FRESH

Wednesday, November 14, 2012

Android ဖုန်းဆော့ဝဲတွေကို မြန်မာစာ နဲ့ပြောင်းသုံးကြမယ်

စက်ရုပ် User တွေအတွက်ပါ…ကျွန်တော်တို့ စက်ရုပ်ဖုန်းတွေမှာပါတဲ့ app တွေ
game တွေကိုEnglish ဘာသာကနေ မြန်မာဘာသာကိုပြောင်းနိုင်တဲ့..
apkedit.exe လေးနဲ့မိတ်ဆက်ပေးပါရစေ…..
( root မလုပ် မြန်မာဖောင့်ထည့်မထားတဲ့ Android Device တွေမှာတော့ 
မြန်မာ လိုပေါ်မှာ မဟုတ်ပါဘူး )
အောက်တွင် ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံနှင့်တကွ ရှင်းလင်းစွာ ဖေါ်ပြထားပါတယ်..
အရင်ဆုံးမိမိကွန်ပြူတာထဲမှာ     java program ကို သွင်းထားရပါမည်။
apkedit ကို Run နိုင်ဖို့အတွက်  Java  ဟာ မရှိမဖြစ်ပါ….
java ကိုအောက်တွင်ဒေါင်းလုပ်ရယူနိုင်ပါတယ်…..

ပြီးလျှင် apkedit ကို လည်းဒေါင်းလုပ် ယူရပါမည်။
( .NET မရှိသူများလဲ တစ်ဆက်တည်းဒေါင်းပေးလိုက်ပါ…)
Download Java
Download APK Edit v0.4e
NET Framework Version 3.5 SP1
ဒေါင်းလို့ရလာသော Java Program ကို အရင်ဆုံး မိမိကွန်ပြူတာမှာ install လိုက်ပါ..
( .NET မရှိသူများလဲ တစ်ဆက်တည်း install လုပ်ပေးလိုက်ပါ…)
ပြီးလျှင်…ဒေါင်းလို့ရလာသော ApkEdit.zip ဖိုင်ကို Desktop ပေါ်သို့ဆွဲတင်လိုက်ပြီး
APK Edit v0.4e
 ဖိုင်ကို Extract    to   APK Edit v0.4e ဆိုပြီး ဖြေချလိုက်ပါမယ်…..

ပြီးလျှင် APK Edit v0.4e Folder လေးပေါ်လာမှာပါ…အဲဒီfolder ထဲမှာ APK Edit.exe  ဆိုတဲ့
ဟာလေးကို Run ပေးလိုက်ပါ…..အောက်ကပုံအတိုင်းပါ…

ပြီးလျှင်..မိမိ ပြောင်းလိုသော Apk ဖိုင်ကို သိမ်းထားသော နေရာမှ ရွေးပေးပြီး ကလစ် ၂ ချက်နှိပ်၍
ဖွင့်လိုက်ပါ….
(အဲဒီမှာ…ပြထားသလို andriod package file မဟုတ်ပဲ java excutable ပြတယ်။
နောက်ပြီးproblem with java exe
ဆိုပြီး ပေါ်နေတယ် ဆိုရင် System C: ကိုသွားပြီးရင်…
Program Files
 ထဲမှာ java folder ထဲကို ဝင်ပြီး…java  ကိုရွေးပေးလိုက်ပါ.ပြီးတာနှင့် Apk
ဖိုင်ကို  ဆက်ရွေးပေးလိုက်ပါ..)


နောက်ထပ် တစ်ခုထပ်ပွင်လာပါမယ်..အဲမှာ အောက်ပုံအတိုင်း Detail ကိုသွားပြီး အောက်နားမှာ
Edit Translation
 ကိုနှိပ်ပေးလိုက်ပါ…….အောက်ကပုံအတိုင်းပါ…..
                                                      
ပြီးလျှင်နောက်ထပ် တစ်ခု ထပ်ပွင့်လာပါမယ်….အဲ့မှာ ဝင်ပြင်လို့ရပါပြီ….
ညာဘက်မှာရေးထားတဲ့စာတွေအားလုံးကို ပြင်ရမှာပါ
….ပြင်တဲ့နေရာမှာ မြန်မာလို မမြင်ရနိုင်ဘူး
ဖြစ်တဲ့အတွက်  အခြား text document တစ်ခု ဖွင့်ပီး အဲဒီမှာ အရင်ရေးပြီးမှ မိမိပြင်လိုတဲ့နေရာမှ
Copy Paste သုံးပြီး ပြင်သင့်ပါတယ်…အောက်မှာ နမူနာပုံပြထားပါတယ်…..
အနီရောင်ပြထားသောစာကို အမဲရောင်ပြထားသောနေရာတွင် ထားရန်……

ပြီးသွားလျှင်….Apply  နှင့် Ok  နှိပ်ပေးလိုက်ပါ……ထို့နောက်တွင်တော့…မိမိခုနက ပြင်ထားသော
Apk ကို ဖုန်းထဲတွင်ထည့်၍ install လုပ်ကြည့်ပါ….မြန်မာလို ပြင်ဆင်ပီးတာကိုတွေ့ရမည်ဖြစ်ပါသည်။
ခုလို စိတ်ရှည်လက်ရှည်ဖတ်ပြီး မျက်စိနောက် ဦးနောက်ခြောက်ခံ တဲ့သူတွေကို ကျေးဇူး အများကြီး
တင်ပါတယ်။ဒီ Software လေးကို ကျွန်တော်တို့ MMAS & MMUG မှာ Admin KO Myo မှ
ရှာဖွေထားခြင်းဖြစ်ပါတယ်…..Tutorial လေးကို ကျွန်တော် မောင် KiRk မှ တင်ပြထားပြီး….
အားလုံးအတွက် တင်ဆက်လိုက်ရပါတယ်…..
ပရိတ်သတ်ကြီးကို အစဉ်လေးစားလျှက်…..KO Myo & KiRk

No comments:

Post a Comment

romarakhaing blog လာရောက်ကြသောသူငယ်ချင်းများကိုလိုက်စွာကြိုပါ၏။

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.