FRESH

Wednesday, January 23, 2013

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....



ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။
လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။


ဒီနေရာ လေးမှာလည်း ဝင်ရောက် လေ့လာနိုင်ပါပြီ။ ကိုယ့်စက်ထဲမှာ သုံးချင်တဲ့ မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။
အဆင်ပြေကြပါစေဗျာ။
 

ADOBE PREMIERE PRO CS5

ADOBE PREMIERE PRO CS5

Adobe Premiere Pro  software ပါ  DVD တွေကိုစာတမ်းထိုးတဲ့ခါသုံးတဲ့ဆော့ဝဲလ်ပါ  ကြိုက်ရင်တော့ဒေါင်းသွားပေါ့နော်...






Download:       :  mediafire

Saturday, January 19, 2013

Window Boot တတ်တာ မြန်စေချင်ရင်

Window Boot တတ်တာ မြန်စေချင်ရင်


လူတွေဟာ ကျန်တဲ့နေရာတွေမှာသာ သဘောထားတွေကွဲပြားချင် ကွဲပြားကြပါလိမ်မယ်။
မိမိရဲ့ စက်ပစ္စည်းတွေကိုတော့ ကောင်းစေချင် ၊ မြန်စေချင်ကြတဲ့နေရာမှာတော့ အတူတူပါပဲ။
အဲလို မြန်စေချင်တယ်ဆိုရင်တော့ အောက်ပါနည်းအတိုင်းပြုလုပ်ပြီး မိမိကွန်ပြူတာကို Window
အတတ်မြန်အောင် ဆောင်ရွက်ကြတာပေါ့ဗျာ။ သိပြီးသား သူတွေအတွက်တော့ Sorry ပါဗျာ။

၁) Star မှ Run (သို့) Winkey+R ကိုနှိပ်ပါ။
၂) regedit ရိုက်ထည့်ပြီး OK (သို့) Enter ခေါက်လိုက်ပါ။
၃) Registry Editor ဘောက်(စ်)ပွင့်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားလိုက်ပါ။

HKEY LOCAL _ MACHINE > SYSTEM > CurrentCo ntrolSet > Control > Session
Manager > Memory Management > Prefetch Parameters ကို Click လိုက်ပါ။
ညာဘက်တွင် Enable Prefetcher ကို ရှာပါ။ တွေ့ပါက Double Click နှိပ်ပါ။ Value Data တွင် 5 ပေးလိုက်ပါ။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ မြန်လာပါလိမ့်မည်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ

MicroSoft Office အသုံးပြုနည်းစာအုပ်များ






          နည်းပညာစာအုပ်လေးတွေ တင်မပေးရတာ နဲနဲတောင် ကြာသွားပါပြီ။ အခုတော့ အစ်ကို
တစ်ယောက်တောင်းထားတဲ့ နည်းပညာစာအုပ်လေးတွေအနက်က Office အသုံးပြုနည်းစာအုပ်
လေးတွေကို တင်ပေးလိုက်ပါတယ်။ သူတောင်းထားတာက Excel စာအုပ်ပေမဲ့ ရှာရမဲ့အတူတူဆို
ပြီး Office နဲ့ဆိုင်တဲ့စာအုပ်တွေ တင်ပေးလိုက်ပါတယ်။ လိုအပ်တဲ့သူတွေက မိမိလိုအပ်တဲ့စာအုပ်
ခေါင်းစဉ်လေးကို Click ပြီး ဒေါင်းလော့ချလိုက်ပါ။ တစ်ချို့သူတွေက Mediafire ကနေ ဒေါင်းရတာ
သိပ်အဆင်ပြေဘူးဆိုလို့ ကျွန်တော်လဲ Free လဲရ,ရမယ် ၊ ဒေါင်းရတာလဲအဆင်ပြေရမယ် ၊ Popup
လဲသိပ်မတတ်မဲ့ နေရာလိုက်ရှာရတယ်။ အခု Sharebeast.com ကနေစမ်းပြီးတင်ပေးထားပါတယ်။
တကယ်လို့ ဒေါင်းရတာ အဆင်မပြေရင် Comment မှာဖြစ်ဖြစ် ၊ Cbox မှာဖြစ်ဖြစ် ပြောပေးခဲ့ပါဗျာ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။


Excel 2010 စာအုပ်

Access 2010 စာအုပ်

Word 2002 စာအုပ်

Word 2007 စာအုပ်

Word 2010 စာအုပ်  


Google Home Page ကိုဒီဇိုင်းဆန်းဆန်းလေးနဲ့သုံးကြရအောင်

 

          Google Home Page ကိုဒီလို ဒီဇိုင်းခပ်မိုက်မိုက်လေးတွေ သုံးချင်ကြလား။ ဒီပုံစံ
မကြိုက်သေးရင်လဲ နောက်ထပ်ပုံစံတွေ အများကြီးရွေးလို့ရပါသေးတယ်။ ဘာဆော့(ဖ်)ဝဲ
မှလဲသုံးစရာ မလိုပါဘူး။ ကဲ...ကြိုက်တယ်ဆိုရင်တော့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်
တစ်ဆင့်ချင်း ရှင်းပြပါမယ်။ သိပြီးသားသူတွေအတွက်တော့ ဆောရီးပါဗျာ။ ဘယ်အရာ
မဆိုမသိသေးရင်တော့ ခက်ပါတယ်။ သိပြီးသွားတော့မှပဲ အော်..ဒါလေးများဖြစ်သွားတာ


ပေါ့။ 
        ပထမဆုံး ဒီမှာ အင်စတောလုပ်လိုက်ပါ။ အင်စတောမလုပ်တတ်သေးသူတွေအ
တွက် 
 အစိမ်းရောင်ဘောက်လေးကို click လိုက်ပါ။ ခဏစောင့်နေရင် box လေးတစ်ခုတတ်
လာပါလိမ်မယ်။ install ဆိုတာကို click ပါ။ mozilla အပေါ် Tab နားမှာ box သေးသေး
လေးနဲ့ Restart ချမှာလားလို့မေးပါလိမ်မယ်။ Restart ကို click ပါ။ ခဏနေရင် mozilla
ပြန်တတ်လာပါလိမ်မယ်။
       ဒုတိယ ဒီနေရာမှာ ကြိုက်တဲ့ ဒီဇိုင်းလိုက်ရှာလိုက်ပါ။ ကြိုက်တာတွေ့ပြီဆိုရင် ပုံကို
click လိုက်ပါ။ 
ဒီလိုလေး ဖြစ်ပြီဆိုရင် ဘေးနားက install with Stylish ဆိုတာကို click ပေးလိုက်ရင်
နောက်ထပ် install box လေးတစ်ခု  ကျလာပါလိမ်မယ်။ install ကို click လိုက်ရင်
အားလုံး OK သွားပါပြီ။ အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင် c.box မှာအော်သွားကြပါဦး။
အားလုံးပဲ ပျော်ရွင်ကြပါစေ...ဗျာ။               
မောင်လုလင်..မှတင်ဆက်သည်။          

ကွန်ပြူတာ Speed မြှင့်ရအောင်


          ကျွန်တော်တို့ အသုံးပြုနေတဲ့ကွန်ပြူတာကို နဲနဲဖြစ်ဖြစ် ပိုမြန်သွားအောင် Speed မြှင့်ကြည့်ရ
အောင်ဗျာ။ ဒီအတိုင်း ထိုင်နေမဲ့အစား မိမိစက်လေး အနည်းငယ် ပိုမြန်လာတယ်ဆိုရင်ပဲ အရှုံးမရှိနိုင်
ပါဘူး။ သိပြီးသားသူတွေကတော့ ဒီပို့စ်ကို ကျော်သွားလိုက်ပါ။ စလိုက်ရအောင်......


  Start မှ Run (သို့) Winkey+R ကိုနှိပ်ပါ။  prefetch လို့ရိုက်ထည့်ပြီး ok (သို့) Enter ခေါက်လိုက်ပါ။
Folder ထဲက တွေသမျှ  File အားလုံးကို ဖျတ်လိုက်(delete) ပါ။ ပြီးရင် Run box ပြန်ခေါ်ပြီး Regedit
ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ Registry Editor box ထဲကဘယ်ဖက်ခြမ်းမှာ HKEY_CURRENT
USER > Control Panel > Desktop ကိုကလစ်လိုက်ပါ။ ညာဖက်အခြမ်းမှာ MenuShowDelay ကို
Double Click (မပါတဲ့ မောက်ဆိုရင် Right click > Modify)လိုက်ပါ။ ပေးလာတဲ့ box ထဲကတန်ဖိုး400
ကို 0 ပြောင်းပေးပြီးပိတ်လိုက်ပါ။ အတိုင်းအတာတစ်ခုထိ မြန်လာပါလိမ်မယ်။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။     
 

Window တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် Rating

Window တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် Rating


        ကျွန်တော်လဲ ရေးမယ် ရေးမယ်နဲ့ မေ့မေ့ပြီး မရေးဖြစ်ခဲ့တဲ့ System Rating အကြောင်းလေးပါ။
ဆိုင်က အသစ်ဝယ်လာတဲ့စက်ပဲဖြစ်ဖြစ် ၊ သူများ Window တင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျွန်
တော်ဆီကိုရောက် လာတဲ့စက်တွေကို သတိထားကြည့်မိတော့ System Rating လုံးဝလုပ်မထားတာ
တွေတွေ့ရပါတယ်။  သတိမေ့ပြီးလုပ်မပေးလိုက်တာလား ၊ မသိလို့လုပ်မပေးလိုက်တာလားတော့မသိ
ဘူးပေါ့လေ။  System Ratingလုပ်မပေးထားတဲ့စက်တွေမှာ Ram Memoryအပြည့်အဝအလုပ်မလုပ်
တာတို့ ၊  Graphic Memory အလုပ်မလုပ်တာတို့ ၊  Software တွေအလုပ်လုပ်တာ ပုံမှန်မဟုတ်တာ
တို့ အစရှိတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် System Rating ကို မဖြစ်မနေ လုပ်ပေးဖို့လို
အပ်ပါတယ်။  ခဏ ခဏလဲ လုပ်ပေးနေစရာမလိုတဲ့အတွက် လအနည်းငယ်ကြာမှ တစ်ခါလောက်ပြန်
ကြည့်ပေးပြီး Refresh ဆိုတဲ့စာကြောင်းလေးပေါ်လာမှ အဲဒီ Refresh ကိုနှိပ်ပြီး System Rating ကို
ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက System Rating လုပ်တော့မယ်ဆိုရင်  Battery Power  နဲ့မနိုင်တဲ့အတွက်  Charger  တပ်ထားပြီး  Charger  သွင်းနေရင်း  System Rating
လုပ်ရပါမယ်။ အဲဒါကိုတော့ အထူးသတိထားပေးပါ။ ပထမဆုံး မိမိစက် Rating လုပ်ပြီးပြီးလားဆိုတာ
သိရအောင်ကြည့်ဖို့အတွက် Computer ကို Right click ထောက်ပြီးအောက်ဆုံးက Properties 
ကို  Click လိုက်ပါ။  System rating is not available  ဆိုတဲ့စာကြောင်းရှိနေရင်တော့ မိမိစက်မှာ  
System Ratingမလုပ်ရသေးပါဘူး။ ဘာဆက်လုပ်ရမလဲဆိုတာ အောက်မှာ ကျွန်တော် Capture 
ဖမ်းပြီးရှင်းပြပေးထားပါတယ်။ ပုံသေးနေလို့မမြင်ရရင် ပုံကို Click ပြီးပုံအကြီးနဲ့ ကြည့်လိုက်ပါ။ မသိသေးသောသူများအတွက်သာ ရည်ရွယ်ပါသည်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။






Window ကိုမြန်စေရန် SpeedUp ကြည့်ရအောင်


          အခုတလော ကျွန်တော့်အသိတွေရော ၊ mail ထဲမှာရော ပေါ်ပြူလာဖြစ်လာတဲ့ မေးခွန်းတစ်ခုက
တော့ စက် (Window) လေးနေလို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းပါပဲ။ ကျွန်တော်လဲ တော်လွန်းလို့ ၊
သိလွန်းလို့မဟုတ်ပါဘူး။ ကျွန်တော်သိသလောက် Window မြန်စေမည့် အချက်လေးတွေကို ပြောပြပေး
ပါ့မယ်။ Beginner တွေအတွက် တစ်ချို့လိုအပ်မယ် ထင်တဲ့နေရာလေးတွေကို Capture ဖမ်းပြီး ပုံလေး
တွေနဲ့ ရှင်းပြပေးထားပါတယ်။ ဘာဆော့ဖ်ဝဲမှ မသုံးပဲနဲ့ ကျွန်တော်တို့  Window ထဲမှာပါပြီးသား Tools
လေးတွေကို သုံးပြီး ဖြေရှင်းကြည့်ရအောင်ဗျာ။ လိုအပ်တယ်ထင်ရင် အောက်မှာ ဆက်ကြည့်လိုက်ပါ။

ပထမဆုံး Processor ကိုအမြင့်ဆုံးထားပြီး သုံးမယ်ဗျာ။ သူလဲ လူတွေလိုပဲပေါ့ ဦနှောက်တစ်လုံတည်း
အလုပ်လုပ်တာနဲ့ စာရင် ဦးနှောက်အများနဲ့ အလုပ်လုပ်တာ  ပိုမြန်တာပေါ့။ Start မှ Run ဒါမှမဟုတ်
Window key + R တွဲနှိပ်ပြီး Run box ကိုခေါ်လိုက်ပါ။ ပြီးရင် msconfig ရေးပြီး Ok (သို့) Enter
ခေါက်လိုက်ပါ။ အောက်က ပုံလေးတွေကို ကြည့်ပြီး ဆက်လိုက်ပါ...


  
            ဒုတိယ အနေနဲ့Advanced System Setting ထဲသွားပြီး Performance တွေကို  မိမိ
စိတ်ကြိုက်သွားပြင် လိုက်မယ်။အောက်က ပုံလေးတွေကို ဆက်ကြည့်ရအောင်....




   တတိယ အနေနဲ့ကတော့ တစ်နေ့ တစ်နေ့ ကျွန်တော်တို့ ဆော့ဖ်ဝဲတွေကို Run လိုက်
ပြန်ပိတ်လိုက် ၊ ဟိုဖိုင် ဖွင့်လိုက် ၊ ဒီဖိုင် ရွေ့လိုက်နဲ့ အမှိုက်တွေ (error) တွေများလာတာ
မိမိကမသိပေမဲ့ စက်ကတော့ သိသိသာသာ လေးလာပါတယ်။ အဲဒီအမှိုက်တွေကို ရှင်းရ
အောင် start မှ Run (သို့) Window key + R နှိပ်ပြီး Run box ကိုခေါ်လိုက်ပါမယ်။ ပြီးရင်
temp ရိုက်ထည့်ပြီး ok (သို့) Enter ခေါက်ပါမယ်။ အောက်ပုံလေးတွေကို ကြည့်ပြီး နံပါတ်
စဉ်အလိုက် သေချာလုပ်လိုက်ပါ....

 




  


  ပြီးရင် အပေါ်ကပုံစံအတိုင်းပဲ ဒီအောက်က Comment လေးတွေတစ်ခုချင်း ရိုက်ထည့်ပြီး တွေ့သမျှဖိုင်
တွေကို ရှင်းထုတ်ပေးလိုက်ပါ....

%temp%
prefetch
recent

နောက်တစ်ခုက ကျွန်တော်တို့ Windows logs တွေကို ရှင်းထုတ်ပြစ်ရပါ့မယ်။ သူတို့ကလဲ စက်
လေးစေတဲ့ တရားခံတွေထဲမှာပါပါတယ်။ start မှ computer ကို right click ထောက်ပြီး manage
ကို ကလစ်လိုက်ပါ။ ပြီးရင် အောက်ကပုံလေးတွေကို သေချာကြည့်ပြီး ရှင်းထုတ်လိုက်ပါဦး....



  

နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ Disk ကို သန့်ရှင်းရေးလုပ်မယ်။ ပြီးရင် ယူသုံးထားလို့
ဖရိုဖရဲ ဖြစ်နေတဲ့ ဖိုင်တွေကို စနစ်တကျပြန်စီမယ်။ Disk သန့်ရှင်းရေးလုပ်တော့ ဆော့ဖ်ဝဲတွေ
ထုတ်သုံးရတာမြန်မယ်။ ဖိုင်တွေ ပြန်စီထားတော့ Disk space နေရာအလွတ်ပိုထွက်လာပါတယ်။
အောက်ကပုံလေးတွေ ဆက်ကြည့်ရအောင်ဗျာ......

   




အောက်ကပုံကတော့ ဖိုင်တွေပြန်စစ်ပြီး ဖိုင်ပြန်စီဖို့အတွက်ပါ...

လုလင်မောင် ဘလောဂ်မှတင်ဆက်သည်
အားလုံအဆင်ပြေကြပါစေ။

Thursday, January 10, 2013

Laptop အကြောင်းစုံလင်စွာ သိရှိရန်

Laptop အကြောင်းစုံလင်စွာ သိရှိရန်

                     မူရင်ဆိုဒါကတော့ ကိုနေမင်းမောင် ဆိုဒ်ပါ။ အခုမှ Link ပြန်ရတဲ့အတွက် အခုမှဘဲ Credit ပေးဖြစ်တာ နားလည်စေချင်ပါတယ်ဗျာ။
http://www.nayminmaung.info/2012/02/laptop.html
                           လက်တော့ အကြောင်းတွေကို စုံစုံလေး သိစေချင်လို့ လိုင်းပေါ်က ပြန့်ကြဲနေတဲ့ အပိုင်းအစတွေကို စုစည်းပြီး ပို့စ်တစ်ခု အဖြစ် ဖန်တီးတင်ပြလိုက်တာပါ ဒီပို့စ်ကိုဖတ်ပြီးရင်လဲ အားလုံးအဟုတ်တောင် တော်တော်လေး နားလည် သွားမယ်လို့ ယုံကြည့်ပါတယ်
ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ်
ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပြီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။
အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?
အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။ အပိုင်း(က)
(က)Laptop တလုံးမှာ များသောအားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ တွေ့နေပေ့မယ် မသုံးဖြစ်တာတွေ အသုံးမတည့်တာတွေနဲ့ ပဲ့ ပါလာတဲ့ အပိုင်းတွေကို သေသေချာချာ ဂဂဏဏ သိဖို့ ဘယ်သူမှ တော်ယုံ မကြိုးစားကြည့်ကြဘူး။ ဒီလိုပဲ့ ထားထားမိကြတယ် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့ ဘူးပါတယ်။ နောက်ပိုင်း ကိုယ်ကိုတိုင် သတိထားမိလာမှ လေ့လာဖြစ်တာပါ။ ကဲ့ထားပါတော့ ကိုယ်မြန်မာလူမျိုးတွေ မြန်မာလို ဖတ်ချင်သူတွေ အကြမ်းဖျင်းတော့ အနည်းဆုံးနားလည်သွားနိင်အောင် ကြိုးစားရေးပါမယ်။
Tochpad
Tochpad ကိုတော့ လူတိုင်း သိပီးသားပါ အခေါ်အဝေါ်ကို ရင်းနှီးသူလည်း ရှိသလို မရင်နီးသူလည်း ရှိမယ်ထင်ပါတယ်။ သူကို နောက်တမျိုးtrackpad လို့လည်းခေါ်သေးသလို pointing device လို့လည်းခေါ်ပါတယ်။ သူကတော့ Mouse နေရာမှာ အစားထိုးသုံးဖို့ ဖန်တီးထားတာပါ။.သူနဲ့ သဘောတရား ဆင်တူတာတွေ ထပ်ရှိပါသေးတယ်။ သူတိုကတော့ ခု ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ တွေ့နေရတဲ့ Multi-touch screen , Touchscreen, tablet တို့မှာ ထိတွေ့မိကြဦးမှာပါ။Touchpad ကို (The touch pad is a built-in substitute for a mouse on laptops.) ဒီလို အဓိပါယ် ဖွင့်ဆိုထားတာတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။
fingerprintreader reader
Fingerprintreader ကိုတော့ Laptop တိုင်းမှာတော့ မပါဝင်ပါဘူး။ ပါဝင်တဲ့ Laptop တွေလည်း ရှိသလို မပါတာတွေလည်းရှိပါတယ်။သူကတော့ လက်ဗွေရာကို Scan ဖတ်ပီးတော့ စက်ကို Password ပေးလို့ ရပါတယ်။ fingerprintreader ကို touchpad ရဲ့ ညာဘက်ဘေးလေးနားမှာ တွေ့နိင်ပါတယ်။
.
Wirelessswitch (on / off)
ဒီ wirelessswitch ရဲ့ အားသာချက်ကတော့ သူကို Off လုပ်ထားမယ် ( အင်တာနက်မသုံးတဲ့ အချိန်) ဆိုရင် battery life ကို သက်သာစေမှာပါ။ မိမိ ပတ်ဝန်းကျင်မှာ Wireless လွှင့်ထားတာတွေ ရှိမယ်ဆိုရင် အလွယ်တကူ ဖမ်းယူနိင်ပါတယ်။ ဘယ်လို ဖမ်းယူရမလည်း ဆိုတာကို ဒီလင့်မှာ MS က ရှင်းပြထားတာ ရှိပါတယ်။ သွားဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ဒီထက်ပိုပီး အကျယ်တ၀င့် သိချင်တယ်ဆိုရင်တော့ ဒီလင့်မှာဖတ်နိင်ပါတယ်။
USB Port (USB=Universal Serial Bus)
USB port ကိုတော့ လူတိုင်းရင်းနီးပီးသားပါ ။ keyboards, mice(mouse), printers, scanners တွေကို ချိတ်ဆက် အသုံးပြုနိင်ပါတယ်။ နောက်ထပ် Extra HDD တွေကိုပါ တွဲသုံးနိင်ပါသေးတယ်။HDD တို့ Stick တို့  ထဲ့မှာ ရှိတဲ့ Data တွေကို Transfer လုပ်နိင်သလို နောက်ထပ် Yota လို အင်တာနက် ချိတ်တဲ့ ပစ္စည်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိင်ပါတယ်။
SD (Secure Digital) Card reader
Secure Digital card reader ကို ကျွန်တော်တို့ အသုံးပြု နဲကျပါတယ်။ သူကို ဘယ်လိုချိန်တွေမှာ သုံးလည်းဆိုရင် ကင်မရာမှာ ပါတဲ့ SD card တို့ Mobile Phone တို့ကို တိုက်ရိုက်ချိတ်ဆက်ပီး အသုံးပြုနိင်သလို သူကို Laptop ၀ယ်တဲ့ချိန်မှာ မပါလာခဲ့ဘူးဆိုရင် USB Port ကနေ တွဲသုံးလို့တော့ ရပါတယ်။ ဗဟုသုတ အဖြစ်ထည့်ရေးလိုက်တာပါ။ အဲ့လိုမှ မဟုတ်ဘူး SD Card reader(မပါလာခဲ့ရင်) ကို သုံးချင်တယ်ဆိုရင်တော့ External Media reader ကို ၀ယ်ပီး အသုံးပြုနိင်ပါတယ်။
ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ
ExpressCard slot:
ဒီကောင်လေးကိုတော့ အများအားဖြင့် Peripheral Device တွေနဲ့ ချိတ်စက်ပီး အသုံးပြုတဲ့ အခါမှာ ဒီ Slot ကို သုံးပါတယ်။ Peripheral Device ဆိုတာဘာတွေလည်းဆိုတော့ ကျွန်တော်တို့ computer printers, image scanners, tape drives , microphones, loudspeakers, webcams, and digital cameras တွေကိုဆိုလိုတာပါ။ ဒီ Slot တွေက ခုနောက်ပိုင်းထွက်လာတဲ့ Slot တွေနဲ့ အရင်က Slot တွေတောင် မတူတော့ပါဘူး။ ခုနောက်ပိုင်း ၂၀၀၈ နောက်ပိုင်းမှာ ထွက်လာတဲ့ Laptop နဲ့ တွဲပီးထွက်လာတဲ့ Slot တွေက ဟိုး အရင်က ထွက်ရှိပီးသား Laptop မှာတဲ့ Slot တွေ ထက် ပိုပီး ကောင်းလာတယ်လို့ ဆိုရမယ်။ ဘာလို့လည်းဆိုရင် အရင်က ထွက်လာတဲ့ Slot တွေမှာPeripheral Device နဲ့ ချိတ်ပီးအလုပ်လုပ်တဲ့ အချိန်မှာ စက်ကို လေးသွားတာတို့ ဟန်းသွားတာတို့တွေ နဲ့ နောက်ထပ် Volt အားတွေကိုပါ ချွေတာ အသုံးပြုနိင်အောင်လို့ digital demands တွေနဲ့ ခု ဒီ Slot တွေမှာ ဖွဲ့စည်းပီး တည်ဆောက်ထားပါတယ်။
HDMI connector: (HDMI (High-Definition Multimedia Interface)
HTMI လို့ ပြောလိုက်ရင်တော်ယုံမသိကြဘူး။ သူ့ကို ဘယ်လို အသုံးပြုတယ်ဆိုတာကိုတော်ယုံ မသိကြဘူး။ ဒီ HTMI ကို ကျွန်တော်တို့ Home Therater တွေမှာ ချိတ်ပီး အသုံးပြုနိင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်တွေမှာ ၆၄ လက်မလောက် TV ကြီးရှိတယ်ဆိုရင် ဒီ HTMI slot နဲ့ TV ကို ချိတ်ဆက်ပီး Therater လိုပဲ့ အိမ်မှာ ကွန်ပျူတာနဲ့ ချိတ်ပီး အေးဆေး ကြည့်နိင်ပါတယ်။ မိသားစုလိုက်ပျော်ပျော်ပါးပါး တခုခု လုပ်စားတဲ့ချိန်တွေမျိုးမှာစို TV အကြီးကြီး ရှိမယ်ဆိုရင် ချိတ်ဆက်ပီး မိသားစုလိုက်ကြည့်လို့ ရပါတယ်။ သူကတော့ Single Cable ပေါ်မှာပဲ့ အလုပ်လုပ်ပီးတော့ Video Format တွေကို ထုတ်ပေးနိင်ပါတယ်။ နောက်ထပ် HDD . Blu-ray , PC တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပီးလည်း အသုံးပြုလို့ ရပါသေးတယ်။ ဒီထက်ပိုပီး အကျယ်သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားပီး ဖတ်ကြည့်ပေးပါ။
Firewire/IEEE 1394 port:
သူကတော့ serial bus interface standard ပါ။ သူ့ကို high-speed communications and isochronous မှာ PC တွေတွက် အသုံးပြုပါတယ်။ ဒီ Slot ကို ကျွန်တော်တို့ Sony ထုတ် Laptop တွေမှာ အများဆုံး တွေ့နိင်ပါတယ်။ အရင်က Desktop တွေမှာလည်း ဒီ Slot ကို တော်တော်များများတွေ ဘူးကြမှာပါ။ဒီထက်ပိုပီး သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားဖတ်ကြည့်ဖို့ကို တိုက်တွန်းလိုပါတယ်။ English လို ဖတ်ဖို့ကို မကြောက်ပါနဲ့။ ကျွန်တော် Dictionary တွေကိုလည်း ဒီလို ပြန်ညွှန်းစာတွေကို ဖတ်တဲ့ချိန်မှာ အသုံးပြုလို့ရအောင်နဲ့ English Language တွေကိုလေ့လာတဲ့နေရာမှာ သုံးဖို့ ဒီနေရာမှာတင်ပေးထားပါတယ်။
DVI connector:
Digital video connector ကို ကျွန်တော်တို့ Monitor ( LCD) နဲ့ HD TV တွေနဲ့ ချိတ်ဆက်ပီး အသုံးပြုနိင်ပါတယ်။ တကယ်လို့ သူကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီတိုင် VGA Card မှာ တပ်ပီး သုံးသလို သုံးလို့ မရပါဘူး။ ကြားတည်းမှာ Swich ခေါင်းတခု ခံပီးမှ အသုံးပြုလို့ ရပါမယ်။
VGA connector:
VGA ခေါင်းကိုတော့ အထွေအထူးပြောစရာမရှိပါဘူး။ Laptop ဘေးမှာ LCD တခု ရှိတယ်ဆိုရင် ကျွန်တော်တို့ Laptop က ကြည့်ရတာသေးနေတယ် အနေကျဉ်းကျပ်နေတယ်ဆိုတဲ့ချိန်မျိုးမှာ ဒီခေါင်းနဲ့ VGA connector နဲ့ ချိတ်ပီး Desktop မှာပါ Laptop က လုပ်ဆောင်နေတာတွေကို ၂ နေရာမှာ တပြိုင်တည်းကြည့်နေနိင်ပါတယ်။
RJ-45/Network jack: with (RJ-11/Phone jack)
ဒီ Port လေးကိုတော့ တွေ့ဘူးမှာပါ။သုံးလည်း လက်ရှိသုံးနေကြတာပါ။ သူ့ကတော့ အင်တာနက်နဲ့ Network ကို အဓိကထားပီး အလုပ်လုပ်ပါတယ်။ ကွန်ပျုတာတိုင်းမှာ ပါပီးသားပါ။ မပါတာက RJ 11 ခေါင်းပဲ့ ..သူကတော့ ကျွန်တော်တို့ အိမ်က ကြိုးဖုန်းတွေမှာ အသုံးပြုပါတယ်။ ဖုန်းခေါင်းပေါက်ကို ၀င်ပီး Phone တွေကို ချိတ်ဆက် အသုံးပြုတာတော့ ဟုတ်ပါတယ်။ ဒီမှာ ဘာလို့ပါလာတာလည်းဆိုရင် ကျွန်တော်တို့ ဒီ RJ 11 ခေါင်းကလည်း တကယ်တော့ Network ချိတ်ဆက်ပီး အသုံးပြုလို့ ရတာတွေကြောင့်ပါ။ သူ့ကို Wide area networkထိ အသုံးပြုလို့ ရနိင်ပါတယ်လို့ ကကကွန်က ထုတ်တဲ့ စာအုပ်ထဲ့မှာ ဖတ်ဘူးပါတယ်။ အဲ့စာအုပ်ကို ဖတ်ကြည်ချင်တယ်ဆိုရင် Networkစာအုပ်များထဲ့မှာပါပါတယ်။
Laptop ရဲ့ Power Options အကြောင်း
Laptop ကို စက်မပိတ်ပဲနဲ့ Laptop ဖုံးကို ပိတ်ချလိုက်ရင် Log off ဖြစ်သွားတာကို တွေ့ရပါတယ်။။
Log Off မဖြစ်အောင် လုပ်လို့ရတယ် ဆိုတာကို တစ်ချို့က မသိကျပါဘူး...
ဘယ်လို လုပ်ရလည်း ဆိုတော့....
Window XP
window xp မှာဆိုရင် desktop ကို right click ထောက်ပြီး properties ကို ၀င်ပါ...Display Properties box ကျလာရင် Screen Saver ကို သွားပါ..Monitor power မှာ Power ကို click လိုက်ပါ...Power Options box ပေါ်လာရင် Advanced ကိုသွားပါ.. Power buttons မှာ When l close the lid of my portable computer မှာ Stand by ပေးထားကိုတွေ့ရင် Do nothing ကို ပေးလိုက်ပါ.. ဒါဆိုရင် အဆင်ပြေသွားပါပြီ...
Window Vista
ဗင်စတာမှာ ဆိုရင် Desktop ကို right Click ထောက်ပြီး Properties ကို ၀င်လိုက်ပါ.. Screen Saver ကို သွားပါ..Change power settings ကို click လိုက်ပါ..Menu box မှာ Choose what the power buttons do ကို click ကျလာရင်
When I close lid: မှာ Sleep ဆိုတာ တွေ့လိုက်မယ်
နစ်ခုလုံးကို Do nothing ပေးလိုက်ပါ….
ထိုနည်းတူးစွာပဲ control panel က သွားပြီး လုပ်လဲ ရတယ်
ဒါဆိုရင် အားလုံး Ok သွားပါလိုက်.....
Laptop ဘက်ထရီသုံးစွဲမှု အကြောင်း
ဒီခေတ်မှာ လူတော်တော်များများဟာ Desktop ထက် Laptop ကိုပိုသုံးစွဲလာကျပါတယ်။
အဲဒီအခါမှာ Laptop ဘက်ထရီသုံးစွဲမှု အကြောင်းသိဖို့လိုပါတယ်။ Laptop သုံးစွဲသူများ
အနေဖြင့် ဘက်ထရီလုံးဝအားကုန်သွားသည်အထိ အသုံးမပြုဘဲ အားအနည်းငယ်ကျန်သော
အချိန်တွင် မဖြစ်မနေအားပြန်သွင်းဖို့လိုပါတယ်။ ဘက်ထရီ ၅ ရာခိုင်နှုန်းလောက်ကျန်တဲ့
အချိန်မှာ အားပြန်သွင့်သင့်ပါတယ်။ ဘက်ထရီ လုံးဝကုန်သွားတဲ့အထိသုံးရင်
RAM၊ Mother Board တို့ကို ထိခိုက်နိုင်တဲ့ အပြင် ဘက်ထရီလည်းကျသွားတတ်တယ်။
နောက်ပြီး
ဘက်ထရီကို အားအပြည့်သွင်းပြီးမှ အသုံးပြုသင့်ပါတယ်။ ယေဘုယျအားဖြင့် ဘက်ထရီ ၁၀ရာခိုင်နှုန်းခန့်ကျန်သော အချိန်တွင် အားပြန်သွင်းပါက သင့်လျော်ပြီး လုံးဝအားကုန်
သွားပြီးမှ ပြန်သွင်းလျှင် အားပြန်ပြည့်ရန် အချိန်ကြာတတ်ပါတယ်။ Laptop များ၏
ဘက်ထရီမှာ Cells အပေါ်မူတည်ပြီး 4 Cells ဆိုပါက တစ်နာရီခန့်၊ 6 Cells ဆိုပါက
နှစ်နာရီ၊ သုံးနာရီ၊ 9 Cells ဆိုလျှင် ရှစ်နာရီခန့် သုံးလို့ရပါတယ်။ Laptop ၀ယ်ပြီးပြီးချင်း ရှစ်နာရီလောက်ကြာတဲ့အထိ သွင်းရပါတယ်။ နောက်ပိုင်းကျရင် အဲဒီလောက်
သွင်းစရာမလိုတော့ဘူး။ သုံးနာရီလောက် သွင်းရင်ရပြီ။ Toshiba Laptop
မှာသုံးထားတဲ့ ဘက်ထရီတွေက အနည်းဆုံး 6 Cells ရှိတယ်။ အားပြန်သွင်းသင့်တဲ့
အချိန်ရောက်ရင် Warning ပေးတဲ့ စနစ်ပါတယ်။ အဲဒီအချိန်မှာ အားသွင်းဖို့လိုပါတယ်။
နောက်ပြီး မသုံးဘဲ ဒီအတိုင်းထားရင် ဘက်ထရီရဲ့ Capacity ကလျော့သွားတတ်ပါတယ်။
ကဲသတိပြုနိုင်ကြပါစေဗျာ
Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။
- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု မရှိပါဘူး။တချို့  သော Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင် ထုတ်လုပ်ကြပါတယ်။ အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး လုပ်ထားပြီးသား ဖြစ်ပါတယ်။ အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာတပ်ထားပြီး ဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုသူတွေဟာ သတိထားကြ ရပါတယ်။ ဒီ function တွေဟာ power management တွေမှာ ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။
- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။ မျက်နှာပြင် မညီညာတဲ့ နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။
- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက် အပေါ်ဘက်ကနေပြီး လေဝင်၊ လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။
- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ် လာလေ ပါပဲ။ Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့ ဖြစ်ပါတယ်။
- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန် တက်လာပါလိမ့်မယ်။
- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့် သို့မဟုတ် ထည့်သွင်းထားမယ့် အိတ်ကို ဝယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic Discharge), EMI (Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce) စတဲ့ ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။ မိမိဝယ်လိုက်တဲ့ Laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။
AMD’s PUMA Platform for laptops
AMD ကနေ laptop computer လေးတွေအတွက် Platform အသစ် တစ်ခုအနေနဲ့ PUMA ဆိုတဲ့ နည်းပညာကို မိတ်ဆက်ထားပါတယ်။
အဲဒီ PUMA platform ကို အခြေခံပြီး တည်ဆောက် ထားတဲ့ Laptop တွေကို အခု ၀ယ်လို့ရနေ ပါပြီ။ ဘာထူး ခြားသလည်း လို့ မေးရင် အရင်ဆုံး ပြောရမှာက ဈေးနှုန်းပေါ့။ အသစ်စက်စက် PUMA platom laptop PC တစ်လုံးကို S$ 1000 လောက် နဲ့ ရတယ်လေ။ စိတ်ဝင်စား စရာပေါ့။
တစ်ခုပဲ ရှိတယ်။ သာမာန်အားဖြင့် ကြည့်ရင် သူ့မှာ သုံးထားတဲ့ CPU က AMD Turion X2 Ultra တွေ သုံးထား တယ်။ ဒီတော့ Intel မှ Intel ဖြစ်နေတဲ့သူတွေ၊ Core2Duo မှ CPU ထင်တဲ့ သူတွေ အတွက်တော့ တစ်မျိုး ဖြစ်ချင် ဖြစ်နေမယ်။ စိတ်ဝင်စား စရာ ဖြစ်ချင်မှ ဖြစ်မယ်လေ။
ကျွန်တော်က အဲဒီ laptop လေးတွေ အကြောင်း နဲနဲ ဆွေးနွေးချင်ပါတယ်။ Intel ရဲ့ Core2Duo တွေက ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ CPU ဈေးကွက်မှာ အကောင်းဆုံး လို့ ပြောလို့ရတာ ဟုတ်ပါတယ်။ ဒီနေ့ အထိလည်း CPU ချင်းယှဉ် ကြည့်ရင် C2D တွေကို ဘယ်သူမှ အလဲ မထိုးနိုင်သေးပါဘူး။ Power စားသုံးမှု နဲ့ အပူ ထုတ်လွှတ်မှု မှာ C2D က အကောင်းဆုံး ရလဒ်တွေကို ပေးပါလိမ့်မယ်။
ဒါဖြင့်ရင် Turion က ဘာကောင်းလို့လည်း။ ၀ယ်သင့်သလား ဆိုရင် ကျွန်တော် ကတော့ laptop ၀ယ်ရင် Turion X2 Ultra ပါတဲ့ PUMA laptop ကို S$1000 လောက်နဲ့ ၀ယ်ရတာ သိပ်ကို တန်တယ်လို့ ထင်မိပါတယ်။
တစ်ကယ်တမ်းက PUMA platform လို့ ပြောလိုက်ရင် CPU တစ်ခုထဲကို ပြောတာ မဟုတ်ပါဘူး။ AMD က သတ်မှတ် လိုက်တဲ့ laptop တစ်လုံးအတွက် CPU, chipset, memory technology, GPU (graphic processor) တွေ အားလုံး အတွဲတစ်ခုကို ပြောတာ ဖြစ်ပါတယ်။ PUMA မှာ ဘာတွေ ပါသလည်း…။
CPU က Turion X2 Ultra အမျိုးအစားပါ။ AMD CPU တွေက သိပ်ပူတာပဲ။ ဘယ်လိုမှ သုံးလို့ မကောင်းဘူး လို့ ပြောမယ် ဆိုရင် ဟုတ်ပါတယ်။ AMD ရဲ့ CPU တွေက Intel ထက် ပိုပူတာ မှန်ပါတယ်။ ဒါပေမယ့် သုံးလို့ မကောင်းအောင်ပူတာတွေက အရင်တုန်းက Althlon X2 တွေပါ။ အခု နောက်ထွက်တာတွေက Turion X2 တွေပါ။ Turion X2 တွေက Dual Core တွေပါပဲ။ မူလ Turion X2 တွေက Intel CoreDuo လောက်ရှိပါ တယ်။ Core2Duo ကို မမှီပါဘူး။ အခုနောက်ထွက်တဲ့ Turion X2 Ultra တွေက နည်းပညာပိုင်းမှာ အသစ်တွေ ပါလာပါတယ်။ အတော်လေးလည်း ပိုပြီး ကောင်းလာပါတယ်။ ပြောရရင် Turion X2 Ultra ဟာ Turion X2 ထက် အများကြီး ပိုကောင်းတဲ့ architecture တွေ ပါပါတယ်။ ဥပမာ- Hyper Transport 3.0 လို နည်းပညာ တွေပေါ့။ ပြီးတော့ High Definition (Blue-Ray) DVD palyback ကို ကောင်းကောင်း support လုပ်ပါတယ်။
PUMA platform က CPU တစ်ခု ထဲကို ပြောတာမဟုတ်ပါဘူး။ PUMA အစစ် ဖြစ်ဖို့က Turion X2 Ultra ပါပါ တယ်။ ပြီးတော့ graphic card က AMD ရဲ့ ATI Radeon HD 3000 series graphic processor နဲ့ တွဲထား ပါတယ်။ Chipset က လည်း AMD ရဲ့ သီးသန့် design chipset ပါ။ ပြီးတော့ 802.1 b/g အပြင် နည်းပညာ အသစ် N ကိုပါ support လုပ်တဲ့ Wi-Fi wireless connection ပါရပါမယ်။ အဲဒါတွေ အားလုံး ပေါင်းလိုက်ရင် အရမ်း ကို ကောင်းတဲ့ multimedia နဲ့ gaming performance ကို ပေးနိုင်တဲ့ PUMA laptop တစ်လုံး ဖြစ်သွား ပြီပေါ့။
PUMA platform laptop တစ်လုံးကို ၀ယ်မယ်ဆိုရင် အကြံပေးချင်တာ လေးတွေ ရှိပါတယ်။
ပထမဆုံးက AMD Turion X2 ကို မ၀ယ်ပါနဲ့။ Turion X2 ကို ၀ယ်ရင် စိတ်ညစ်ကောင်း ညစ်သွား ပါလိမ့်မယ်။ Turion X2 Ultra ကိုပဲ ရအောင်ဝယ်ပါ။ Turion X2 Ultra တွေက ရိုးရိုး Turion X2 တွေထက် အများကြီး ပိုကောင်းတာ သေချာပါတယ်။ ပြီးတော့ Dual Core တွေ ဖြစ်တဲ့ အပြင် ကောင်းတဲ့ တစ်ချက်က 32bit အပြင် 64bit ကို ကောင်းကောင်း support လုပ်ပါတယ်။ ဒါကြောင့် 64bit OS တွေ စမ်းချင်ရင်လည်း အဆင်ပြေသလို အများဆုံး ထည့်နိုင်တဲ့ memory ကလည်း 4GB မဟုတ်ပဲ 8GB အထိ တပ်လို့ ရသွားပါတယ်။ ဒီနေ့အထိ Intel ရဲ့ Core2Duo တွေက 32bit ပဲ ရှိတဲ့အတွက် အများဆုံး ထည့်လို့ ရတဲ့ memory က 4GB ပဲ ရပါတယ်။ Turion X2 Ultra ကို ၀ယ်မယ်ဆိုရင် model number တွေ အများကြီး ရှိပါတယ်။ ကျွန်တော် အကြံပြုချင် တာက ZM series Turion X2 Ultra တွေကိုပဲ ၀ယ်ပါ။ တစ်ခြား အရင်က model တွေကို မ၀ယ်ပါနဲ့။ ဥပမာ- RM လို မျိုးတွေက နောက်ဆုံးထွက် ZM တွေလောက် မကောင်းပါဘူး။ ဖြစ်နိုင်ရင် ZM 80 နဲ့ အထက်ကိုပဲ ၀ယ်ပါ။ အခု ၀ယ်လို့လည်း ရပါတယ်။ အခုလက်ရှိ ရောင်းနေတဲ့ laptop တွေထဲမှာ ZM 86 (2.4GHz) တွေ တောင် တွေ့နိုင်ပါတယ်။ ZM 80 (2.1GHz) လောက်ဆိုရင်ကို ကောင်းပါတယ်။
နောက်ပြီး PUMA laptop အစစ်တွေမှာ ATI Radeon HD series graphic processor တွေ ပါပါတယ်။ အနိမ့် ဆုံးက Radeon HD 3200 ပါ။ အခု ၀ယ်လို့ရတဲ့ PUMA တွေမှာ HD 3400 နဲ့ အထက် model တွေ တွေ့နိုင် ပါတယ်။ ဖြစ်နိုင်ရင် HD 3200 ကို အနိမ့်ဆုံး ထားပြီး ၀ယ်စေချင်ပါတယ်။ PUMA ဖြစ်ဖို့ လိုအပ်တဲ့ အရာတွေ ကို ပုံထဲက logo လေးမှာ ကြည့်နိုင်ပါတယ်။ ATI Radeon HD 3000 series graphic processor တွေက DirectX 10 ကို အပြည့်အ အလုပ်လုပ်ပါတယ်။ သူတို့က တစ်ကယ်ကောင်းတဲ့ High Definition (HD) display တွေကိုလည်း ကောင်းကောင်း support လုပ်ပါတယ်။ Geforce 8 လောက်ကို အသာလေး ယှဉ်နိုင် ပြီး Geforce 9100 လောက်နဲ့ ညီပါတယ်။ ဒါပေမယ့် Geforce ထက် ထူးခြားတာက သူတို့ကို PUMA မှာ AMD Turion CPU နဲ့ သင့်တော် သလိုတွဲထားရင် ရိုးရိုး Geforce သုံးထားတဲ့ laptop ထက်သာပါ လိမ့်မယ်။ Core2Duo CPU ပါတဲ့ Intel GMA (Graphic Media Accelerator X3100) လို ရိုးရိုး graphic သုံးထားတဲ့ laptop တွေကို အလဲ ထိုးနိုင်တယ် ဆိုတာ သေချာပါတယ်။
Turion X2 Ultra ကိုလည်း စိတ်ဝင်စားတယ်။ Nvidia Geforce graphic processor မှလည်း လိုချင်တယ် ဆိုရင် လည်း PUMA platform နဲ့ အလား သဏ္ဍာန်တူစွာ ဖွဲ့စည်းထားတဲ့ Turion X2 Ultra CPU သုံးထားတဲ့ laptop လေးတွေ ၀ယ်လို့ရပါတယ်။ ဈေးက တူတူပါပဲ။ ၁၀၀၀ ပါတ်ဝန်းကျင်ပဲ ရှိပါတယ်။
Turion X2 Ultra (ZM) CPU ပါပါတယ်။ Geforce 9100 သုံးထားပါတယ်။ တစ်ကယ်တမ်းက laptop တွေအတွက် Mobile Geforce 9100 integrated graphic processor တွေက သီးသန့် desktop တွေအတွက် Geforce 8400 graphic card တွေနဲ့ စွမ်းဆောင်ရည် တူပါတယ်။ ဒါပေမယ့် Geforce 9 ဖြစ်တဲ့ အတွက် CUDA လို နည်းပညာသစ်တွေနဲ့ အလုပ်လုပ်ပါ လိမ့်မယ်။ ACER Aspire 4530 laptop လေးတွေ က အမြင်လည်း အရမ်းလှပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ Turion X2 Ultra ကို Geforce 9 နဲ့ တွဲပေး ထားပါတယ်။ ဒါပေမယ့် PUMA platform စစ်စစ်တော့ မဟုတ်ဘူးပေါ့နော်။
ကျွန်တော်ကတော့ Turion X2 Ultra + Radeon HD 3400 ပါတဲ့ PUMA platform laptop စစ်စစ် လေးတွေကို 1000 S$ လောက်နဲ့ ၀ယ်လို့ရတာ အရမ်းကို တန်တယ်လို့ မြင်မိပါတယ်။ သာမာန်အားဖြင့် Core2Duo ထက် နဲနဲ ပိုပူပေ မယ့် ပေးရတဲ့ ဈေးနဲ့ ရတဲ့ performance က အရမ်းကို တန်ပါတယ်။ အရမ်းလည်း ပိုပူတာတော့ မဟုတ်ပါဘူး။ Turion X2 Ultra (ZM) ကို တော့ ရအောင် ၀ယ်ပေါ့နော်။ တစ်ခြားဟာ သွားဝယ်မိရင်တော့ မပြောတတ်ဘူး။
လိုက်ဖက်ညီတဲ့ combination ကိုသာ ကောင်းကောင်းရမယ် ဆိုရင် game တွေ အတွက်ရော၊ multimedia တွေ အတွက်ရော၊ 3D graphic rendering နဲ့ animation တွေ အတွက် ကောင်းကောင်း အသုံးတည့်မှာပါ။ တစ်ကယ်လို့ ရေရှည် heavy ဖြစ်တဲ့ အလုပ်တွေ၊ game တွေအတွက် သုံးလို့ အရမ်းပူလာတယ် ထင်ရင် notebook cooling pack လေးတွေနဲ့ သုံးပေါ့။ ဘာပဲ ဖြစ်ဖြစ် ပေးရတဲ့ ဈေးနဲ့ ရတဲ့ performance တန်ချင်ရင်တော့ PUMA laptop တွေက အကြိုက်တွေ့ စရာလို့ ယုံကြည်မိပါတယ်။ (Core2Duo ကို 1800S$ လောက် ပေးဝယ်ထားရတဲ့ သူတွေကတော့ ဘယ်လို မြင်မလည်း မသိပါ၊ အထူးသဖြင့် Core2Duo + Intel GMA graphic ပဲ ပါတဲ့ laptop တွေနဲ့ ယှဉ်ပြီး run ကြည့်စေချင်ပါတယ်).. :P
PUMA အကြောင်း သိချင်ရင် အောက်မှာပေးထားတဲ့ link က video လေးကို ကြည့်ကြည့်ပါ…
http://www.amd.com/us-en/0,,3715_15692,00.html
ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်. desktop ကကျတော့ ကျယ်ပြန့်တဲ့ casing ပုံးခွံထဲမှာ ထည့်ပြီး ပေါ့ပေါ့ပါးပါး သုံးလို့ရပေမယ့်. laptop ကျတော့ တစ်လက်မလောက်သာသာပဲ ရှိတဲ့ laptop အခွံထဲမှာ အားလုံး ပြွတ်သိပ်ပြီး ကွန်ပျူတာတစ်လုံးဖြစ်လာအောင် တပ်ဆင်ထားရတာ တစ်ကယ်တော့ မလွယ်ပါဘူး. desktop သမားများက (၂)နှစ် (၃)နှစ်လောက် ဖုံတက်ချင်တက်ဆိုပြီး ပစ်ထားပေမယ့် ပုံးကကျယ်တော့ လေ၀င်လေထွက်ကောင်းတယ်လေ. speed သိပ်ပြီး သိသိသာသာမကျဘူး. laptop ကျတော့ ၃ နှစ်လောက်လဲ ပစ်ထားမယ်. သန့်ရှင်းရေးလဲမလုပ်ဘူး. ဖြစ်သလိုသုံးမယ်ဆိုရင်တော့ speed သိသိသာသာကျပြီး laptop က ထွက်တဲ့ အပူချိန်ကလဲ သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.