FRESH

Tuesday, March 5, 2013

Swish Max 2 ဖြင့် သီချင်းစာသားနှင့် Effect ထည့်ခြင်း

Swish Max 2 ဖြင့် သီချင်းစာသားနှင့် Effect ထည့်ခြင်း

လွမ်း Flash Song လုပ်တဲ့နည်းအတိုင်း ရေးပေးပါမယ်…
၁။ Flash Song တစ်ပုဒ်ဖန်တီးတော့မယ်ဆိုရင် မိမိပြုလုပ်မဲ့သီချင်းကို ချုံ့ ထားရပါမယ်… မိမိနှစ်သက်ရာ Software သုံး၍ ချုံ့ ထားပါ…
၂။ သီချင်းကို နားထောင်ပြီး Microsoft Word ထဲမှာ မိမိပြုလုပ်မဲ့ Font ကို ရွေးပြီး သီချင်းစာသားတွေကို ရေးထားပါတယ်… ထပ်ခါထပ်ခါ ပြန်ဆိုတဲ့ စာသားတွေပါ ချရေးထားရပါမယ်…
၃။ Swish Max 2 ကို ဖွင့်လိုက်ပါမယ်…
Swish Max 2 ကို ဖွင့်ရင် မြင်ရမဲ့ မြင်ကွင်းပါ…
၎။ ပုံတွင်ပြထားသည့်အတိုင်း Movie မှာ မိမိ Flash Song ပြုလုပ်မည့် Width နဲ့  Height ကို ကလစ်ပြုလုပ်ပြီး ထည့်ရပါမယ်… Background Color ရွေးရပါမယ်...
Frame Rates က Swish Max 2 က 12 Fames/sec ဖြစ်နေတာကို တွေ့ ရမှာပါ…
လွမ်းက Wide Screen ကို သဘောကျတဲ့အတွက် Width 800 နဲ့  Height 520 ထားတာကို တွေ့ ရမှာပါ…
View ကို 79% ထားတာကို တွေ့ မှာပါ…
၅။ Insert >>>Soundtrack ကို Click လုပ်ပြီး Flash ပြုလုပ်မည့် သီချင်းကို ထည့်လိုက်ပါမယ်...



၆။ သီချင်းထည့်ပြီးသွားပြီဆိုရင် Word ထဲက သီချင်းစာသားကို ပုံတွင်ပြထားသည့်အတိုင်း Select ပြုလုပ်ထားပြီး Copy (Ctrl+C) လို့  လုပ်ထားပါမယ်။
Swish Max 2 Window ဖွင့်ပြီး T ဆိုတာကို ရွေးချယ်ပြီး Text Box ဆွဲလိုက်ပါမယ်…


လွမ်းပုံတွင်ပြထားသည့်အတိုင်း ညာဖက်ခြမ်း စာသားနေရာကို Select ပုလုပ်ပြီး Paste(Ctrl+V) ပြုလုပ်လိုက်ပါမယ်…
Text မှာ မိမိရေးလိုသော Font, Size နဲ့  အရောင်တွေကို ရွေးချယ်ထားရပါမယ်...


အထက်ပါနည်းအတိုင်း Word Window ဖွင့်ပြီး ဒုတိယလိုင်း စာသားကို Select, Copy လုပ်၊ Swish Max Window ဖွင့် T ကို Click လုပ်ပြီး Text Box လုပ်၊ စာသားကို Select လုပ် Paste လုပ်…စသဖြင့် တစ်လိုင်းချင်း လုပ်သွားပါက သီချင်းစာသားတစ်ခုလုံး Swish Max Screen တွင် ထည့်ပြီး ဖြစ်နေပါလိမ့်မယ်။


၇။ သီချင်းစာသားအားလုံး ထည့်ပြီးမှ သီချင်းကို Play လုပ်ကြည့်ပြီး သီချင်းသံ စထွက်သော နံပါတ်ကို မှတ်ထားပါမယ်…
၈။ ပုံတွင်ပြထားသည့်အတိုင်း ပထမဆုံး သီချင်းစာသားလိုင်းကို Select ရွေးထားလိုက်ပါမယ်…
Time Line မှာ မိမိရွေးထားသောစာသားက အပြာရောင် ပေါ်နေပါလိမ့်မယ်… Mouse ကို သီချင်းသံ ပေါ်လာသည့်နေရာတွင် Right Click >>>Effect>>> Looping Continuously>>>Wild – Rainbow ကို ရွေးချယ်လိုက်ပါတယ်…

Play Effect ကို ဖွင့်ပြီး သီချင်းသံအတိုင်း Duration ကို အတိုးအလျှော့လုပ်ပေးပါမယ်… လွမ်းလုပ်ထားတဲ့ပုံတွင် Wild Rainbow(50) ဆိုတာကို တွေ့ ရမှာပါ… Play Effect လုပ်တဲ့အခါ Swish Max 4 လိုမဟုတ်ပဲ ချက်ခြင်းအသံပေါ်လာတဲ့အတွက် သီချင်းစာသားမှာ သီချင်းသံထည့်တာ Swish Max 2 က အရမ်းကို ကောင်းနေတာ တွေ့ ရမှာပါ…

ရွေးချယ်ထားသော Effect ပေါ်တွင် Mouse ထား၍ Double Click ပြုလုပ်ပါက အောက်ပါ Window ပေါ်လာပါက အရောင်ကို ရွေးချယ်နိုင်သလို Overlap ကို အတိုးအလျှော့ ပြုလုပ်ပေးနိုင်ပါတယ်...



၉။ မိမိနှစ်သက်ရာ Effect တစ်ခု လုပ်ပြီးသွားရင် ပုံတွင်ပြထားသည့်အတိုင်း Right Click>>>Copy Effect ရွေးထားပါမယ်...

ဒုတိယစာသားလိုင်းတွင် Mouse ကိုထားပြီး Right Click>>>Paste Effect လုပ်ပါမယ်...


Play Effect လုပ်ပြီး Duration အတိုးအလျှော့လုပ်ပါမယ်…
ဤနည်းအတိုင်း စာသားများအားလုံးကို သီချင်းသံအတိုင်း Effect များကို လွယ်ကူစွာ ထည့်သွားနိုင်ပါတယ်…
အားလုံးပြီးပြီဆိုရင်တော့ File>>>Save လုပ်ပြီး သိမ်းထားပေးပါ…

လွမ်းက သီချင်းစာသားနဲ့  သီချင်းသံအလိုက် Effect များကို Swish Max 2 တွင်လုပ်ပြီး သိမ်းထားလိုက်ပါတယ်...
ပြီးတော့မှ Swish Max 4 မှာ ပုံတွေ၊ Animation တွေ၊ Mouse Effect တွေ ထည့်ပြီးမှ Swish Max 2 မှ စာသားကို Insert >>>Import Animation နဲ့ ထည့်ပါတယ်...
Text Effect ကို Shade တွေ လိုက်ထည့်ပါတယ်...
အရေးအကြီးဆုံးအချက်ကတော့ Swish Max 4 Frame Rates ကို Swish Max 2 အတိုင်း 12 Frames/sec ထားရပါမယ်...
သူငယ်ချင်းများအားလုံး နည်းပညာများ ကျွမ်းကျင်ကြပါစေ...

No comments:

Post a Comment

romarakhaing blog လာရောက်ကြသောသူငယ်ချင်းများကိုလိုက်စွာကြိုပါ၏။

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.