  Installing of Root Explorer
Step (2) Installing of Zawgyi Fonts
Step (3) Installing of Frozen Keyboard


Installing of Root Explorer
 
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger 
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts 
သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက် 
Roots Explorer က ပိုအဆင်ပြေပါတယ်။ 
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts 
For Android ဆိုပြီး Zip File ရလာပါမယ်။


အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone 
ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ 
 
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown
 Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
 
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
 
ကိုယ့်ရဲ့ phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ 
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root 
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။

Installing of Zawgyi Fonts

Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software
 ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
 ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။ အဲဒီထဲကမှ 
မိမိရဲ့ SD Card ကိုရှာပါ။

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ 
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။

DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။

Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel 
ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။

Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။

/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို 
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။

Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
 အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O 
ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။

တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
 fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့
 နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ 
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning 
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ 
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။

နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့
 DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok 
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount 
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။ 
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊ 
website တွေကို 
ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။ 
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ …. 

အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။ 
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts 
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို 
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ 
DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။ 

Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk 
ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။ 
 
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။ 
 
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။ 
 
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings 
ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။ 
အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
 
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
 
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ 
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို 
ရှာပြီး ရွေးပေးလိုက်ပါ။

အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC 
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။ 

အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ်

Ref;http://www.pyaephyo.com

Andriod ကို ဘာကြောင့် root လုပ်ရသလဲ


ဒီအကြောင်းအရာတွေက Android ပေါ်မှာ root လုပ်လိုက်လို့ ရတာတဲ့ အစုလိုက်ထဲက အကျိုးအမြတ် တစ်ခုကို ရှာဖွေ ရှင်းပြပေးမှာပါ။ပြီးတော့ Android Phone တစ်လုံးကို root လုပ်လိုက်လို့ ဘယ်ဟာတွေ က အရေးကြီးပိုင်းမှာအသုံးဝင်တာတွေ၊ တိုးတက်ပြန့်ပွားလာတဲ့ အခြေခံ user တွေအတွက် root လုပ်လိုက်လို့အခြေခံ သဘာ သဘာ ၀တွေ၊ တချို့ ရိုးရှင်းတဲ့ applications တွေကိုလဲ အသုံးပြုဖို့ ၊ပြီးတော့ android phones တွေကို root လုပ်ပြီး appllications တွေကိုအလွန်အမင်း လုပ်တာတွေ အတွက် ကျွန်တော်က ထည့်သွင်း စဉ်းစားဆုံးဖြတ်ပေး ထားပါတယ်။ကဲ..ဆက်လက်ပြီး ခရီးဆက်ရအောင်
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင် ထားတဲ့custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။root လုပ်ပြီးတာနဲ့ မိမိဖုန်း ကို administrator အနေနဲ့ system တခုလုံးကို အပြည့်အ၀အသုံးပြုနိုင်သလို လိုအပ်သလို လဲပြုပြုနိုင်ပါ တယ်။ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operatorsတွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကိုAndroid rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက် မှာဖော်ပြ ထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်..............
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ
1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီးSD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)အခြား New Rom အသစ် သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကိုချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်းအနည်းအကျဉ်း သဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

Android ဖုန်း Driver များ

တခါတလေ  မိမိ တို့ ဖုန်းနဲ့  ကွန်ပျူတာနဲ့  ချိတ်ဆက်တဲ့အခါ လိုအပ်နေ တတ် တဲ့  driver လေးတွေအတွက်  စုစည်း ပေးလိုက်ပါတယ်…
လိုအပ်သော Driver တွေကို  ဆက်လက်  ပီး  တင်ပေးသွားပါ့မယ်…
လိုအပ်သော Driver တွေကိုလဲ  တောင်းဆိုနိုင်ပါတယ်…….

Sony Phone Drivers

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
PC Companion
Xperia™ S, Xperia™ NX and Xperia™ acro HD drivers
Sony Ericsson Xperia™ pro, Xperia™ ray, Xperia™ ray SO-03C drivers
Sony Ericsson Xperia™ arc, Xperia™ neo, Xperia™ PLAY, Xperia™ acro ...
Sony Ericsson X8 Drivers
Sony Ericsson X10 Drivers
Sony Ericsson X10 mini Drivers
Sony Update Service
<><><><><><><><><><><><><><><><><><><><><><><><><><><>

MOTOROLA Phone Driver

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

MotoHelper_2.1.32_Driver_5.4.0.exe


Google Phone Drivers

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Google Drivers
Google Nexus Driver
<><><><><><><><><><><><><><><><><><><><><><><><><><><><>

SAMSUNG Phone Drivers

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Samsung Usb Driver
Kies Sangsung
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

HTC Phone Drivers

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
HTC Usb Driver
HTC OFFICIAL SITE
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

LG Phone Drivers

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
LG ELECTRONIC DRIVER
LG OFFICIAL SITE
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ZTE Phone Drivers

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ZTE Driver
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

HUAWEI Phone Drivers

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
HUAWEI USB DRIVER

ဘယ် Andorid ကိုမဆိုမြန်မာလိုပြောင်းပစ်မယ် (မြန်မာ Mobile Zawgyi Changer(Beta) for Android)


Application Developer name- Nay Lin Aung(SpeedySoft Mobile Studio)
(This app is the product of Myanmar Mobile App)


Root လုပ်ထားတဲ့ Android ဖုန်းတွေမှာ click တစ်ချက်နှိပ်ရုံနဲ့ ဇော်ဂျီမြန်မာဖောင့်ကိုသွင်းပြီးသားဖြစ်စေဖို့အတွက် မြန်မာ Mobile Application ရဲ့ product အသစ်တစ်ခုဖြစ်တဲ့ မြန်မာ Mobile ဇော်ဂျီ Changer ကိုတင်ပေးလိုက်ပါတယ်။ စမ်းထားသလောက်တော့ ဖုန်းအားလုံးနီးပါးနဲ့အဆင်ပြေပါတယ်။ Root Explorer ဆော့ဝဲကနေဇော်ဂျီဖောင့်ကိုသွင်းရတဲ့ step တွေလိုများပြားခြင်းမရှိတော့ဘဲ click တစ်ချက်နဲ့ မြန်မာဖောင့်ကိုသွင်းနိုင်မှာပါ။ ဆိုနီဖုန်းတွေမှာ -ျတွေ အပေါ်တက်အောက်ရောက်ဖြစ်နေတာမျိုးတွေကိုလည်း Sony Zawgyi Mobile font သုံးထားတာကြောင့် မြန်မာ font တွေကိုကောင်းကောင်းမွန်မွန်မြင်ရမှာပါ။ Android 2.1 မှ Android 4.0 IceCream Sandwich အထိအလုပ်လုပ်အောင်ရေးသားထားပါတယ်။ ဆော့ဝဲထဲကိုဝင်လိုက်ရင် “ဇော်ဂျီဖောင့်ပြောင်းရန်” ဆိုတဲ့ခလုတ်နဲ့ “ဇော်ဂျီဖောင့်ပြောင်းရန်(SONY ဖုန်းများအတွက်)” ဆိုပြီးခလုတ်နှစ်ခုပါပါတယ်။ Sony အမျိုးစားမဟုတ်တဲ့ Android ဖုန်းတွေကိုဆိုရင် “ဇော်ဂျီဖောင့်ပြောင်း၇န်”ဆိုတဲ့ခလုတ်ကိုနှိပ်ရမှာဖြစ်ပြီး Sony အမျိုးအစား Android ဖုန်းဆိုရင်တော့ “ဇော်ဂျီဖောင့်ပြောင်းရန်(SONY ဖုန်းများအတွက်)” ကိုနှိပ်ရမှာပါ။
ခလုတ်ကိုနှိပ်လိုက်တယ်ဆို၇င် ဖုန်းက auto reboot ကျသွားမှာဖြစ်ပြီး ပြန်တက်လာပြီဆိုရင်တော့ မြန်မာဖောင့်သွင်းပြီးဖြစ်နေပါပြီ။ Beta version ဖြစ်တဲ့အတွက်ကြောင့် error အနည်းငယ်ရှိနိုင်ပါတယ်။အဲလိုဖြစ်ခဲ့ရင် myanmarmobileapp@gmail.com သို့မေးလ်ပို့ပြောကြားနိုင်ပါတယ်။ မြန်မာ Mobile Zawgyi Changer ကိုရယူလိုသူများအောက်က link မှာ download ရယူနိုင်ပါတယ်။
မြန်မာ Mobile Zawgyi Changer(Beta) for Android အားရယူရန်
Myanmar Mobile Zawgyi Changer ကိုသုံး၍ font ပြောင်းရာတွင် error များရှိလာပါက myanmarmobileapp@gmail.com သို့ဆက်သွယ်မေးလ်ပို့နိုင်ပါတယ်

Android ဖုန်းဆော့ဝဲတွေကို မြန်မာစာ နဲ့ပြောင်းသုံးကြမယ်

စက်ရုပ် User တွေအတွက်ပါ…ကျွန်တော်တို့ စက်ရုပ်ဖုန်းတွေမှာပါတဲ့ app တွေ
game တွေကိုEnglish ဘာသာကနေ မြန်မာဘာသာကိုပြောင်းနိုင်တဲ့..
apkedit.exe လေးနဲ့မိတ်ဆက်ပေးပါရစေ…..
( root မလုပ် မြန်မာဖောင့်ထည့်မထားတဲ့ Android Device တွေမှာတော့ 
မြန်မာ လိုပေါ်မှာ မဟုတ်ပါဘူး )
အောက်တွင် ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံနှင့်တကွ ရှင်းလင်းစွာ ဖေါ်ပြထားပါတယ်..
အရင်ဆုံးမိမိကွန်ပြူတာထဲမှာ     java program ကို သွင်းထားရပါမည်။
apkedit ကို Run နိုင်ဖို့အတွက်  Java  ဟာ မရှိမဖြစ်ပါ….
java ကိုအောက်တွင်ဒေါင်းလုပ်ရယူနိုင်ပါတယ်…..

ပြီးလျှင် apkedit ကို လည်းဒေါင်းလုပ် ယူရပါမည်။
( .NET မရှိသူများလဲ တစ်ဆက်တည်းဒေါင်းပေးလိုက်ပါ…)
Download Java
Download APK Edit v0.4e
NET Framework Version 3.5 SP1
ဒေါင်းလို့ရလာသော Java Program ကို အရင်ဆုံး မိမိကွန်ပြူတာမှာ install လိုက်ပါ..
( .NET မရှိသူများလဲ တစ်ဆက်တည်း install လုပ်ပေးလိုက်ပါ…)
ပြီးလျှင်…ဒေါင်းလို့ရလာသော ApkEdit.zip ဖိုင်ကို Desktop ပေါ်သို့ဆွဲတင်လိုက်ပြီး
APK Edit v0.4e
 ဖိုင်ကို Extract    to   APK Edit v0.4e ဆိုပြီး ဖြေချလိုက်ပါမယ်…..

ပြီးလျှင် APK Edit v0.4e Folder လေးပေါ်လာမှာပါ…အဲဒီfolder ထဲမှာ APK Edit.exe  ဆိုတဲ့
ဟာလေးကို Run ပေးလိုက်ပါ…..အောက်ကပုံအတိုင်းပါ…

ပြီးလျှင်..မိမိ ပြောင်းလိုသော Apk ဖိုင်ကို သိမ်းထားသော နေရာမှ ရွေးပေးပြီး ကလစ် ၂ ချက်နှိပ်၍
ဖွင့်လိုက်ပါ….
(အဲဒီမှာ…ပြထားသလို andriod package file မဟုတ်ပဲ java excutable ပြတယ်။
နောက်ပြီးproblem with java exe
ဆိုပြီး ပေါ်နေတယ် ဆိုရင် System C: ကိုသွားပြီးရင်…
Program Files
 ထဲမှာ java folder ထဲကို ဝင်ပြီး…java  ကိုရွေးပေးလိုက်ပါ.ပြီးတာနှင့် Apk
ဖိုင်ကို  ဆက်ရွေးပေးလိုက်ပါ..)


နောက်ထပ် တစ်ခုထပ်ပွင်လာပါမယ်..အဲမှာ အောက်ပုံအတိုင်း Detail ကိုသွားပြီး အောက်နားမှာ
Edit Translation
 ကိုနှိပ်ပေးလိုက်ပါ…….အောက်ကပုံအတိုင်းပါ…..
                                                      
ပြီးလျှင်နောက်ထပ် တစ်ခု ထပ်ပွင့်လာပါမယ်….အဲ့မှာ ဝင်ပြင်လို့ရပါပြီ….
ညာဘက်မှာရေးထားတဲ့စာတွေအားလုံးကို ပြင်ရမှာပါ
….ပြင်တဲ့နေရာမှာ မြန်မာလို မမြင်ရနိုင်ဘူး
ဖြစ်တဲ့အတွက်  အခြား text document တစ်ခု ဖွင့်ပီး အဲဒီမှာ အရင်ရေးပြီးမှ မိမိပြင်လိုတဲ့နေရာမှ
Copy Paste သုံးပြီး ပြင်သင့်ပါတယ်…အောက်မှာ နမူနာပုံပြထားပါတယ်…..
အနီရောင်ပြထားသောစာကို အမဲရောင်ပြထားသောနေရာတွင် ထားရန်……

ပြီးသွားလျှင်….Apply  နှင့် Ok  နှိပ်ပေးလိုက်ပါ……ထို့နောက်တွင်တော့…မိမိခုနက ပြင်ထားသော
Apk ကို ဖုန်းထဲတွင်ထည့်၍ install လုပ်ကြည့်ပါ….မြန်မာလို ပြင်ဆင်ပီးတာကိုတွေ့ရမည်ဖြစ်ပါသည်။
ခုလို စိတ်ရှည်လက်ရှည်ဖတ်ပြီး မျက်စိနောက် ဦးနောက်ခြောက်ခံ တဲ့သူတွေကို ကျေးဇူး အများကြီး
တင်ပါတယ်။ဒီ Software လေးကို ကျွန်တော်တို့ MMAS & MMUG မှာ Admin KO Myo မှ
ရှာဖွေထားခြင်းဖြစ်ပါတယ်…..Tutorial လေးကို ကျွန်တော် မောင် KiRk မှ တင်ပြထားပြီး….
အားလုံးအတွက် တင်ဆက်လိုက်ရပါတယ်…..
ပရိတ်သတ်ကြီးကို အစဉ်လေးစားလျှက်…..KO Myo & KiRk

Zawgyi-One for Samsung Galaxy Phones

Samsung Galaxy အမျိုးအစားဖုန်းတွေဟာ root လုပ်စရာမလိုဘဲ မြန်မာဖောင့်ထည့်သွင်းနိုင်ပါတယ်။ Samsung Galaxy ဖုန်းတွေမှာမြန်မာစာမြင်ရဖို့အတွက်အောက်မှာပေးထားတဲ့ဖိုင်လေးကိုအရင် download ရယူလိုက်ပါ။
Zawgyi-One for Samsung Galaxy Phones အားရယူရန်
ရယူပြီးပြီဆိုရင်တော့ Zawgyi-One apk ဖိုင်လေးကိုဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးလျှင် Setting > Display > Font ထဲသို့သွားပြီး Zawgyi-One ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Samsung Galaxy အမျိုးအစားဖုန်းမှာ root လုပ်စရာမလိုဘဲ မြန်မာ font သွင်းကာ မြန်မာစာမြင်နိုင်ပြီဖြစ်ပါတယ်။

Android ဖုန်း Custom Rom တင်သင့် ? မတင်သင့် ?

Android ဖုန်း ကိုင် သူ တိုင်း ဖြစ်ဖြစ် အောင် ဖတ်ပြီး ပြန် ရှယ် ပေး သွား ကြပါ ။
Custom Rom တင်သင့် ? မတင်သင့် ?

Custom Rom က ဘယ် ဖုန်း အတွက် ပဲ ဖြစ် ဖြစ် ဘယ် လောက် ကောင်း တဲ့ rom ပဲ ဖြစ် ဖြစ် error အနည်း အများ ရှိ ကြပါတယ် ။ Android သုံး တဲ့ သူ တော်တော် များ များ က နောက် ဆုံး ဗားရှင်း သုံးချင် ကြ ပါ တယ် ။အများ စု က offical မထွက် တော့ 2.3 Gb &  4.0 ics & 4.1  jb တင် ချင် ကြ တော့  custom rom ကို တင် ဖို့ ကြိုး စား လာ ပါ တယ် ။ ကိုယ် တိုင် တင် ကြ သလို ဆိုင် တွေ မှာ လဲ သွား တင် ကြ ပါတယ် ။ ဆိုင် တွေ က တော့ တချို့ လဲ စမ်း ပြီး သား အကောင်း ဆုံး error အနည်း ဆုံး Rom ရှာ ဖွေ ထား ပါတယ် ။တချို့ ဆိုင် တွေ ကတော့ လာ မှ စမ်း ကြည့် ပြီး အကောင်ဆုံး ရှာ ပေး တာ တွေလဲ ရှိ ပါတယ် ။ဖုန်း တွေ က မော်ဒယ် တူ လဲ တစ် ခါ လေ ဗားရှင်း မကိုက် တာတွေ ရှိ တက် ပါ တယ် ။

ကောင်းချက် လေး စပြော ရမယ် ဆို ရင်
၁ ။ နောက်ဆုံး ဗားရှင်း သို့မဟုတ် ဗားရှင်း အမြင့် အသုံး ပြု ရခြင်း ။
၂ ။ နောက်ဆုံး ဗားရှင်း မှာ ပါတဲ့ apps အသစ် များ၊ နည်းပညာ အသစ်များ အသုံးပြု နိုင်ခြင်း ။
၃ ။ တချို့ ဖုန်းများ ရုပ်ထွက် ပိုမို ကောင်း မွန်လာ ခြင်း ။
၎ ။ တချို့ ဖုန်းများ ကင်မရာ ပိုမို ကောင်း မွန်လာ ခြင်း ။
၅ ။ တချို့ ဖုန်းများ မသိမသာ မြန်လာ ခြင်း စ တာတွေ ကောင်းပါတယ် ။

မကောင်းချက် တွေ က တော့
၁ ။ တချို့ ဖုန်း များ ကင်မရာ မရတော့ ခြင်း ။
၂ ။ တချို့ ဖုန်း များ wifi မရခြင်း ။
၃ ။ တချို့ ဖုန်း များ 3G အင်တာနက် မရခြင်း ။
၎ ။ တချို့ ဖုန်း များ bluetooth မရခြင်း ။
၅ ။ တချို့ ဖုန်း များ ဖုန်း လိုင်း မရခြင်း ။
အများ ကြီး ရှိ သေးတယ် ။ ဒါက အဓိ က အချက် တွေ ပါ ။

ဒါတွေ ကို Custom rom တင်ပြီး မရရင် တော်တော် များ များ က offical fireware( စက် ရုံ ထုတ် နဂို Fireware ) ပြန်ရေး ရင်ကောင်းသွား တယ် ထင် ကြတယ် ။ကောင်းပါတယ် ၁၀ လုံး ၈ လုံးလောက် ထိ ပေါ့ ။ကျန် တဲ့ နှစ် လုံး က တော့ ကင်မရာ မရ တော့ လို့ ပြန် ရေးလိုက် လဲ ကင်မရာ က ပြန် မရ တော့ တာ မျိုး တို့ ။ ကျန်တဲ့ error တွေ နဂို Fireware ထိ ပြန် ပါ လာတက် တယ် ။ အဲ့ တော့ သေ ချာ စဉ်းစား ကြည့် ပေါ့ ။ကိုယ့် ဖုန်း ၁၀ လုံး ထဲ က နှစ် လုံး ဖြစ် သွား နိုင်တယ် ဆို တာ ။ ကိုယ် က ဆိုင် မှာ လက် တွေ့ ဖြစ် ခဲ့ ဖူး ပါတယ် ။ဆိုဒ် ထဲ တင် ဖို့ စမ်း ရင်း နဲ့  အကို ရဲ့ HTC နဲ့ ကျွှန်တော် ကိုင် တဲ့ galaxy s မှာ error ကျန် နေ ခဲ့ တာ မျိုး ပါ ။ HTC က တော့ နည်း လမ်း ရအောင် ရှာ ပြီး ပြင် လိုက် တာ Ok သွားတယ် ။ဟဲဟဲ ကိုယ့် ဖုန်း ကျ မှ ပဲ နည်းလမ်း ရှာ မရသေး ဘူး ။ အဲ့ ဒါ
တွေဆို offical fireware ပြန် တင် တဲ့ အလုံးတွေ ပဲ နော် ။ခု အကြိုက် ဆုံး နဲ့ စိတ်အချမ်း သာ ဆုံး က တော့ offical fireware လေး တွေ ပါ ပဲ ။အားလုံး လဲ Custom Rom မတင်ပါ နဲ့ လို့ တိုက် တွန်း ချင် ပါတယ် ။နောက် ထပ် အရေး ကြီးတာ က တော့ သိတဲ့ သူတွေ သိသလို မသိ တဲ့ သူ တွေ လဲ များ နေ လို့ သတိ ပေး လိုက်ပါတယ် ။
offical Fireware ရေး ခြင်း ဖြင့် boot သေ နိုင် ပါတယ် ။ ၁၀ လုံး မှာ ၄လုံး လောက် သေတက် ပါတယ် ။မလုပ် တက် ပဲ ဖတ်ပြီး လုပ် ကြည့် ခြင်း ဖြစ် စေ သူ များ အထူး သဖြင့် မြန်မာ ဆိုဒ်တွေ မှာ ရေး ထား တာ တွေ ဖတ်ပြီး ဖတ် စေ ရေးခြင်း ဖြင့် Boot သေကြတာ များပါတယ် ။Boot သေ တယ် ဆို တာ အလွယ် တကူ ပြော ရရင် power မလာတော့ တာ ဖြစ် ပါတယ် ။ဖုန်း တော်တော် များများ Boot ပြန် ရေး လို့ မရသေး ပါ ဘူး ။ရတဲ့ ဖုန်း တွေ ဆို ရင် ၃၅၀၀၀ လောက် ကျ နိုင် ပါတယ် ။ကျွှန်တော် တို့ ဆိုင် မှာ လဲ Box နဲ့ ပြန် တင် ပေးပါတယ် ။ဖုန်း အမျိုး စား၃၀၀ လောက် တော့ ရပါတယ် ။သူ က hardware နဲ့ ဆော့ဝ် တွဲ လုပ် ရတာ ကြောင့် ဈေး လဲ ကြီးပါတယ် ။ပြင်မရ တဲ့ ဖုန်း ဆို သေ ပြီ ။လွတ်ပစ် လိုက် ရုံ ပဲ ထို့ ကြောင့် မသိ တဲ့ သူတွေ က ရဲရဲ ကြီး ကလိ နေ ပြီး ကပ်စီး ကုတ် တဲ့ သူတွေ က လဲ ကိုယ့် ဘာ ကိုယ် ဆော် နေ ကြ တာပါ ။ ကျွှန်တော် တို့ ကိုတိုင် တောင် ၂၀ လုံး ၁ လုံးလောက် သေတက် ပါတယ် ။ ထို့ ကြောင့်  လုံး ၀ မစမ်း သပ် မကလိ ကြဖို့ တိုက် တွန်းလိုက် ပါတယ် ။

Credit To - Mobile House

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.