FRESH

Sunday, September 30, 2012

ပိုတိုရှော့ သမိုင်း ( Net Guide ဂျာနယ်မှ ကူးယူဖော်ပြသည်)


Thomas Knoll

PhD ကျောင်းသားဘ၀နောက်ပိုင်းတွင် Photoshop ကိုအချိန်ပြည့်ပြုပြင်ဖန်တီးခဲ့သည်။ Photoshop CS4မ
ထွက်ခင်အချိန်အထိတော့ Thomas ဟာ Photoshop မှာ Lead Developer ကင်မရာတွေထဲကနေရရှိတဲ့
Raw Image တွေအတွက်အဓိက Tools တွေကိုကြိုးစားတည်ဆောက်နေပါတယ်။

John Knolls


ကောလိပ်ကထိကကွန်ပြူတာနှင့်ဓာတ်ပုံပညာရပ်တွင် ဘ၀ကိုမြုပ်နှံထားခဲ့သည်။ Adobe ၏ Dark Room
Software တွင် ၎င်း၏လုပ်ဆောင်ချက်အဓိကပါဝင်ပြီး apple 2plus စက်အိုကလေးဖြင့် အဆိုပါ Raw Image
များကိုပြုပြင်ဖန်တီးနိုင်သော Dark Room Software ကိုရေးသားခဲ့သည်။ John ဟာ Light Migic စက်ရုံမှာ
Visual Effect Supervisor အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ Star War ရုပ်ရှင်တွေကစပြီး သူဟာ
Visual Effect တွေကိုအလွန်စိတ်ဝင်စားခဲ့ပြီး Star Trek ရုပ်ရှင်၊ Star Trek Episode ရုပ်ရှင်နဲ့ Pirate of
the Caribbean ရုပ်ရှင်တွေမှာ Supervisor အဖြစ် ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

Knoll ညီအကိုနှစ်ယောက်ဟာ သူ့အဖေဆီက ဓာတ်ပုံပညာကိုကျောင်းသားဘ၀တည်းက အမွေဆက်ခံနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အစ်ကိုတော်
တစ်ယောက်ဖြစ်သူ John Knoll မှာ နေ၍ Macintosh ကွန်ပြူတာများကို မိတ်ဆက်ပေးခဲ့ရာမှစ၍ ဓာတ်ပုံ Software လေးတစ်ခုကို စတင်
ပြုလုပ်ရန်စိတ်ကူးရခဲ့ကြတာဖြစ်ပါတယ်။
1987 ရဲ့ပထမဆုံးနှစ်တွေမှာ မဂျစ်ကန်တက္ကသိုလ်ရဲ့ PhD ကျောင်းသား Thomas Knoll ဟာ သူ့မော်နီတာလေးကနေတစ်ဆင့်Gray scaleရ
အောင်ပြုလုပ်နိုင်တဲ့ Monochrome ပုံရိပ်များကိုဘာသာပြန်နိုင်တဲ့ Program အသေးစားလေးကိုစတင်ရေးသားခဲ့ပါတယ်။ စစချင်းမှာအခက်
အခဲတွေအများကြီးတွေ့ရပေမယ့် သိပ်မကြာခင်မှာပ ကင်မရာပေါ်ကနေရရှိလာတဲ့ ပုံရိပ်တွေကိုအထူးပြုလုပ်ချက်လေးတွေပေါင်းထည့်ပေး
နိုင်တဲ့ Program ကလေးတစ်ခုကိုရရှိမယ့်လမ်းစကိုသွားတွေ့ခဲ့ပါတယ်။ အဲဒီ Program လေးကို Image Editor လို့အမည်ပေးပြီးနောက်ပိုင်း
မှာ Photoshop 1.0 ဖြစ်လာခဲ့ပါတယ်။ အဲဒီနေရာမှာ ချီးကျူးဖို့ကောင်းတာကတော့ Thomas ရဲ့ Programming စွမ်းရည်ပါပဲ။ အဲဒီနည်းတူ
အမည်မခံပဲ နောက်ကွယ်ကနေအလုပ်လုပ်ပေးနေတဲ့ John Knoll ရဲ့ ဒီဇိုင်းနည်းပညာတွေနဲ့အတူ 1988 ခုနှစ်မှာ Image Pro ဟုခေါ်ဆိုတဲ့
Software လေးကိုစတင်ဖန်တီးနိုင်ခဲ့ပါတယ်။
စစချင်းမှာပဲ အရှုံးနဲ့ရင်ဆိုင်လိုက်ရပါတယ်။ အဲဒီ Software လေးဟာ လုံးဝကို ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အမှားတွေများစွာနဲ့ Error
တွေမြောက်များစွာနဲ့ ဈေးကွက်သို့တင်ပို့ရောင်းချခဲ့ပေမယ့် သုံးစွဲသူတိုင်းကိုစိတ်ပျက်စေခဲ့တဲ့ Software လေးတစ်ခုဖြစ်ခဲ့ရပါတယ်။
6 လကြာတဲ့အခါမှာတော့Knoll ညီအကိုနှစ်ယောက်ဟာ ကုမ္ပဏီလေးတစ်ခုကို သူတို့ Program လေးကို Copy 200 ရောင်းချခွင့်အခွင့်အ
ရေးကိုရရှိခဲ့ကြပါတယ်။ ဒါဟာသူတို့ဘ၀အတွက် ပထမဦးဆုံး အောင်မြင်ဖို့လမ်းစ လေးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Aldus ကပေါင်း
စည်းဖို့ဆွဲဆောင်ခဲ့ပေမယ့် သူတို့ရဲ့ Software ကိုသူတို့ဘာသာ လိုင်စင်တင်ပြီး ထုတ်ဝေမယ့်လမ်းကြောင်းကိုသာ Knoll ကရွေးချယ်ခဲ့
ကြပါတယ်။
1990 ရဲ့ ဖေဖော်ဝါရီလဆန်းမှာတော့ Adobe Photoshop 1.0 ကိုထုတ်ဝေခဲ့ပါတယ်။ အဲဒီ 1.0 ဟာ Image Pro ကိုအဆင့်မြင့်ထားတာဖြစ်
ပေမယ့် Image Editor ကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

1990- Photoshop 1.0
Thomas ရဲ့အကိုဖြစ်သူ John ဟာ ဒီ Program အတွက် Special Effect တွေကိုရေးသားခဲ့ပါတယ်။ Thomas ကတော့ Photoshop ထဲကို
Plug-in ဘယ်လိုထည့်သွင်းရမလဲဆိုတဲ့လမ်းကြောင်းကို တွေ့ရှိခဲ့ပြီး Add on တွေကိုသွင်းတဲ့အခါ ပိုမိုအစွမ်းထက်တဲ့ Program တစ်ခုဖြစ်
လာစေဖို့ကြိုးပမ်းအားထုတ်ခဲ့တယ်။ အဲဒီအချိန်မှာ ကုမ္ပဏီလေးဟာ သူတို့ရဲ့ Product ကို သင်္ဘောတင်ပြီးကမ္ဘာပတ်ပြီးရောင်းချဖို့ကြိုးစား
နေတဲ့အချိန်မှာဆိုရင် Adobe ကုမ္ပဏီရဲ့ ၀န်ထမ်းအရေအတွက်က စုစုပေါင်း 4 ယောက်သာရှိခဲ့ပါတယ်။
1991- Photoshop 2.0
ဒီနှစ်မှာတော့ Mark Hamburg လို့ခေါ်တဲ့ အင်ဂျင်နီယာတစ်ယောက်ရောက်ရှိလာခဲ့ပါပြီ။ အဲဒီ Photoshop 2.0 မှာလမ်းကြောင်း Path ပါဝင်
လာခဲ့ပြီး Object တွေကို အလွယ်တကူ ထွင်းနိုင်တဲ့ Tool ကိုပေါင်းထည့်ပေးခဲ့ပါတယ်။ CMYK ကာလာအတွက် အလုပ်လုပ် ပေးနိုင်စွမ်းရှိပြီး
 ပုံနှိပ်ထုတ်ဝေရေး စက်ရုံတွေအတွက် အကောင်းဆုံးဖြစ်စေကာ Pan Tool ကိုစတင်အသုံးပြုခဲ့သည်။ Photoshop 2.0 စာ Ram 4MB သာ
လိုအပ်ပါသည်။ 1992 မှာ Photoshop 2.0 ကိုထုတ်ဝေခဲ့ပေမယ့်ဒါဟာလုပ်ရိုးလုပ်စဉ်အတိုင်းသာဖြစ်ခဲ့ပြီး ထင်ရှားတဲ့ Tools များမပါဝင်ခဲ့ပါ
ဘူး။ အထူးသဖြင့် 2.5 နဲ့ 2.5.1 ဟာ Mac တွေအပေါ်မှာသာအလုပ်လုပ်ပြီး Window ပေါ်မှာ အလုပ်လုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီအနေအ
ထားကို အင်ဂျင်နီယာ Mac Hamburg ကပြောင်းလဲပစ်ဖို့ကြံစည်ခဲ့ပါတယ်။
1994- Photoshop 3.0
Layer တွေစတင်ပေါင်းထည့်လာခဲ့ပါပြီ။ Layer တွေပေါင်းထည့်လိုက်တာဟာ Photoshop ကိုပိုပြီးပြည့်စုံစေတဲ့ Software အဆင့်ကိုမြန်မြန်
ဆန်ဆန် တွန်းပို့လိုက်တာ ပါပဲ။ အမှန်တကယ်တမ်း ပြောရရင် မူလပထမဖန်တီးသူ Thomas Knoll ဟာ အခု Layer ပေါင်းထည့်တဲ့ပုံစံစနစ်
ကို Sandwich အသားညှပ်ပေါင်မုန့် စားရင်းစိတ်ကူးရသွားတာဖြစ်ပါတယ်။ အင်ဂျင်နီယာ တွေလည်းအနည်းငယ်ရောက်ရှိလာခဲ့ပြီး ကုမ္ပဏီ
လည်းလူဦးရေ 15 ယောက်လောက်ခန့်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ Window ပေါ်မှာသုံးစွဲလို့မရနိုင်သေးပါဘူး။ Window ပေါ်မှာ
သုံးစွဲဖို့အတွက်ကြားခံ Software တွေများစွာသုံးစွဲနေရတုန်းဖြစ်ပါတယ်။
1996- Photoshop 4.0
Layer တွေကို ချိန်ညှိနိုင်တာ ပြုပြင်နိုင်တာ အားလုံးကို စတင်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အထူးသဖြင့် Macro လို့ခေါ်တဲ့ Action တွေကို စတင်
ပြီးတော့ Photoshop ရဲ့ Clipboard ပေါ်မှာအကောင်းဆုံးလုပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ Photoshop ရဲ့ပြိုင်ဘက်များအဖို့ Adobe Product ရဲ့ အကောင်းဆုံးTool စွမ်းရည်တွေကို အရင်ဦးဆုံး ရရှိခဲ့တာဖြစ်ပေမယ့် လွယ်ကူရိုးရှင်းလှတဲ့ Photoshop ကိုယှဉ်ပြိုင်နိုင်
စွမ်းမရှိခဲ့ကြပါဘူး။အထူးသဖြင့် ပုံရိပ်ပြင်တဲ့ Software ကို ၀ါရင့်ဒီဇိုင်နာတွေတင်မကပဲသာမန်သုံးစွဲတဲ့သူလက်ထဲရောက်အောင်ထည့်ပေး
ဖို့ကို Thomas Knoll ရဲ့စိတ်ကူးကို လိုက်မမီခဲ့ကြပါဘူး။ အဲဒီအချိန်မှာ များသောအားဖြင့် ကွန်ပြူတာဆိုတာ သချာင်္ပါမောက္ခတွေနဲ့ ပညာရှင်
တွေပဲသုံးစွဲနိုင်တဲ့ တစ်ခုတည်းသော ဇိမ်ခံပစ္စည်းအဆင့်သာသာပဲရှိသေးတာကြောင့်လည်းဖြစ်ပါတယ်။
1998- Photoshop 5.0
နှစ်အတော်ကြာနေရာယူခဲ့ပြီးအပြည့်စုံဆုံးနီးပါး Tools များနဲ့ အကောင်းဆုံး Feature များကိုပေါင်းထည့် လာခဲ့ပါတယ်။ ဒီဇိုင်နာတွေကြိုက်
ကြတာကတော့ စိတ်ကြိုက်မတွေ့မချင်း နောက်ပြန်သွားနိုင်တဲ့ Undo Action နဲ့ History Palette ပဲဖြစ်ပါတယ်။ အချိန်မရွေးပြန်လုပ်နိုင်တဲ့
နောက်ပြန်သွားနိုင်တဲ့ Multiple Undo ဟာ ဒီဇိုင်နာ သမားတွေသာမကပဲ သာမန်သုံးစွဲသူတွေကိုပါအကြိုက် တွေ့စေခဲ့ပါတယ်။ ဒါ့အပြင်
အရောင်တွေကို ထိန်ချုပ် စီမံခန့်ခွဲနိုင်တဲ့ Color Management ကိုလည်းပေါင်းထည့်ပေးလိုက်တဲ့အတွက် Photoshop ဟာအစွမ်းကုန်တိုး
တက်လာခဲ့ပါတယ်။ Selection ဧရီယာတွေကိုအလွယ်ကူဆုံး မှတ်ယူနိုင်တဲ့ Magnetic Lasso Tool ကိုစတင်မိတ်ဆက်ပေးလိုက်ပါတယ်။
1999- Photoshop 5.5
အင်တာနက်ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ကိုယ့်ရဲ့ပုံရိပ်တွေ ကိုအင်တာနက်ပေးတင်ဖို့အတွက် Save For Web ဆိုတာကိုပါပေါင်းထည့်ခဲ့
တယ်။ အဲဒီ Tool ဟာပုံရိပ်တွေကို အရည်အသွေးမပျက်စေပဲ အသေးစားအရွယ်အစားအထိချုံ့ပစ်နိုင်ပြီးအင်တာနက်ပေါ်ကိုအလွယ်တကူ
နဲ့မြန်မြန်ဆန်ဆန်တင်ပေးနိုင်တာကြောင့် အင်တာနက်နဲ့ပက်သတ်ပြီးအလုပ်လုပ်နေကြရသော သူများအကုန်လုံးစိတ်ဝင်စားခဲ့ကြရတယ်။
5.5 နောက်မှာ ထပ်စိတ်ဝင်စားစရာ တစ်ခုက Image Ready ဖြစ်ပြီး Web ပေါ်က Graphic တွေကိုစိတ်ကြိုက် တည်းဖြတ်ပြုပြင်နိုင်ဖို့
အတွက်ပြုလုပ်ပေးနိုင်တဲ့ Program တစ်ခုဖြစ်ပါတယ်။
2000- Photoshop 6.0
စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေတဲ့ အခြား Software သုံးစွဲတဲ့သူတွေနဲ့ Web ပေါ်က Designer တွေရော အပြင်ကမ္ဘာကကွန်ပြူတာ
သမားတွေပါ Photoshop ကိုစမ်းသုံးဖို့ စတင်စိတ်ကူးလာခဲ့ကြပါပြီ။ 2000 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Version 6.0 ဟာတကယ်တမ်းပြောရရင်
စိတ်ဝင်စားစရာ ပြုပြင်ပြောင်းလဲထားတဲ့အချက်သိပ်မရှိပေမယ့် ပုံရိပ်တွေကို ပြုပြင်ဖန်တီးတဲ့နေရာမှာတော့ အဲဒီအချိန်မှာခေတ်ပြိုက်ဖြစ်
တဲ့ Corel Draw ထက် အများကြီးသာလွန် ကောင်းမွန်ခဲ့ပါတယ်။ 2000 ခုနှစ်မှာ Adobe အတွက်ရရှိလိုက်တဲ့ အကောင်းဆုံးလက်ဆောင်က
တော့ User ပေါင်းသန်းချီပြီး Photoshop အပေါ်ကိုစိတ်ဝင်စားလာခဲ့ကြခြင်းပါပဲ။
2001- Photoshop Elements
တကယ်တမ်းပြောရရင် Photoshop Elements ကိုထုတ်ဝေဖို့စိတ်ကူးမရှိခဲ့ကြပါဘူး။ ဒါပေမယ့် Adobe ဟာ သူတို့ရဲ့အားနည်းချက်ကိုသူတို့
ကိုယ်တိုင်အချိန်မီသိရှိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Adobe Photoshop ရဲ့ဈေးနှုန်းက အဆမတန်များပြားနေလို့ပါပဲ။ တိတိကျကျပြော
ရရင် Photoshop ကို အချို့နိုင်ငံတွေက စိတ်တိုင်းကျဝယ်ယူသုံးစွဲနိုင်ပေမယ့် တစ်ချို့ Printing House တွေမှာတော့ဈေးနှုန်းကြီးမြင့်တဲ့အ
တွက်ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် Photoshop Elements ကို ဈေးသက်သက်သာသာနဲ့ Photoshop ထဲက Tools တစ်
ချို့ကိုဖြုတ်ပြီးရောင်းချခဲ့တာပါ။ (Photoshop Elements ဟာ Image Ready ကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်)
2002- Photoshop 7.0
Mac OS နှင့် Window OS နှစ်ခုစလုံးမှာနန်းသိမ်းအောင်ပွဲခံသွားတဲ့ Version လို့တောင်ဆိုနိုင်ပါတယ်။ Software ဟာပေါ့ပေါ့ပါးပါးနဲ့ Web Page ထဲမှာအလွယ်တကူ အလုပ်လုပ်နိုင်တဲ့အတွက် ရှိရင်းစွဲသုံးစွဲသူ တွေကိုပိုပြီးတော့ တိုးပွားစေသလိုပြိုင်ဘက်မှာ ၀ယ်ယူသုံးစွဲနေတဲ့
Customer တွေကပါ Photoshop ကို ပြောင်းပြီးသုံးစွဲခဲ့တာ အခု Version မှာပဲဖြစ်ပါတယ်။ Vector ကိုအခြေခံတဲ့ Brush နှင့် Text ကို
မိတ်ဆက်ပေးခဲ့ပါတယ်။ Brush Tool, Patch Tool တွေနဲ့ Custom Brush တွေကိုအသစ်ထည့်သွင်းပေးခဲ့ပြီး Photoshop ထဲမှာ တစ်ခါ
တည်း စာစီစာရိုက် ပါလုပ်စေနိုင်တဲ့ Feature အတွက်စာလုံးပေါင်းစစ်ဆေးတာတွေ စာလုံးရှာတာတွေ၊ နေရာချတာတွေကိုပါ Update ပြု
လုပ်ပေးခဲ့ပါတယ်။
2003- Photoshop CS
Java Script အပါအ၀င် အင်တာနက်ဘာသာစကားပေါင်းစုံကို Support လုပ်နိုင်တဲ့ Scripting တွေကိုပေါင်းထည့်ပေးခဲ့ပါတယ်။ Layer
တွေကို အုပ်စုတွေဖွဲ့လာနိုင်ပါတယ်။ ဘယ် Layer မျိုးကိုမဆို အုပ်စုထဲမှာအတူတူအလုပ်လုပ်နိုင်စေတဲ့ Effect တွေထည့်သွင်း ပေးခဲ့ပါ
တယ်။ ဒီဇိုင်နာတွေနဲ့ ဓာတ်ပုံသမားတွေအတွက် အရေးကြီးဆုံး လိုအပ်တဲ့ Resolution အရမ်းကိုမြင့်မားတဲ့ပုံရိပ် တွေကိုပြုပြင်ဖန်တီးတဲ့လုပ်
ဆောင်ချက်ကိုထည့်သွင်းပေးခဲ့ပြီး ဖိုင်ဆိုဒ် 1GB ရှိတဲ့ပုံရိပ်ကို ဖြစ်စေ၊ Hardware မြင့်မားပါက အလွယ်တကူပြုပြင်ဖန်တီးနိုင်တဲ့အခွင့်အရေး
တစ်ချို့ ရလာခဲ့ပါတယ်။
2005- Photoshop CS-2
ဒစ်ဂျစ်တယ်ကင်မရာနဲ့ရိုက်ကူးလိုက်တဲ့အခါပုံရိပ်တွေပေါ်မှာသွားထင်တက်တဲ့ Red Eye ဖယ်ရှားမှု Tool တစ်ခုကိုပေါင်းထည့်ပေးခဲ့ပါတယ်။
CS-2 ဟာ Photoshop ရဲ့ Creative Suite တွေထဲမှာ အကောင်းဆုံးနဲ့ အပေါ့ပါးဆုံးလို့ပြောလို့ရနိုင်တဲ့ Software တစ်ခုပါ။ ပုံရိပ်တွေကို
Perspective အမြင်ကနေ ပြုလုပ်ဖန်တီးနိုင်တဲ့ Tool တစ်ခုဖြစ်တဲ့ Varnishing Point Tool ကိုပေါင်းထည့်ခဲ့ပါတယ်။
2007- Photoshop CS-3
အနည်းငယ်ဒီဇိုင်းပြောင်းသွားပါတယ်။ ဒီ Photoshop CS-3 ဟာ ကင်မရာတွေကနေရိုက်ကူးခဲ့တဲ့ Raw Image တွေကို အကောင်းဆုံးပြုပြင်
တည်းဖြတ်ဖို့အတွက် Tools အသစ်တွေပေါင်းထည့်ခဲ့ပါတယ်။ ဖုန်း၊ PDA နဲ့အခြား Portable Device တွေမှာသုံးစွဲနိုင်တဲ့ Notable CS-3
ကိုတစ်လက်စတည်းပွဲထုတ်ခဲ့ပါတယ်။ ဈေးကွက်ထဲကိုတော့ Standard နဲ့ Extended ဆိုပြီး Edition နှစ်မျိုးရောင်းချခဲ့ပါတယ်။ Window
သမားတွေအတွက်လည်း စွမ်းရည်ကို  Upgrade မြှင့်တင်ပေးခဲ့သလို Intel Chip ကိုသုံးစွဲထားတဲ့ Macintosh သမားတွေအတွက်လည်း
Performance နဲ့ Speed ကိုအကောင်းဆုံးတိုးမြှင့်ပေးခဲ့ပါတယ်။ Clone Stamp Tool ကိုလည်း အလွယ်တကူ ပွားများစေနိုင်တဲ့ Clone-
Source Palette အဖြစ် Upgrade ပြုလုပ်ပေးခဲ့ပါတယ်။
2008- Photoshop CS-4
အလွန်ချောမွေ့ပြီး Smart ကျတဲ့ Pan Tool  နဲ့ Zoom ကို Upgrade ပြုလုပ်ပေးခဲ့ပါတယ်။ Mask နဲ့ Adjustment Palette ကိုပေါင်းထည့်
ခဲ့ပါတယ်။ အရောင်ရွေးချယ်မှုမှန်ကန် စေရန်အရောင်စီမံခန့်ခွဲသော Tool များကိုအလွယ်တကူ ရရှိစေနိုင်ရန် အကောင်းဆုံးပေါင်းထည့်
ပေးခဲ့ပါတယ်။ User Interface မှာအကောင်းဆုံးတွေမြင်နိုင်ဖို့ Title Bar မှာ အဓိကကျတဲ့ Tools တွေကို အလွယ်တကူ ထည့်ပေးခဲ့ပါတယ်
2010- Photoshop CS-5
Graphic Design, Video Editing and Web Development Application များကိုပေါင်းစုပြီး Creative Suite (CS) ဟုခေါ်ဆိုခဲ့ရာမှယခု
ဆိုရင် 2010 ဧပြီလ 12 ရက်နေ့တွင်တရားဝင်ဖြန့်ချီသွားသည်။ Adobe White Rabbit အမည်ဖြင့် ထွက်ရှိလာသော CS-5 သည် အသွင်သစ်
ဖြင့်ပေါ်ပေါက်လာခဲ့ပါသည်။ အရင် Version များဖြင့် များစွာကွာခြားသော CS-5 မှာ Designer များအဖို့စိတ်ကျေနပ်စရာပင်ဖြစ်သည်။

No comments:

Post a Comment

romarakhaing blog လာရောက်ကြသောသူငယ်ချင်းများကိုလိုက်စွာကြိုပါ၏။

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.