FRESH

Tuesday, September 11, 2012

Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန် နည်းလမ်း

Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန် နည်းလမ်း
Laptop Computer ကို အသုံးပြုတဲ့သူ များတဲ့အကြောင်းကတော့ မည်သည့်နေရာမှာမဆို အချိန်မရွေး Power Supply နဲ့  ဆက်သွယ်စရာမလိုပဲ အသုံးပြုနိုင်လို့ ပဲ ဖြစ်ပါတယ်…
ဒါပေမဲ့ Laptop နဲ့  တခြား Mobile Device တွေရဲ့ အကြီးမားဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကတော့ လိုအပ်တဲ့အတိုင်းအတာအထိ Battery Power က မပေးစွမ်းနိုင်တာပါပဲ…
ဒီတော့ သတ်မှတ်ထားတဲ့ စွမ်းအားပြည့်နဲ့  Battery Power ကို အသုံးပြုနိုင်စေရန် နည်းလမ်းများကို ရှာဖွေခဲ့ကြပါတယ်…
အကောင်းဆုံးနဲ့  အလွယ်ကူဆုံး နည်းလမ်းကတော့ လွမ်းတို့  အသုံးပြုတဲ့ Operating System တွေမှာ Power Management Function တွေ ထည့်လာတာပါပဲ…
ခုနောက်ဆုံး အသုံးပြုနေကြတဲ့ Windows 7 မှာဆိုရင် Power Saver တွေ ပါလာတာကို တွေ့ ကြရမှာပါ…
အဲဒါတွေကတော့-
အလိုအလျောက် LCD Brightness ကို လျှော့ချပေးတယ်…
CPU Clock Speed ကို နှေးကျသွားစေတယ်…
Laptop ကို အသုံးမပြုတဲ့အချိန်မှာ Hard disk operation ကို ရပ်ထားပေးတယ်…
Laptop က Idle State ဖြစ်နေရင် LCD Disply ကို Switch off လုပ်ထားပေးတယ်…
တကယ်လို့ များ ကိုယ့် Laptop ရဲ့ Batttery Power ကို အချိန်ကြာမြင့်စွာ သုံးချင်တယ်ဆိုရင်တော့ အောက်ပါအချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်…
၁။ Use only the necessary applications
စာတွေပြင်တာ၊ ဇယားတွေဆွဲတာ၊ Mail တွေစစ်တာလောက်ကတော့ Starcraft II Game ကစားတာမျိုးနဲ့  high-definition Video တွေကြည့်တာလောက် Power မကုန်ပါဘူး… အသုံးမပြုတဲ့ Application တွေကို ပိတ်ထားသင့်ပါတယ်…
၂။ Dim the monitor’s LCD brightness as much as possible
Cooling Fan နဲ့  အလုပ်လုပ်နေတဲ့ CPU က ဒီလောက် Power consumption မရှိပေမဲ့ အများဆုံး Power consumption ယူထားတဲ့ LCD ရဲ့ Brightness ကို လျှော့ချထားတာဟာလဲ Battery Power ကို ကြာရှည်သုံးနိုင်တယ်လို့  ဆိုပါတယ်…
၃။ Keep the laptop’s temperature as low as possible
Laptop မှာ Internal temperature sensors နဲ့  cooling fan ကို အလုပ်လုပ်စေတာပါ… မိမိရဲ့ Laptop ကို လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ အသုံးပြုပြီး Laptop ကို အေးအောင်ထားနိုင်တဲ့ အခြေအနေဆိုရင် cooling fan ရဲ့ လည်ပတ်အားလျော့ကျသွားစေနိုင်တဲ့အတွက် Power consumption ကို လျော့ကျစေနိုင်ပါတယ်…
၎။ Use earpieces instead of the laptop’s in-built speaker
Speaker က Battery က Power ကို ယူထားတာပါ… အသံပိုကျယ်လေ Power ပိုကုန်လေပါပဲ… ဒီတော့ Speaker အစား earpieces ကိုသာ အသုံးပြုသင့်ပါတယ်…
၅။ Remove any unused USB devices from the laptop
USB Port တစ်ခုဟာ 5V DC Power ကို ယူထားတာပါ… ဒါကြောင့် မလိုအပ်တဲ့ Thumb Drive နဲ့  External Hard Disk တွေကို USB Port မှာ ထည့်မထားသင့်ပါဘူး…
၆။ If you are leaving your computer idle for more than 10 minutes, hibernate it instead of leaving it in the sleep mode
Windows 7 မှာဆိုရင် Sleep နဲ့  Hibernate ဆိုပြီး ၂-မျိုးရှိပါတယ်… Hibernation ဆိုတာ Hard disk ထဲမှာရှိတဲ့ Computer state ကို သိမ်းပြီး Computer ကို လုံးဝပိတ်ပေးသွားမှာပါ… Sleep ကတော့ system state ကို ကာကွယ်ဖို့ နဲ့  memory content alive ဖြစ်နေတဲ့အတွက် Battery power ကို ယူထားရတာပါ… ဒါကြောင့် ၁၀-မိနစ်ထက် ပိုပြီး Laptop ကို အသုံးမပြုဘူးဆိုရင်တော့ Hibernate လုပ်ထားရပါမယ်…
၇။ Make use of the latest power saving technologies if they are available in your laptop
အကောင်းဆုံးဥပမာအနေနဲ့  Dual Graphics Card အသုံးပြုတဲ့ Laptop တွေ အသုံးပြုဖို့ ပါ… Integrated Graphics Card တွေဟာ Power consumption နည်းလို့  ပါပဲ… နောက်တစ်ခုက LCD Display ရဲ့ Brightness ကို ချိန်ညှိပေးနိုင်တဲ့ Light sensor ပါတဲ့ Laptop တွေကို အသုံးပြုသင့်တာပါ…
အထက်ပါလမ်းညွှန်ချက်တွေကို လိုက်နာမယ်ဆိုရင် Laptop ရဲ့ Battery Power ကို အချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်…
မှတ်ချက်။ ။ Nanyang Technological University မှ ထုတ်ဝေသော Issue 10 မှ Maximise the Power of Your Laptop Battery ကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်…

No comments:

Post a Comment

romarakhaing blog လာရောက်ကြသောသူငယ်ချင်းများကိုလိုက်စွာကြိုပါ၏။

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.