FRESH

Showing posts with label COMPUTER. Show all posts
Showing posts with label COMPUTER. Show all posts

Sunday, May 26, 2013

Computer Icon မှာပြန်မာစာ မပေါဘူးဆိုရင်


အပေါကပုံလေးကြည်ပါအုံးပြန်မာစာမပေါဘူး
အောက်ကပုံမှာတော့မြန်မာတွေမြင်ရတယ်။
မြန်မာစာပေါအောင်ဘယ်လိုလုပ်ရသလဲဆိုရင် Control Panel အရင်ဆုံးသွား
ပြီးရင်တော့ အောက်ကအမည်ရောင်လေးနဲဝိုင်းထားတဲ့ Change the theme
သွားပါ။

Change the theme ကိုသွားပြီးရင် Windows Color ကိုထပ်ပြီးတော့
သွားလိုက်ပါ။
Windows color တွေအောက်မှာ Advanced appearance settings
ကိုထပ်ပြီးတော့သွားလိုက်ပါ။

Settings ကိုသွားပြီးရင်တော့ အောက်ကပုံလေးတွေ့ရလိမ်မည်
အောက်ကမြှာနဲပြထားတဲ့နေရာမှာ Icon ကိုရွှေးပါ။
Icon ရွှေးပြီးရင်အောက်မှာ Font တွေတွေ့ရလီမ်မည်
တွေရင် Zawgyi Font ကိုရွှေးပေးလိုက် လုပ်ပြီးရင်
Icon တွေမှာမြန်မာစာ နဲရေးလိုရမြီ
ပျော်ရွှေင်နိုင်းကြပါစေ။
Visit to me

Friday, March 8, 2013

ကွန်ပျူတာပြုပြင်နည်းနဲ့အဆင့်တိုးမြင့်နည်းပညာစာအုပ်

PC Mechanic ကွန်ပျူတာပြုပြင်နည်း စာအုပ်----




ကျွန်တော် ခု PC Mechanic  ကွန်ပျူတာပြုပြင်နည်း စာအုပ်လေးကို တင်ပေးလိုက်ပါတယ်----

မိမိ တို့ ကွန်ပျူတာ ၇ဲ့ မည်သည့် အပိုင်းက ပျက်စီးသည် ၊ မည်သည့် အကြောင်း၇င်း အကြောင်း၇င်းကြောင့်ဖြစ်သည် ၊ မည်သို့ ပြုပြု၇မည် ဆိုသည်များကိုေ၇း သားဖော်ပြထားပါတယ်------
လိုအပ်သည့် မိတ်ဆွေများ  PDF ဖိုင်လေး နဲ့ အောက်က download လင့်ကနေ ယူသွားလိုက်ပါ-----




 
 
 

Computer အဆင့်တိုးမြှင့် ခြင်း နှင့် ပြုပြင်ခြင်းနည်းပညာ စာအုပ်--



ဒီစာအုပ် လေးကတော့ ကွန်ပျူတာကိုစတင်လေ့လာလိုသူများအတွက် အသင့်တော်ဆုံးလက်စွဲ စာအုပ် လေးဖြစ်ပါတယ်---ကွန်ပျူတာကို ပိုမိုကောင်းမွန်အောင်  ပြုလုပ်ခြင်းနှင့်  ပြုပြင်ခြင်းများကိုေ၇းသားဖော်ပြပေး ထားတာပါ---
လိုအပ်သူများ PDF ဖိုင်လေးနဲ့  အောက်က download လင့်လေးကနေယူသွားလိုက်ပါ--




< download PDF >
 

ကွန်ပျူတာကို ပါးစပ်နဲ့ ပြောပြီး ကိုင်တွယ်အသုံးပြုနည်း



ဒီကောင်လေး ကတော့ ဘာ software မှ မလိုဘဲ window 7 မှာ ပါတဲ့ မိမိတို့  ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်တဲ့ နည်းလမ်းလေးပါ .... 

ပြုလုပ်နည်း--

(၁) start >> control panel >> Ease of Access ကို ရွေးပါ...

(၂) speech recognition >> set up a microphone ကို နှိပ်ပါ...

(၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင် Headset microphone , Desktop microphone, other ဆိုပြီးတော့ သုံးခုရှိတဲ့အထဲက ကိုအသုံးပြုတဲ့ microphone ကို ရွေးလိုက်ပါ ပြီးတော့ Next ပေးလိုက်ပါ.. 



(၄) Next ကို ဆက်နှိပ်လိုက်တဲ့ အခါ . အ၀ါ၊ အစိမ်း၊ အပြာ သုံးရောင်ခြည်ထားတဲ့ အတန်းတစ်တန်းကို တွေ့ရင် မိုက်ကနေ စမ်းပြီးတော့ပြောလိုက်တာနဲ့ mic ကောင်းရင် next ကိုနှိပ်ဖို့ပေါ်လာပေးပါတယ် . နောက်တစ်ခါ next ကို ထပ်နှိပ်လိုက်ပါ . အသံပြောကြည့်လိုက်ပါ.. အဆင်ပြေသွားပြီဆိုတာနဲ့ finish ပေါ်လာပါလိမ့်မယ် ...

ဒီအပိုင်းလေး ကတော့ Microphone ကို စမ်းသပ်တာ ဖြစ်ပါတယ် ..
အဲဒါ အိုကေ သွား၇င် ဒုတိယအဆင့်အသံစမ်းမယ့် အပိုင်းဖြစ်ပါတယ်..

(၁)နားကြပ် တပ်လိုက်ပါ...

(၂) start >> control panel >> Ease of Access >> start speech recognition ကိုရွေးပါ...

(၃) ပေါ်လာတဲ့ box ကို on ထားလိုက်ပါ . ပြီးတာနဲ မိမိ အသံနေ အသံထား မှန်မမှန်ဆိုတာကို အရင်ဆုံ့း မိုက်နဲ့စမ်းပြီး အဖွင့်အပိတ် အမိန့်ပေးပါ....

(၄) start >> control panel >> Ease of Access >> speech recognition ကိုရွေးလိုက်ပါ...

(၅) train your computer to better understand you ဆိုတာကို နှိပ်လိုက်ပါ ...
နောက်တစ်ခုက take speech tutorial ကို ရွေးပြီးတော့လဲ ကျင့်လို့ရပါတယ် . သူပြောခိုင်းတဲ့ စကားလုံးတွေကို ကိုယ့်ပါးစပ်ကနေ လိုက်ပြောကြည့်ပါ မှန်တယ်ဆိုရင် နောက်ထပ်တစ်လုံး အလိုလိုတိုးသွားပါလိမ့်မယ် ...

(၆) အားလုံး အိုကေပြီ ကိုယ့်အသံကလဲ အသံနေ အသံထား မှန်ပြီ ဆိုရင်တော့ ဖြင့် အပေါ်က ပထမနည်းအတိုင်း အသံကို On ထားလိုက်ပါ . ပြီးတာနဲ့ အားလုံးကို ပိတ်လိုက်ပြီး မိုက်ပုံစံလေးကို နှိပ်လိုက်တာနဲ့ Off ကနေ On ဖြစ်သွားပါလိမ့်မယ် . ကဲစပြီးတော့ လက်တွေ့စမ်းကြည့်လိုက်ပါ... 

အရင်ဦးဆုံး start ဆိုပြီးတော့ မိုက်နဲ့ ပြောကြည့်လိုက်ပါ . start menu bar တက်လာရင်တော့ အဲ့ဒါ အဆင်ပြေသွား ပါပြီ ကျန်တာတွေ ကိုတော့ ကိုယ့်ဟာကိုပဲ အသံမှန်အောင် လေ့ကျင့်ပြီး ကွန်ပျူတာကို ခိုင်းလို့ရသွားပါပြီ...

မိမိကွန်ပျူတာ Hangs ရခြင်းအကြောင်း (၁၀)ချက်


အမှန်တော့postလေး
ကအယင်ကလည်းတင်ပြီးသားပါ။ဒါဘယ်မဲ့မေးထားတဲ့သူတွေရှိလိုထပ်တင်လိုက်တာပါ။

 
ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။

2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။

3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။

7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process  တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။
အားလုံးအဆင်ပြေနိုင်ကြပါစေ။

Saturday, January 19, 2013

ကွန်ပြူတာ Speed မြှင့်ရအောင်


          ကျွန်တော်တို့ အသုံးပြုနေတဲ့ကွန်ပြူတာကို နဲနဲဖြစ်ဖြစ် ပိုမြန်သွားအောင် Speed မြှင့်ကြည့်ရ
အောင်ဗျာ။ ဒီအတိုင်း ထိုင်နေမဲ့အစား မိမိစက်လေး အနည်းငယ် ပိုမြန်လာတယ်ဆိုရင်ပဲ အရှုံးမရှိနိုင်
ပါဘူး။ သိပြီးသားသူတွေကတော့ ဒီပို့စ်ကို ကျော်သွားလိုက်ပါ။ စလိုက်ရအောင်......


  Start မှ Run (သို့) Winkey+R ကိုနှိပ်ပါ။  prefetch လို့ရိုက်ထည့်ပြီး ok (သို့) Enter ခေါက်လိုက်ပါ။
Folder ထဲက တွေသမျှ  File အားလုံးကို ဖျတ်လိုက်(delete) ပါ။ ပြီးရင် Run box ပြန်ခေါ်ပြီး Regedit
ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ Registry Editor box ထဲကဘယ်ဖက်ခြမ်းမှာ HKEY_CURRENT
USER > Control Panel > Desktop ကိုကလစ်လိုက်ပါ။ ညာဖက်အခြမ်းမှာ MenuShowDelay ကို
Double Click (မပါတဲ့ မောက်ဆိုရင် Right click > Modify)လိုက်ပါ။ ပေးလာတဲ့ box ထဲကတန်ဖိုး400
ကို 0 ပြောင်းပေးပြီးပိတ်လိုက်ပါ။ အတိုင်းအတာတစ်ခုထိ မြန်လာပါလိမ်မယ်။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။     
 

Sunday, December 23, 2012

Scan Diskပြုလုပ်ခြင်းနဲ့စစ်ဆေးမယ်။

ဒီနေ့သူငယ်ချင်းမျာအတွက်မအားတဲ့အချိန်လေးကိုနည်းနည်းဖယ့်ပြီးscan disk

ပသနာဖြေချင်းနည်းလေးကိုတင်ပြချင်ပါတယ်။နားလည်သလောက်ပေါ့နော်...ဒီအကြောင်း
ရာလေးကိုကျွှန်တော်လည်းအစ်ကိုတစ်ယောက်ကနေပြောပြလိုစမ်းကြည်ရာကနေအဆင်ပြေလို့
သူငယ်ချင်းတို့ကိုတတ်ပြီးပညာမနေသာတင်ပြလိုက်တာပါ။အမှားတွေရှိရင်လည်းခွင့်လွတ်ကြ
ပေါ့နော်...။ကဲ...အချိန်သစ်မရလိုပါ။စလိုက်ကြရအော်နော်။အကြောင်းရာလေးဒီလိုပါ။
windows Utilities tools တစ်ခုဖြစ်တဲ့scan diskဟာ Hard diskတစ်ခုလုံးမှာဖြစ်ပျက်နေတဲ့အမှားတွေကိုပြသနာတွေအားလုံးကိုစစ်ဆေးပါတယ်။
ပြန်လည်ပြင်ဆင်နိုင်တဲ့အမှားတွေကိုပြင်ဆင်ပေးပြီး စစ်ဆေးပြီးတွေရှိတဲ့ပြသနာတွေကိုမဖြေချင်း
နိုင်ဘူးဆိုရင်တောင်မှဖော်ပြပေးမှာဖြစ်ပါတယ်။လုပ်ဆောင်ပုံလေးကတော့မထမဆုံးScan Disk
ပြုလုပ်မဲ့Driveရွှေးချယ်ပြီးကလိစ်လိုက်ပါ။ပြီရင်propertiesကိုသွားလိုက်ပါပေါ်လာတဲ့(tab)တွေထဲ
ကtools(tab)ကိုရွှေးချယ်ပြီးError check မှCheck Nowကိုဆက်နှိပ်ပါ။ပြီးလိုရှိရင်Check Disk Option
အောက်မှလေးထောင့်အကွက်များတွင်အမှတ်ခြစ်ပေးပါ။သူအလိုစစ်ဆေးပေးပါလိမ်မေ။စစ်ဆေးမူ့အား
လုံးပြီလိုရှိရင်Disk Check Completeပေါ်လာပါလိမ်မယ်။OKပေးလိုက်။အောက်မှာပုံလေးတွေပေးပါ့မယ်။
ပုံလေးတွေကအချိန်မရလိုအပြည်စုံမလုပ်ဖြစ်ပါ။ဒါဘယ်မဲ့အဓိကကျတဲ့အရာလေးတွေကိုတင်ပြပါတယ်။
တကယ်လိုများသူငယ်ချင်းတို့defragmentationနဲ့စစ်မယ်ဆိုရင်အောက်လက်ပြထားတဲ့အတိုင်းပါ။
Check nowအတိုင်းသွာလိုက်လိုရှိရင်အစိုင်အတိုင်းလာလိုက်သွာပါ။ပြီရင်check disk options ကိုOK
ပေးပြီးလိုရှိရင်Startပေးလိုက်ပါ။မိတ်ဆွေကိုတိုကိုသတိပေးစာပေါ်လာပါလိမ်မည်။ဆက်လုပ်လိုလျှင်yes,
မလိုလျှင်noပေါ့နော်။ပြီးလိုရှိရင်ကွန်ပျူတာတစ်ခုလုံးကိုRestartချုလိုက်ပါ။ပြီးမှာသာလျှင်systemကိုဆက်
စစ်ဆေးပါလိမ့်မည်။ အဲဒီကတစ်ဆင့်windows loadingလုပ်ပြီးသွားသောအခါScan Diskကိုတစ်ခုချင်း
လုပ်ဆောင်းသွားပါလိမ်မယ်။အားလုံးပြီးဆုံးအောင်သွားတယ်ဆိုရင်တော့free space verifincation is completeစာတန်းပေါ်လာပါပြီးကွန်ပျူတာRestartကျသွားပြီးwindowsပြန်တက်လာရင်တော့သူငယ်ချင်း
တို့လုပ်ဆောင်မူ့လေးအောင်မြင်စွာပြီးသွားပါပြီး။အားလုံးအဆင်ပြောပါစေ။
 

Friday, December 7, 2012

Computer ကိုလှပစေတဲ့ Software



ကျွန်တော် Online မှာဟိုသွားဒီသွားနေရင်းနဲ့ တွေခဲ့တဲ့ Software လေးပါအရမ်းကိုကောင်း
ပါတယ် Windows သုံးတဲ့ Computer တွေအတွက် Ipad Design လိုလုပ်လိုရတယ်အရမ်း
ကိုကြည့်လိုကောင်းပါတယ် ပြီးတော့ ဒီ Software ဟာနှစ်မျီုးရှိပါတယ် နှစ်မျီုးစလုံးသုံးရင်
လဲတော်တော်အဆင်ပြေပါတယ် အောက်မှာဒေါင်းပါ။


Download Here



နောက်ပြီးတာ့ ကိုလိုခြင်တဲ့ဟာတွေကိုပြန်ပြီးတော့ ဖြည့်လိုရပါတယ် Windows 8 မသုံး
တဲ့သူတွေလဲ Windows ပုံစိလိုမျီုးလဲ ဒေါင်းပြီးတော့သုံးလိုရတယ် Player လှလှလေးတွေ
လဲဒေါင်းလိုရတယ် အကုန်လုံးပြောမနေတော့ဘူး ကိုယ်ဟယကိုဘဲ ကြည့်လိုက်တော့
အောက်မှာလေ့လာနိုင်တယ်။


မင်းသားချေ

Tuesday, December 4, 2012

“ နှေးကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက် ”


သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။ အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်။
အောက်မှာဖော်ပြထားတဲ့အချက်တွေဟာ အမေရိကန်အခြေစိုက် Laptopမဂ္ဂဇင်းအဖွဲ့က လက်တွေ့
စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။
၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင်လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက်ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။
၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ
သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာအသုံးပြုမှုအချိန်ပမာဏပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။ အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ်စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။
၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ
တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။ သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။
အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။
၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ
သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်းဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာတွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။
Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။
တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။
၅။ Search Indexing ကိုပိတ်ထားပါ
Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။
စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။
၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ
Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။ အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီးသတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။
စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။
၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ
သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။ သင့်ကွန် ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။
ဒါကတော့ဗဟုသုတအဖြစ်ပေါ့နော်...မိတ်ဆွေကြီးတစ်ယောက်ကဆွဲလာဒါပါ။

Wednesday, November 14, 2012

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။

ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။
Download Links:






Ref:Ref: mediasection/www.planetcreator.net & World wide myanmar

Sunday, November 11, 2012

ရုံသုံးကွန်ပျူတာစာရိုက်နည်း

ကျွှန်တော်ကွန်ပျူတာစတင်လေ့လာခါ
စကကိုယ်ကျော်မင်းကနေဒီစာအုပ်လေး
ကိုပေးပို့ခဲတာပါ။အဲဒါမေးလ်ထဲမာရှိသေး
ဒါတွေ့လိုသူငယ်ချင်းများသို့ပြန်လည်မျှဝေ
လိုက်ပါရစေ။
ပေးပို့သူကို(ကျော်မင်း)ကိုလည်းကျေးဇူးတင်
ပါတယ်ဗျာ။




မင်းသားချေကိုနှိပ်၍ဒေါင်းပါ။








window7အသုံးပြုနည်း

မျိုးသူရရေးသားထားတဲ့ windows7  အသုံးပြုနည်း စာအုပ်ပါ..အသုံးဝင်မယ်ထင်ပါတယ်..

Photobucket
Photobucket

Sunday, August 19, 2012

မိမိကွန်ပျုတာကိုရေခဲပြင်လို 3Dဖြစ်အောင်လုပ်ကြမယ်

window Installingစာအုပ်ဒေါင်းရန်

COMPUTER Shortcutစာအုပ်ဒေါင်းရန်

http://romarakhaing.blogspot.com
စာအုပ်လို့သာ ပြောရပါတယ် .. စာရွက်က နှစ်ရွက်ထဲသာ ပါပါတယ်။ ဒီစာအုပ်လေးထဲမှာ Basic ShortCut Key, Window ShortCut, WinKey, Word Key,Excel Key, Outlook key တို့ပါဝင်ပါတယ်။ မသိသူများအတွက် အမြင်ကျယ် အသိတိုးစေဖို့ ဖော်ပြလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။



ကိုစေတနာဆိုဒ်မှကူးယူတင်ပြသည်။

Saturday, August 18, 2012

ကွန်ပြူတာ နှေးကွေးနေတာကိုမြန်အောင်လုပ်မယ်

ကွန်ပြူတာ အလုပ်လုပ်တာ နှေးကွေးနေရင် ..တော်တော် စိတ်တိုဖို့ ကောင်းပါတယ် ..ဘယ်သူမှလဲ
အကြာကြီးထိုင်စောင့်နေရတာကို နှစ်သက်မှာ မဟုတ်ပါဘူး ..
ခုဒီနည်းလေးကို သုံးကြည့်ပေါ့ ကွန်ပြူတာ သိသိသာသာ ပိုပြန်လာတာတွေ့ ရမှာပါ ကွန်နက်ရှင် နှေးတာနဲ့ တော့မဆိုင်ပါဘူး ၊ ကွန်ပြူတာ အလုပ်လုပ်တာ နှေးတာကိုပဲပြောတာနော်
နည်းလမ်းကတော့
၁ -My Computer ကိုရိုက် (ယာ)ကလင့်ပေးလိုက်ပါ ...၊၊ ၀င်းဒိုးလေးပေါ်လာပါလိမ့်မယ်
၂- အဲဒီထဲက Properties ကိုနိုပ်ပေးလိုက်ပါ အောက်က ပုံလေးအတိုင်းပေါ် လာပါလိမ့် မယ်

ပြီးရင် change settings ကိုနိုပ်လိုက်ပါ
အောက်က ပုံအတိုင်းထပ်ပေါ်လာပါလိမ့်မယ်


အဲဒီအထဲက Advanced ဆိုတာလေးကိုထပ်နိုပ်ပေးပါ အပေါ် ပုံထဲကအတိုင်း
ပြီးရင် settings ၃ခု ပေးထားတဲ့အထဲက အပေါ်ဆုံး settings ကိုနိုပ်လိုက်ပါ
အောက်ကပုံကိုကြည့်ပါ


ဝင်းဒိုထပ်ပေါ်လာပါလိမ့်မယ် ... အဲဒီမှာ အစက် ၄ ခုရှိပါတယ် သင့်ဟာက အပေါ်ဆုံး
let windows choose what's bset for my computer ဆိုတဲ့နေရာမှာရှိနေရင်

ဒုတိယနေရာ Adjust for best appearance ကိုပြောင်းပေးပါ
အောက်က Adjust for best performance ကိုပြောင်းပေးရင်လဲရပါတယ် ဒါပေမယ့်
အဲဒီကောင် ကိုပြောင်းပေးရင် အရောင်ပြောင်းသွားပါလိမ့်မယ်
အောက်ကပုံကိုကြည့်ပြီးလုပ်လိုက်ပေါ့
အောက်ကပုံထဲ မှာဝိုင်းပြထားတဲ့အတိုင်းလုပ်ပေးလိုပ်ပေါ့ဗျာ

အားလုံးပဲကွန်ပြူတာ နှေးကွေးခြင်းမှကင်းဝေးကြပါစေ

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.