သီချင်းတွေကို
ဖြတ်ညှပ်ကပ် လုပ်ချင်ရင်ဖြစ်ဖြစ်၊ Record လုပ်ထားတဲ့ sound file တွေကို
edit လုပ်ချင်ရင် ဖြစ်ဖြစ် Audacity ဆိုတဲ့ software လေးကို သုံးကြည့်ပါ။
OpenSource ဆိုတော့ free download လုပ်လို့ ရပါတယ်။
(ကၽႊန္ကတော႕ ဒီ software သုံးပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဖြတ်ပြီး ringtone လုပ်ဖို့ သုံးတာ များပါတယ်။ ပိုက်ပိုက် မကုန်တဲ့ နည်းပေါ့။)
Audacity Windows Website မှာ download လုပ်ပါ။ ထုံးစံအတိုင်း next -> next -> next များကို နှိပ်ပြီး install လုပ်ရပါမယ်။
mp3 များကို ဖြတ်ညှပ်ကပ်လုပ်ရန်
၁။ File -> Open မှတဆင့် mp3 တစ်ပုဒ်ကို ရွေးပါ။
၂။ အောက်ပါအတိုင်း သံစဉ်လှိုင်းများ ပေါ်လာလျှင် မိမိ အလိုရှိသော သံစဉ် အပိုင်းကို select လုပ်ပါ။ (မိမိ အလိုရှိသော အပိုင်းကို အတိအကျသိရန် play လုပ်ပြီး အချိန် အပိုင်း အခြားကို သေချာ မှတ်သားထားပါ။)

No comments:
Post a Comment
romarakhaing blog လာရောက်ကြသောသူငယ်ချင်းများကိုလိုက်စွာကြိုပါ၏။