FRESH

Thursday, December 6, 2012

gtalkအတိုအထွာလေးများ

Gtalk မှာ Function များ၏အလုပ်လုပ်ပုံ

Gtalk မှာ Function များ၏အလုပ်လုပ်ပုံ

Gtalk မှာ ပါတဲ့ address name ကို Right click ပေးသောအခါ တွေ့ရသော second part မှ Function များ၏အလုပ်လုပ်ပုံ
1. set as my picture …..မိမိ right click ပေးသော အကောင့်မှ picture ကို မိမိ gtalk ပုံသို့ ကူးယူရာတွင် အသုံးပြုသည်။
2. view past chats….. မိမိ right click ပေးသော အကောင့်နှင့် အတူတကွ chat ထားသော အကြောင်းအရာများကို ပြန်ကြည့်ရာတွင် အသုံးပြုသည်။
3. Rename သည် မိမိအလွယ်တကူပြန်လည်သိနိုင်ရန် နာမည်ပြောင်းထားရာတွင် အသုံးပြုသည်။
4. Block သည် မိမိ မနှစ်သက်သော အကောင့်ကို ဖြုတ်ထုတ်သတ်လုပ်ရာတွင် အသုံးပြုသည်။


(က)မိမိက block ပေးသော်လည်း တစ်ဖတ်လူက သူ့အကောင့်ထဲတွင် မိမိ အကောင့်ရှိနေအုံးမှာ ဖြစ်သည်။ (မှတ်ချက်။ ။ မိမိအား block ပေးမပေးကို သိနိုင်ရန် သိခြားဖေါ်ပြထားပါသည်။)

(ခ )မိမိတွင်လည်း gtalk မှ setting ထဲတွင် blocked function တွင့် ကျန်ရှိနေပါဦးမည်။ ပြန်လည် add ချင်က unblock ကို click ပြီး ok ကို နှိပ်ပါ။ ဒါဆိုရင်တော့ ပြန်လည် add ပြီးသားဖြစ်သွားပါသည်။

( ဂ) လုံးဝ အဆက်အသွယ်မလုပ်ဘူးဆုံးဖြတ်ပြီးလျှင်တော့ gmail ထဲက contacts ကို click ပါ ။
Add to this group ထဲမှ မိမိ ဖျက်ချင်သော account name ကို click ပါ။ ပြီးရင်ညာဘက်ထိပ်က
Delete contact ကို click ပေးက လုံးဝ ဖျက်ပြီးသားဖြစ်သွားပါမည်။
(မှတ်ချက်။။။။။။ block အရင်ပေးထားက ပြန်ပြီးမှ unblock လုပ်ပြီး delete လုပ်နိုင်ပါသည်။)
5. Remove သည် မိမိက remove ပေးပါက မိမိက စပြီး ခေါ်ဆိုနိုင်မည်မဟုတ်တော့ပေ တဖက်သူငယ်ချင်းကတော့ ခေါ်ဆိုနိုင်ပါသည်။(ဖြစ်နိုင်ရင်
တော့ Remove မပေးသင့်ပါ။) 
 
 
(၂)ဒီတစ်ခါတော့gtalkစကားဝိုင်းထိုင်ချင်သူတွေအတွက်ရွှယ်ရွှည်ပါတယ်။

Gtalk မှာ Group Chat လေးလုပ်ချင်တယ်ဆိုရင်။

Gtalk မှာ Group Chat လေးလုပ်ချင်သူများအတွက် ဒီမှာ သွားကြည့်လိုက်ပါ။တစ်ခုတော့ရှိတယ်နော်
သူငယ်ချင်းတို့ရဲ့စက်မှာ Myanmar 3 Fonts သို့မဟုတ် Keyman တော့ Install လုပ်ထားဖို့လိုမယ်
နော်

တစ်လက်စက်တည်း..ကျွန်တော်တို့ရဲ့အစ်ကိုတစ်ယောက်တင်ပေးထားတဲ့..Gmail အသုံးပြုနည်းလျှို့ဝှက်ချက်စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်။ အဲဒီစာအုပ်လေးက
2007 ခုနှစ်တွင်ထွက်ရှိခဲ့သော ကွန်ပျူတာဂျာနယ်ပါအကြောင်းအရာများကို စုစည်း
တင်ပြပေးထားခြင်းဖြစ်ပါတယ်။ လိုချင်ရင်တော့ http://mrbawat.weebly.com/6/post/2011/06/gmail.html မှာဝင်ရောက်ပြီး.
Download ချယူနိုင်ပါတယ်ခင်ဗျာ။
(၃)နောက်ထပ်နည်းလေးတစ်ခုနော်....
 
gtalk ကိုအသုံးပြု့သူတိုင်း... သိထားသင့်တယ်ထင်လို့ပါ...အချို့ကတော့သိပြီးပါပြီ....မသိတဲ့သူများအ အတွက်ရည်ရွယ်ပါတယ်....သိ
တဲ့သူတွေကတော့မရီနဲ့ဗျာ......

G talk မှာအွန်လိုင်းတက်လာသူတွေကို g talk box ကိုဖွင့်မကြည့်ပဲ သိအောင်လုပ်လို့ရပါတယ်...
ဘယ် software ကိုထပ်ဖြည့်စရာမလိုပါဘူး....
အရင်ဆုံး g talk ကို sing in ဝင်လိုက်ပါ...
ပြီးရင် setting ကိုသွားပါ....
Picture
Picture

setting ကိုဝင်ပြီးတာနဲ့ Notification ဆိုတဲ့tab ကလေးတစ်ခုရှိပါတယ်...
အဲဒီ tab ကိုဖွင့်လိုက်ပါ... Notification ဆိုတဲ့ tab ထဲမှာ Friend Online ဆိုတဲ့ box ကလေးတစ်ခုရှိပါတယ်.
အဲဒီ box ထဲက show notification ဆိုတဲ့ စာသားရဲ့ရှေ့က လေးထောင့်တုံးလေးကို အမှန်ချစ်ပေါ်အောင် click နှိပ်လိုက်ပါ... ပြီးရင် Ok နဲ့ ထွက်လိုက်ပါ...
သင့်ရဲ့သူငယ်ချင်းတွေအွန်လိုင်းပေါ်တက်လာတာနဲ့... destop screen ရဲ့ညာဘက်ထောင့်မှာ တက်လာသူရဲ့အမည်ကို ပြပါလိမ့်မယ်....
အဲဒီအခါကျရင် ဦးဦးဖျားဖျားလေး လှမ်းချွေလိုက်ပေါ့...

ချွင်းချက် ... busy အနေနဲ့..(အနီရောင်အတုန်းလေးနဲ့) အွန်လိုင်းပေါ်ကိုသင့်ရဲ့သူငယ်ချင်းတွေတက်လာ ရင်တော့  alarm အနေနဲ့လာပြမှာမဟုတ်ပါဘူး....

No comments:

Post a Comment

romarakhaing blog လာရောက်ကြသောသူငယ်ချင်းများကိုလိုက်စွာကြိုပါ၏။

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.