FRESH

Thursday, September 26, 2013

Firefox Setting ကိုဘယ်လို Backup လုပ်မလဲ?

Firefox ကို Backup လုပ်ဖို့ အတွက် Mozbackup ဆိုတဲ့ ဆောဖ့်ဝဲလ်လေး လိုအပ်ပါတယ်။ သူ့ကို ဒေါင်းလော့လုပ်ချင်ရင် Firefox မူရင်း ဆိုဒ်မှာတင် ဒေါင်းလော့ လုပ်နိုင်ပါတယ်။ ဒီနေရာမှာ ဒေါင်းလော့သွားလုပ် လိုက်ပါ။ ဘက်ကပ်လုပ်နည်းကတော့ သူ့ကိုဖွင့်ပြီး အောက်ပါအတိုင်း Backup a Profile ကိုရွေး ၊
ပြီးရင်တော့ သူက မိမိဘက်ကပ်လုပ်မဲ့ဖိုင်ကို ဘယ်နေရာမှာ သိမ်းမလဲဆိုတာ မေးပါမယ်။ မိမိကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ။
ပြီးရင်တော့ မိမိဘက်ကပ်လုပ်ချင်တဲ့ အစိတ်အပိုင်းတွေကို အမှန်ခြစ်ပေးယုံပါပဲ ။ မလိုအပ်တဲ့ဟာတွေကို အမှန်ခြစ်ဖြုတ်ပြီး ထားခဲ့ပေါ့ ။
ဒါဆိုရင် firefox setting တစ်ခုလုံးကို ဘက်ကပ်လုပ်ပြီးပြီးဖြစ်ပါတယ် ။ မိမိက အဲဒီအတိုင်း ပြန်လို ချင်ရင်တော့ import ကနေ စောစောက မိမိဘက်ကပ်လုပ်ထားတဲ့ဖိုင်ကို ပြန်ညွှန်း ပေးလိုက်ရင် သူ့ဘာသာအော်တို rewrite လုပ်သွားပါလိမ့်မယ်။
(ကိုရဲ)

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ


ပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် အခက်ကြီးလို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာလေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ “နည်း” ဆိုတာ “KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်းသိလိုက်တာနဲ့ အားလုံးအဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။
ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာအတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ်လို့ဖြေကြမှာပဲ။ အသက် ၃ နှစ်လောက်ကတည်းကလည်း သင်ကြတာပဲ။ ဒါပေမယ့် ဒီအရွယ် တွေကို Logic လို့ခေါ်တဲ့ ယုတ္တိနည်းကျကျ ဆင်ခြင်တွေးခေါ်နည်းတွေကိုတော့ သွားသင်လို့ရဦးမှာ မဟုတ်ဘူး။ သူတို့မှာ ပညာအခြေခံလေးတွေ နည်းနည်းလိုသေးတယ်။
ဒါကြောင့် ကလေးတွေကို ပရိုဂရမ်းမင်းသင်မယ်ဆိုရင် အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်လောက်မှ စတင် သင်ပေးဖို့ အကြံပြုချင်တယ်။ အထူးသဖြင့်တော့ အတန်းအနေနဲ့ Grade 7th or 8th လောက်ရောက်မှ သင်ပေးရင် ပိုပြီး အဆင်ပြေတယ်။ ဒါကလည်း ပုံသေပြောတာမဟုတ်ဘူး။ အချို့ကလေးတွေဟာ IQ အရမ်းမြင့်တာကြောင့် စောပြီးသင့်လို့ ရကောင်းရနိုင်ပါတယ်။
အသက်အပိုင်းအခြားကို ဆွေးနွေးပြီးရင် ဘယ်လို ပရိုဂရမ်းမင်း language ကိုသင်လေ့လာခိုင်းသင့်သလဲ ဆိုတာ ဆွေးနွေးချင်ပါတယ်။ ဒါကလည်း သင်ယူမှုနယ်ပယ်ကို ချုံ့ပြီး အခြေခံကိုတည်ဆောက်နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိုဂရမ်းမင်းအခြေခံကို တည်ဆောက်ဖို့ပဲပြောတာ။ ပရိုဂရမ်းမင်းကိုရေးတဲ့ syntax တွေကို တည်ဆောက်ဖို့ပြောတာ မဟုတ်သေးဘူး။ ဘယ်ဘာသာရပ်မဆို စိတ်ဝင်စားမှုရှိတယ်၊ သင်ယူရတာပျော်တယ်ဆိုရင် တတ်မြောက်ဖို့လွယ်ကူတတ်ပါတယ်။ ဒီတော့ ဘာကို သင်ပါလို့ မပြောချင် ပါဘူး။ ဘာတွေကို သင်ယူလေ့လာနိုင်တယ်ဆိုတာကို ဦးစွာပြောလိုပါတယ်။
အစဉ်အလာ ပရိုဂရမ်းမင်းဘာသာရပ်များ
အစဉ်အလာလို့ပြောလိုက်တာ အဖေတို့ အမေတို့ခေတ်က ပရိုဂရမ်းမင်းကိုပြောတာ။ ခုခေတ်မှာ တချို့ ဆိုရင် ကြားဖူးဖို့တောင်မလွယ်တော့ဘူး။ ဒီတော့ ပရိုဂရမ်းမင်းနဲ့ပတ်သက်တာတွေအားလုံးကို ခြုံငုံပြီး လေ့လာသုံးသပ်ကြည့်ရအောင်။
1.Lisp and Scheme
တကယ့်သုတေသနလုပ်ငန်းကြီးတွေ၊ တက္ကသိုလ်ကြီးတွေက သုတေသနလုပ်ငန်းကြီးတွေနဲ့ ပရိုဂရမ်းမင်း ကို သီအိုရီကျကျလေ့လာဖို့အတွက် အသုံးပြုကြတဲ့ ဘာသာရပ်ဖြစ်တယ်။ သူ့အခြေခံကိုသိဖို့ပဲ ဦးနှောက် ခြောက်လောက်အောင် ကြိုးစားရလိမ့်မယ်။ ဒါပေမယ့် ပညာရေးလောကမှာကတော့ ဒီ language ကို ဂုဏ်ယူစွာနဲ့ သင်ကြားနေကြတုန်းပဲ။ ဒီ language တွေကို လေ့လာချင်ရင်တော့ (http://racket-lang.org/) မှာသွားပြီးလေ့လာနိုင်တယ်။
2. Java
အလွယ်လမ်းကို လိုက်ချင်သူတွေအတွက်ကတော့ မတိုက်တွန်းချင်ပါဘူး။ ဒါပေမယ့် ကလေးတွေကို သင်မယ်ဆိုရင်တော့ Greenfoot (http://www.greenfoot.org/)  နဲ့ BlueJ  (http://www.bluej.org/) တွေကိုသင်ယူတတ်မြောက်လာရင် Java အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။
3. C/C++
အခက်ဆုံးလို့ပြောရမယ်။ ကလေးတွေကို သင်မယ်ဆိုရင်တော့ ကန့်သတ်ချက်ရှိတယ်။ စိတ်ဝင်စားသွားရင် တော့ သင်ယူချင်စိတ်ရှိနိုင်တယ်။ စဖို့ပဲခက်တယ်။
4. C#
.NET လောက်အထိ တက်လှမ်းဖို့မှန်းထားတယ်ဆိုရင် ရွေးချယ်သင့်တယ်။ သူလည်း C++ လိုပဲ resource တွေ သိပ်မများပေမယ့် မိုက်ခရိုဆော့ဖ်ကတော့ Sharp Kids (http://msdn.microsoft.com/en-us/beginner/bb308756.aspx)  ဆိုပြီး အခြေခံကို လုပ်ပေးထားတာရှိတယ်။ .NET နဲ့ဆိုရင် web application တွေကိုရေးဖို့ လွယ်မယ်ထင်တယ်။ ပညာရေးအတွက်ဆိုရင် လေ့လာထား သင့်တဲ့ language လို့ပြောနိုင်တယ်။
5. Visual Basic
တကယ်လွယ်တဲ့ language တစ်ခုဖြစ်ပါတယ်။ သူမှာ ယခင် BASIC ဆိုတဲ့ ယခင် language အဟောင်းရဲ့ ရင်းမြစ်တွေ အများကြီးပါနေတယ်။ .NET နဲ့ C# အပြန်အလှန် အထောက်အကူပြုသလိုပါပဲ။ မိုက်ခရိုဆော့ဖ်ကတော့ Visual Basic ရဲ့အခြေခံဖြစ်တဲ့ ကလေးတွေအတွက် Very Bright Kids (http://msdn.microsoft.com/en-us/beginner/bb308758.aspx)  ဆိုတာကို ထုတ်ပေးထားတယ်။
6. Smalltalk
Squeak ရဲ့ မူကွဲလို့တောင်ပြောနိုင်တယ်။ ပရိုဂရမ်မင်းလေ့လာချင်တယ်လို့ပြောရင် သူငယ်ချင်းတွေကို ညွှန်းသင့်တယ်။ လက်ရှိ အကောင်းဆုံး tutorial အနေနဲ့ http://rmod.lille.inria.fr/botsinc လိုင်းမှာ ရနိုင် တယ်။ အဲဒီထဲက သင်ခန်းစာတွေဟာ Squeak: Learn Programming With Robots စာအုပ်ကို အခြေခံ ထားတယ်။
7. BASIC
တကယ့် ပရိုဂရမ်းမင်းဘိုးအေ language ပါ။ ဘီလ်ဂိတ်စ်တို့ လက်ဆော့ပြီး စတင်ခဲ့တဲ့ ပရိုဂရမ်းမင်း ဘာသာရပ်ပေါ့။ အဲဒီ language ကို အဖိုးတို့ခေတ် language  လို့ပြောနိုင်တယ်။ ခုထက်ထိ မိုက်ခရိုဆော့ဖ် က Small Basic for beginning developers (http://msdn.microsoft.com/en-us/beginner/ff384126.aspx) ဆိုပြီး တင်ထားပေးသေးတယ်။
8. Ruby
ကလေးတွေကို ပရိုဂရမ်းမင်းသင်ဖို့ အကောင်းဆုံး resource တွေ Ruby မှာရှိနေတယ်။ အခြား language တွေထက်လည်း လွယ်တယ်လို့ပြောကြတယ်။ Ruby for kids (http://ruby4kids.com/ruby4kids) နဲ့ RailsBridge (http://teachingkids.railsbridge.org/) တွေမှာ လေ့လာသင့်တယ်။
9. Python
လူငယ် developer တွေဖြစ်စေချင်ရင် Python ကို အကြံပြုချင်တယ်။ တကယ့်ကို ရေပန်းအစားဆုံးနဲ့ လူကြိုက်အများဆုံး language ဖြစ်လာတယ်။ လေ့လာချင်သူတွေအတွက် LiveWires (http://www.livewires.org.uk/python/home) ကိုညွှန်ချင်တယ်။
10. PHP
PHP ကိုတော့ စတင်လေ့လာတဲ့ကလေးတွေအတွက် မညွန်းချင်သေးဘူး။ Website တွေကို ဖန်တီးချင်စိတ် ရှိလာရင်တော့ စတင်လေ့လာဖို့အကောင်းဆုံးပဲ။ ခက်ပေမယ့် စတင်လေ့လာကတည်းက စိတ်ဝင်စားရင် သူ့မှာလည်း ရလဒ်ကောင်းတွေရှိတယ်။ ကလေးတွေအတွက် PHP For Kids tutorial (http://www.phpforkids.com/) မှာဝင်ပြီးလေ့လာကြည့်ဖို့ တိုက်တွန်းချင်တယ်။
11. HTML and JavaScript
ကလေးတွေအတွက် အခြေခံကျကျနဲ့ ပရိုဂရမ်းမင်းကို လေ့ကျင့်ပေးချင်တယ်ဆိုရင်တော့ လေ့လာခိုင်းဖို့ အသင့်ဆုံး language ပါ။ Website တွေကို ဖန်တီးဖို့ အခြေခံကျကျတဲ့ language တွေပါပဲ။ Waterbear (http://waterbearlang.com/) မှာ စိတ်ဝင်စားစရာကောင်းတဲ့ ပြကွက်တွေနဲ့ လေ့လာနိုင်သလို ပိုပြီးတော့ ကျယ်ပြန့်စွာ သိချင်ရင် HTMLIsEasy.com (http://www.htmliseasy.com/javascript/index.html) မှာ ၀င်ပြီးလေ့လာနိုင်တယ်။
အခြားလေ့လာသင့်တဲ့ language တွေကတော့ ML, Prolog, Haskell နဲ့ REBOL ဆိုတာတွေရှိသေးတယ်။ သိပ်ပြီးထွေပြားကုန်မှာစိုးရိမ်လို့ မပြောတော့ဘူး။ ပြီးတော့ အခြား language တွေလောက်လည်း နာမည် တော့ မကြီးဘူး။ ခက်လည်းခက်တာကြောင့်လည်းပါတယ်။ Language တစ်ခုဆိုတာ တတ်ထားပြီးရင် ပြန်ပြီး အသုံးချနိုင်တဲ့နယ်ပယ် ကျယ်ဝန်းမှအဆင်ပြေနိုင်ပါတယ်။
အခြားဆက်စပ်လေ့လာသင့်တဲ့ဝန်းကျင်
အထက်မှာဖော်ပြခဲ့တာတွေအပြင် website တွေမှာလည်း လေ့လာစရာတွေအများကြီးရှိတယ်။ အချို့သော လေ့လာစရာတွေက application တွေနဲ့ပဲတွဲပါလာတတ်တာတွေလည်းရှိသေးတယ်။
1. MSDN Development for Beginners, Kid Corner
http://msdn.microsoft.com/en-us/beginner/bb308754.aspx
မိုက်ခရိုဆော့ဖ်က ကလေးတွေကိုသင်ဖို့ဆိုပြီးတော့ စိတ်ဝင်စားစရာကောင်းအောင် တင်ထားပေးတယ်။ သူ့မှာပေးထားတဲ့ tutorial တွေကို သေသေချာချာလေ့လာသင့်ပါတယ်။
2. Teach Kids To Program
http://www.teachkidstoprogram.com/
ဒီ site ကတော့ ဂိမ်းဆော့ရင်းနဲ့ ကလေးတွေ ပရိုဂရမ်းမင်းကို စိတ်ဝင်စားသွားအောင် စွမ်းဆောင်ပေးသွား လိမ့်မယ်။
3. Alice
http://www.alice.org/
ကလေးတွေအတွက် လေ့လာဖို့အသင့်ဆုံး ပရိုဂရမ်းမင်းဝန်းကျင်တစ်ခုဖြစ်ပါတယ်။ အဲဒီမှာ Storytelling version (http://www.alice.org/kelleher/storytelling/index.html) ဆိုတာရှိတယ်။ အလယ်တန်း အဆင့်လောက်ပညာရေးနဲ့ ဆက်စပ်ပေးဖို့သင့်တယ်။ ဒီ version ဟာ အထက်တန်းနဲ့ ကောလိပ်အဆင့် တွေအတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။
4. Logo
Logo ကတော့ ဟောင်းနေပြီဖြစ်တဲ့ language တစ်ခုပါ။ ဒါပေမယ့် သူလည်း ဟိုစပ်စပ် သည်စပ်စပ်တော့ ပါဝင်ပတ်သက်နေသေးတယ်။ Google မှာရှာရင် tutorial တွေအများကြီးရနိုင်သေးတယ်။ Windows version (http://www.elica.net/site/index.html) နဲ့ Mac version (http://www.terrapinlogo.com/) ဆိုပြီး နှစ်မျိုးလေ့လာနိုင်တယ်။ LCSI Microworlds (http://www.microworlds.com/) မှာ စီးပွားဖြစ်အောင်လေ့လာနိုင်တဲ့ အပိုင်းတွေအများကြီးရှိတယ်။ အဆင့်မြင့်လေ့လာချင်သူတွေ လက်မလွှတ်သင့်တဲ့ site တွေပေါ့။
5. Phrogram
http://phrogram.com/
ယခင်ကတော့ KPL (http://kidsprogramminglanguage.com/) လို့လူသိများတယ်။ သူလည်း လေ့လာ သင့်တဲ့အ၀န်းအ၀ိုင်းထဲမှာပါတယ်။ ကလေးတွေကို .NET အဆင့်အထိရောက်အောင်ဆွဲခေါ်သွားနိုင်တဲ့ language တစ်ခုလို့ဆိုနိုင်တယ်။
6. Scratch
http://scratch.mit.edu/
MIT Media Lab မှာရှိတဲ့ Lifelong Kindergarten Group ကနေပြီးတော့ တီထွင်ထားတဲ့ language ဖြစ်ပါ တယ်။ သူ့မှာ ဇာတ်လမ်းဆင်ထားတာတွေ၊ animation တွေ၊ ဂိမ်းတွေအစုံထည့်ပေးထားတယ်။ သိစရာ လေ့လာမှတ်သားစရာ information တွေနဲ့ tutorial တွေအများကြီးလေ့လာနိုင်တယ်။
7. Colobot (Colonize With Bots)
http://www.ceebot.com/colobot/index-e.php
စိတ်ဝင်စားစရာ ဂိတ်းတစ်ခုပါပဲ။ Wikipedia page (http://en.wikipedia.org/wiki/Colobot) မှာတော့ ပညာရေးဆိုင်ရာ ပညာပေးဂိမ်းလို့ဖော်ပြထားတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသူက သူ့စက်ရုပ်တွေကို ပရိုဂရမ်းမင်း langauge သုံးမှ ခိုင်းလို့ရပါတယ်။ အဲဒီဂိမ်းမှာသုံးတဲ့ ပရိုဂရမ်းမင်းတွေက C++ သို့မဟုတ် Java language တွေနဲ့တူတယ်။
8. Terrarium
http://terrarium2.codeplex.com/
သူလည်း ဂရပ်ဖစ်ဒီဇိုင်းတွေ ဂိမ်းတွေနဲ့ဆင်ယင်ထားပြီး .NET အတွက် အများကြီးအထောက်အကူပြုနိုင် တယ်။ သူကတော့ ကလေးတွေအတွက်ရည်စူးလုပ်ထားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် .NET လိုင်းကို သွားချင်ရင်တော့ လေ့လာသင့်တဲ့ site လေးတစ်ခုဖြစ်တယ်။
9. Lego Mindstorms
http://mindstorms.lego.com/
စက်ရုပ်တွေကို ထိန်းချုပ်ရာမှာ ပရိုဂရမ်းမင်း language နဲ့ထိန်းချုပ်မှရတယ်။ ဒီလိုထိန်းချုပ်နိုင်တဲ့ source တွေ၊ information တွေအများကြီးကို ဒီမှာလေ့လာနိုင်တယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။
10. Stagecast Creator
http://www.stagecast.com/
လူငယ်တွေ မကြာမကြာဝင်ပြီးလေ့လာသင့်တဲ့ site လို့ ညွှန်းချင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေအတွက် ပိုပြီး ညွှန်းချင်တယ်။ ကိုယ်တိုင် ဂိမ်းတွေကို ကြိုက်တဲ့ ၀န်းကျင်တစ်ခုနဲ့တည်ဆောက်ပြီး ဖန်တီးနိုင်လို့ ပျော်စရာကောင်းတဲ့ site လေးတစ်ခုလို့ဆိုနိုင်တယ်။
11. ToonTalk
http://www.toontalk.com/
“ပရိုဂရမ်းမင်းဆိုတာ ကလေးကစားစရာ” ဆိုပြီး စီစဉ်ထားတဲ့ site ဖြစ်တယ်။ အထူးပြုလုပ်ချက် animation တွေနဲ့ ကလေးတွေကို မေးခွန်းလေးတွေ ဖြေခိုင်းသွားတယ်။ ဘာသာမျိုးစုံနဲ့ လေ့လာနိုင်အောင်လည်း  စီစဉ်ပေးထားသေးတယ်။
12. GameMaker
http://www.yoyogames.com/gamemaker/windows
ကလေးတွေအတွက် ဦးတည်ထားတဲ့ site တော့မဟုတ်ပါဘူး။ ဂိမ်းကိုတည်ဆောက်တဲ့ application ဖြစ်ပါ တယ်။ ပရိုဂရမ်းမင်းဆိုပြီး code တွေရေးဖို့လည်း မလိုပါဘူး။ Code ကိုအခြေမခံတဲ့ ပရိုဂရမ်မင်း language လို့ဆိုနိုင်တယ်။ ကလေးတွေဂိမ်းကို စိတ်ဝင်စားရင် အဆင့်မြှင့်လေ့လာခိုင်းသင့်တဲ့ site အဖြစ်တော့ ညွှန်းချင်ပါတယ်။
13. Inform
http://inform7.com/
Code တွေကိုလေ့လာချင်တယ်ဆိုရင်တော့ အလွယ်ကူဆုံး လေ့လာသင်ယူနိုင်ပါလိမ့်မယ်။ Code တွေကို သာမန် language ကနေ အဆင့်ဆင့် ဇာတ်လမ်းလေးရေးသွားသလို လေ့လာနိုင်တဲ့ site ဖြစ်ပါတယ်။
14. Learn to Program
ဒါကတော့ စာအုပ်ပါ။ ရေးသူက Chris Pine ဖြစ်ပြီး အကြိမ်ကြိမ်ဖတ်ပြီးလေ့လာချင်သူတွေအတွက် အခွင့် အလမ်းကောင်းဖြစ်နိုင်ပါတယ်။
အမှန်တကယ်လေ့လာမယ်ဆိုရင် site တွေအများကြီးရှိနိုင်ပါသေးတယ်။ လေ့လာစရာတွေကတော့ လိုက်လေပေးလေလို့ဆိုရမလားတောင် မသိဘူး။ ကလေးလိုစပြီး လေ့လာချင်တဲ့ လူကြီးတွေအတွက်ပါ ပရိုဂရမ်းမင်းဆိုတာ မခက်ပါဘူးလို့ အားလုံးက ညွှန်းဆိုကြပါလိမ့်မယ်။ စိတ်ဝင်စားရင် ကလေးလည်း လေ့လာ၊ လူကြီးလည်းလိုက်စား အကျိုးများနိုင်ပါတယ်။
မူရင်းလင့်...maukkha.orgမှကူးယူဖော်ပြသည်

Windows ၏ လျှို့ဝှက်ချက်များ

Windows ၏ လျှို့ဝှက်ချက်များ


Windows မှာ Command Prompt သုံးရ ကောင်းမှန်း သိတဲ့သူတွေ အတော်လေးရှားလာပါပြီ။ Command Prompt အကြောင်း သိရင် ပြဿနာအတော်များများကို ဖြေရှင်း နိုင်ပါတယ်။ Windows ကို command ပေး ပြီး ဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။
ပထမဦးဆုံး Commanc Prompt ကိုဖွင့်နည်း
Command Prompt ကို Command Line လို့လည်းခေါ်တယ်။ Windows 7 နဲ့ Vista ကို သုံးနေသူတွေဆိုရင် Start ကို အရင်သွားပါ။ အောက်ဆုံးနားက Search အကွက်ထဲမှာ cmd လို့ ရိုက်ထည့်လိုက်ပါ။  ထိပ်ဆုံးနားမှာ cmd.exe ဆိုတဲ့ icon ပေါ် လာရင် အဲဒီအပေါ်မှာ right-click လုပ်ပြီး တော့ “Run as administrator” ကို ရွေးလိုက်ပါ။ Windows Command Processor က system ကို ပြောင်းလဲခွင့်ပြုသလားလို့ မေးပါလိမ့်မယ်။ Yes ကို click လုပ်လိုက်ပါ။ ဒီအဆင့်ကတော့ သာမန် user တွေနဲ့ မတူတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ command ထဲ ကို ဝင်လိုက်တဲ့သဘောဖြစ်ပါတယ်။
Windows XP ကိုပဲသုံးသူတွေဆိုရင် တော့ Start > Run ကို သွားပြီး cmd ကို ရိုက်ထည့်၊ ပြီးရင် Enter နှိပ်လိုက်တာနဲ့ရပါတယ်။
Command Prompt ကို သုံးရင် တစ်ခုခု ရိုက်ထည့်ပြီးတိုင်း Enter ကို နှိပ်ဖို့ မမေ့ပါနဲ့။

အခြားကွန်ပျူတာကို Shut down လုပ်ချင်ရင်
အခြား PC ကို command prompt သုံး ပြီး shut down သို့မဟုတ် restart လုပ်လို့ရ ပါတယ်။ အဲဒီ ကွန်ပျူတာနဲ့ network ချိတ်ဆက်ထားဖို့တော့ လိုမယ်။
ပထမဦးဆုံး ကိုယ်ကလှမ်းပြီး ထိန်းချုပ်ချင်တဲ့ ကွန်ပျူတာ ဖွင့်ထားသလား ကြည့်ပါ။ ပြီးတော့ network ရသလားကြည့် ပါ။ အဲဒီ ကွန်ပျူတာရဲ့ အမည် (hostname) ကို သိဖို့လိုပါတယ်။ သူ့ hostname ကို သိရင် ကိုယ့်ကွန်ပျူတာမှာ cmd ကို ဖွင့်ပြီး shutdown/i လို့ ရိုက်ထည့်လိုက်ပါ။ အဲဒီ အချိန်မှာ Remote Shutdown Dialog box တစ်ခုပေါ်လာလိမ့်မယ်။ Add ကို click လုပ်လိုက်ပါ။ အဲဒီမှာ ကိုယ်လှမ်းပိတ်ရမယ့် ကွန်ပျူတာရဲ့ hostname ကို ရိုက်ထည့်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ ပျော်စရာ နောက်ပြောင်လို့ရပါတယ်။ ဘာမှန်းမသိ ကွန်ပျူတာ ပိတ်သွားလို့ပါ။

Shutdown လုပ်မှာလား၊ Restart လုပ်မှာလားရွေးပါ။ ချက်ချင်းပိတ်ချင်ရင် command prompt မှာ shutdown/s/m\\ လို့ ရိုက်ပြီးရင် ကိုယ်လှမ်းပိတ်မယ့် PC ရဲ့ hostname ကို ရိုက်ထည့်ပါ။
ဥပမာ shutdown/s/m\\RobertsPC လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်တာနဲ့ ဟိုဘက်က PC ကို လှမ်းပိတ်လိုက်ပါပြီ။
တကယ်လို့ Restart လုပ်ချင်ရင်တော့ Shutdown/r/m//.... ဆိုပြီး ရိုက်ထည့်နိုင်ပါတယ်။

ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ Network နဲ့ PC အကြောင်း သိချင်ရင်
ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ၊ internet connection တွေ၊ website တွေ အကြောင်းသိချင်ရင် အမြန်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး စုံစမ်းနိုင်တာ command prompt နည်းပါ။ cmd ကို ခေါ် ပြီးရင် ipconfig/all ဆိုတာ ရိုက်ထည့်ကြည့်ပါ။ IP နဲ့ DNS server address တွေအားလုံး ကျလာပါလိမ့်မယ်။

ကိုယ့်ကွန်ပျူတာထဲက system ကို သိချင်ရင်လည်း ကြည့်လို့ရပါတယ်။ Install လုပ်တဲ့ နေ့စွဲ၊ boot time နဲ့ memory ဘယ်လောက်ရနိုင်သလဲဆိုတာတွေကို သိချင်ရင် systeminfo လို့ ရိုက်ထည့်ပြီး Enter ခေါက်ကြည့် လိုက်ပါ။

ပျက်နေတဲ့ System File တွေကို ပြင်ချင်ရင်
Windows က ကောင်းကောင်း အလုပ် မလုပ်တော့ဘူး။ DLL ဖိုင်တွေပျောက်ရင် error message တွေ မကြာခဏပေါ်လာ တတ်ပါတယ်။ ဒါဆိုရင် System File Checker ကိုဖွင့်ပြီးတော့ ပြဿနာကို ဖြေရှင်း ခိုင်းရပါတယ်။ Command Prompt ကို ဖွင့်ပါ။ Administrator mode ထဲကို ဝင်ရပါ မယ်။ ရှေ့ပိုင်းမှာ ဝင်ပုံဝင်နည်း ပြောခဲ့ပြီးပြီ။ sfc/scannow လို့ ရိုက်ထည့်လိုက်ပါ။ ဖိုင်တွေပျက်နေတာတွေကို system ထဲဝင် ပြီးတော့ ပြင်ပေးသွားပါလိမ့်မယ်။ အနည်းဆုံး စစ်ဆေးပြင်ဆင်ချိန် မိနစ် ၂ဝ လောက် ကြာတတ်ပါတယ်။ စိတ်ရှည်စွာနဲ့ စောင့်ဖို့ လိုပါတယ်။

ဟာ့ဒ်ဒစ်တွေကို defrag လုပ်ချင်ရင်
Defragmenting လုပ်တယ်ဆိုတာတော့ သိမှာပါ။ ဟာ့ဒ်ဒစ်တွေထဲက ဖိုင်တွေကို စနစ်တကျဖြစ်အောင် ပြန်ပြီး စီစဉ်တကျထားရင် ကွန်ပျူတာပိုပြီး မြန်ဆန်တတ်ပါတယ်။ မကြာမကြာလုပ်ဖို့တော့ မလိုပါဘူး။ တစ်ခါ တစ်လေ လုပ်ဖို့ပါ။ Command ထဲဝင်ပြီးရင် defrag C:/.. ဆိုပြီး ရိုက်ထည့်ပါ။ နောက်က အစက်တွေကတော့ ကိုယ် defrag လုပ်ချင် တဲ့ drive အမည်ကို ရိုက်ထည့်ဖို့ပြောတာပါ။ ဥပမာ defrag C:/d ဆိုတာမျိုးပေါ့။
အဲဒါဆိုရင် ကိုယ်ရိုက်ထည့်လိုက်တဲ့ drive ကို size ကဘယ်လောက်၊ free space က ဘယ်လောက်လိုတယ်၊ စုစုပေါင်း fragmented လုပ်ပေးမယ့် space ကဘယ် လောက်၊ defrag လုပ်ဖို့ လို-မလိုဆိုတာတွေ ကို ပြောပါ လိမ့်မယ်။
Windows Disk Defragmenter tool ဆိုတာ Windows ထဲမှာလည်း ရှိပါတယ်။ အဲဒီ application ကို တိုက်ရိုက်သုံးရင်လည်း ရပါတယ်။
Folder တစ်ခုထဲက ပါဝင်တဲ့ အကြောင်း အရာတွေကို Print လုပ်ခိုင်းချင်ရင်
Folder ထဲမှာ ဘာဖိုင်တွေရှိတယ်ဆိုတာ သိချင်ရင် လွယ်ပါတယ်။ အထူးသဖြင့် folder ထဲမှာ ဖိုင်တွေ အများကြီးထည့်ထားရင်ပေါ့။
ပထမဦးဆုံး ကိုယ်သိချင်တဲ့ folder ကို Shift အရင်နှိပ်ပြီးမှ right-click လုပ်ပါ။ “Open command window here” ဆိုတာကို ရွေးပါ။ Commanf Prompt ပေါ်လာရင် dir လို့ ရိုက်ထည့်ပါ။ အဲဒီမှာ ဖိုဒါထဲရှိတဲ့ ဖိုင် စာရင်းပေါ်လာပါလိမ့်မယ်။ နောက်တစ်ဆင့် print.txt လို့ ဆက်ရိုက်ထည့်ပါ။ Enter နှိပ်ပါ။ Notepd နဲ့ ဖိုင်စာရင်းပေါ်လာပါ လိမ့်မယ်။ ဒါဆိုရင် print ထုတ်ကြည့်လို့ရပါပြီ။

ကွန်ပျူတာပေါ်မှာ ဘာတွေ Run နေတယ် ဆိုတာ သိချင်ရင်
ကိုယ့် PC ပေါ်မှာ ဘယ်လို ပရိုဂရမ်တွေ၊ service တွေရောက်နေတယ်ဆိုတာ သိချင်ရင် command line မှာ net start လို့ ရိုက်ထည့်ကြည့်ပါ။ ကိုယ်ဆက်ပြီး run မလုပ်စေချင်တဲ့ net stop လို့ရိုက်ပြီး နောက်က ရပ်စေ ချင်တဲ့ ပရိုဂရမ်ကို ရိုက်ထည့်ရပါ လိမ့်မယ်။ ဥပမာ net stop Superfetch စသည်ဖြင့်ပေါ့။ Administrator mode ထဲ ဝင်ပြီး လုပ်မှရပါလိမ့်မယ်။

User Password ကိုပြောင်းချင်ရင်
ကိုယ်သုံးနေတဲ့ ကွန်ပျူတာမှာ password ကိုမေ့သွားရင် Command Prompt ထဲမှာ ပြင်နိုင်ပါတယ်။ ပထမဦးဆုံး command prompt ထဲမှာ net user ဆိုပြီး ရိုက်ထည့်ရပါမယ်။ နောက်တစ်ကြိမ် net user တစ်ကြိမ် ထပ်ရိုက်ထည့်ပြီးရင် user name နဲ့ password အသစ်ကို ပေးရပါလိမ့် မယ်။ ဥပမာ net user Tin ......... လို့ ရိုက် ထည့်ပေးရမယ်။ ....... တွေကတော့ password အသစ်ကို ပြောတာပါ။ အဲဒီ လုပ်ဆောင်ချက်ကိုတော့ Administrator  ထဲ မှာပဲ လုပ်လို့ရတယ်။ ကိုယ်ပေးတဲ့ password ကို မှတ်ထားဖို့ လိုပါတယ်။ ကွန်ပျူတာ ပြန်ဖွင့်ရင် ပြောင်းထားတဲ့ password ကို ရိုက်ထည့်မှရပါတယ်။

Command Prompt window ကို ပုံစံပြောင်းချင်ရင်
Command Prompt က အဖြူ အမည်း ပုံစံအတိုင်းပဲတွေ့ရမှာပါ။ အဲဒါကို ရိုးတယ် ထင်လို့ ပြင်ချင်ရင် ရပါတယ်။ Command Prompt ကို ခေါ်ပြီးရင် ဘယ်ဘက် window ထိပ်နား မှာရှိတဲ့ icon ကို click လုပ်ပြီး Properties ကို ရွေးလိုက်ပါ။ Colors ဆိုတဲ့ tab ကို click ကို ရွေးလိုက်ပြီး ကိုယ့်စိတ်ကြိုက် အမျိုးမျိုး အရောင်တွေ၊ စာလုံးတွေ ကို ရွေးချယ်လို့ရပါတယ်။ Font အရွယ် အစား ပုံစံတွေလည်း ပြောင်းလို့ရတယ်။ Window အရွယ်အစားနဲ့ ပုံစံကိုလည်း ပြောင်းနိုင်ပါတယ်။
maukkha.org မှကူးယူဖော်ပြသည်။

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.