FRESH

Wednesday, November 14, 2012

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။

ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။
Download Links:






Ref:Ref: mediasection/www.planetcreator.net & World wide myanmar

Windows 8 အကြောင်း သိကောင်းစရာ




Microsoft ကနေပြီးတော့ Windows 7 ထက်ပို၍ update ဖြစ်သော Windows 8 developer
review version ကို 2011 Customer Electronic show တွင် ပထမဦးဆုံးပွဲထုတ်ခဲ.ပါတယ်။ နောက်ဆုံး version ဖြစ်တဲ. Windows 8 Consumer Preview ကို microsoft က 29 February 2012 နေ.တွင် မိတ်ဆက်ပြသခဲ.ပါတယ်။Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen, mouse, keyboard, pen input တို့ဖြင့် လွယ်ကူစွာ အသုံးပြု နိုင်မည် ဖြစ်ပါသည်။Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင် သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။ Window server 8 ကို Server version အနေနဲ. ဖြင့်လည်း ထွက် ရှိခဲ.ပါတယ်။

Windows 8 ၏ Minimum System Requirement
Microsoft ကနေပြီးတော့ Windows 8 ကိုလည်း Windows 7 အတိုင်း minimum requirement ကို တက်နိုင်သမျှ အနည်းဆုံးဖြင့် ပွဲထုတ်ခဲ.ပါတယ်။ Windows 8 ၏ minimum requirement တွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။၎င်းတို့ကတော့-
• 1 GHz or faster 32-bit (x86) or 64-bit (x64) processor
• 1 GB RAM (32-bit) or 2 GB RAM (64-bit)
• 16 GB available hard disk space (32-bit) or 20 GB (64-bit)
• DirectX 9 graphics device with WDDM 1.0 or higher driver
• Taking advantage of touch input requires a screen that supports multi-touch တို့ဖြစ်ကြပါတယ်။

Metro User Interface
Windows 8 က အရင်ကထွက်ဖူးတဲ. Windows operating system များနဲ. မတူဘဲ Metro interface ဖြင့် ပွဲထုတ်ခဲ့ပါတယ်။Windows ကို logon ၀င်လိုက်သည်. နှင်. တစ်ပြိုင်နက် Metro user interface အနေဖြင့် တွေ.မြင် ရမှာဖြစ်ပါတယ်။ Metro interface ဆိုသည်မှာ- လေးထောင့်ပုံစံအတုံး icons ကလေးများ (Tile based interface) ဖြင့်ဖွဲ.စည်း ထားခြင်းကို ဆိုလိုပါသည်။ Metro interface ကို အသုံးပြုရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ user များအနေဖြင့် Windows 8 ကို အသုံးပြုရာတွင် ရိုးရိုးရှင်းရှင်းနဲ. လျှင်လျှင်မြန်မြန် အသုံးပြု နိုင်စေရန် ပင်ဖြစ်ပါသည်။
Windows 8 ၏ Task Manager အကြောင်း
Windows 8 ရဲ. Task Manager ကိုတော့ အရင်ထွက်ရှိခဲ.တဲ. windows တွေရဲ. Task manager နဲ.မတူဘဲ လွယ်ကူ ရိုးရှင်းစွာ ဖြင့် design ဆွဲထားပါတယ်။အောက်ဘက်ရှိ ပုံတွင် Windows 8 ရဲ့ Task Manager ကိုဖော်ပြထားပါ သည်။

Windows 8 ၏ Cloud စနစ်အကြောင်း
Windows 8 မှာ Cloud စနစ်ကို build in အနေနဲ့ ပါဝင်ပါတယ်။ထိုကဲ့သို့ပါဝင်မှု့ဟာ Microsoft ရဲ. SkyDrive cloud storage က running Windows 8 run ထားတဲ. tablets, PCs နဲ.phones တွေကို မြန်မြန်ဆန်ဆန် နဲ. သင်.ရဲ. personalization, desktop background settings Data တွေ ကို access လုပ်နိုင်အောင် ထောက်ပံပေးမှာ ဖြစ်ပါတယ်။

Windows 8 ၏ power usage အကြောင်း
Windows 8 မှာဆိုရင် Power အသုံးပြုမှု့ ဟာလည်း တခြား windows အဟောင်းများ ထက်လျော.နည်းပြီး data တွေရဲ့ transfer နှုန်းလဲ ပိုမိုမြန်လာပါတယ်။ Windows TO GO Windows 8 ကို မိမိ ၏ USB device (such as a flash drive) ပေါ်တွင်လည်း တင်ထားနိုင်ပြီး portable window သဖွယ် လည်း အသုံးပြုနိုင်ပါသည်။

Windows 8 may be 128 bit
Windows 8 က 128 bit processor တွေကို ထောက်ပံပေးနိုင်သော ပထမဦးဆုံး operating System တစ်ခုဖြစ်ပါသည်။Window 8 128bit iso တွေ ကို အောက်ဖော်ပြပါ link မှာ download ယူနိုင်ပါတယ်။
http://www.forumswindows8.com/windows-8-download/
Windows 8 ၏ မြန်မာစနစ်အကြောင်း
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင် အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှ၂၀၁၁ စက်တင်ဘာလ ၂၀ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့သည်။Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။

Internet Explorer 10
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် ပါဝင်သော IE 10 ဟာ အသစ်အသစ်သော programming language များဖြစ်သော HTML5, CSS3 နှင့် more powerful web application တွေကိုအထောက်အပံပေးနိုင်ပါသည်။

Virtualization
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် virtualization အတွက် Hyper-V ကို ထည်.သွင်း ပေး ထား ပါသည်။Hyper-V ကို default အနေနဲ.ဖြင့် တော့ တွေ.ရမည် မဟုတ်ပါ။ထို့ကြောင့် ရှေးဦးစွာ install ပြုလုပ်ပေးရမည် ဖြစ်ပါသည်။Install လုပ်ရန်မှာ- Control Panel\Programs\Programs and Features\Turn Windows features on or off မှာ hyper-v ကို install လုပ်ရမည်ဖြစ်ပါသည်။ Windows 8 Hyper-v အနိမ်.ဆုံး system လိုအပ်ချက်တွေကတော့
• 64-bit version of Windows 8
• 64-bit processor နှင့်
• 4 GB of RAM တို့ဖြစ်ပါသည်။
အထက်တွင် Microsoft ၏ Window 8 အကြောင်းသိကောင်းစရာကို ဖော်ပြထားပြီး ဖြစ်ပါသည်။ ဆက်လက်၍ ဖော်ပြသွားမည် ဖြစ်ပါသည်။

Windows RT ဆိုတာ ဘာလဲ



 ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၈ နေ့က Windows 8 Pro, Windows RT တို့နဲ့အသုံးပြုနိုင်မယ့် Surface လို့ခေါ်တဲ့ tablet တစ်မျိုးကို Microsoft ကုမ္ပဏီက မိတ်ဆက်ကြေညာပေးခဲ့ပါတယ်။


ယခင်က Windows on ARM လို့လူသိများတဲ့ Windows RT ရဲ့အခြားသော Windows operating system နဲ့ မတူညီတဲ့အချက်ကတော့ Microsoft ကအသိအမှတ်ပြုထားတဲ့ Windows Store ပေါ်က software များနဲ့သာ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ARM အသုံးပြု ထုတ်ကုန်တွေပေါ်မှာသာ သုံးနိုင်မယ့် Windows RT နဲ့ပတ်သက်တဲ့ သိထားသင့်တာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

Windows RT ဆိုတာဘာလဲ။
အထက်မှာ ဆိုခဲ့တဲ့အတိုင်း Windows 8 နဲ့ Windows RT ဟာ ကွဲပြားခြားနားပါတယ်။ Microsoft ဟာ Windows 8 ဗားရှင်းတွေကို ယခင် Windows ဖြန့်ချိစဉ်ကထက် ဗားရှင်းများ လျှော့ချထုတ်လုပ်ရန် ရည်ရွယ်ထားတာနဲ့အမျှ Windows RT လို့ခေါ်တဲ့ ARM ပရိုဆက်ဆာတွေပေါ်မှာသာ အသုံးပြုနိုင်တဲ့ Windows 8 ဗားရှင်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Windows RT နဲ့ WinRT တို့ရဲ့အဓိပ္ပာယ်က တူပါသလား။
အတိုဆုံး ဖြေရမယ်ဆိုရင်တော့ မတူညီပါဘူး။ အကျယ်ချဲ့ပြီး ရှင်းပြရမယ်ဆိုရင်တော့ WinRT လို့ခေါ်တဲ့ Windows Runtime ကို Windows 8 နဲ့ Windows RT နှစ်မျိုးစလုံးပေါ်မှာ အသုံးပြုနိုင်ပါတယ်။ Runtime ဆိုတာဟာ Metro app သစ်များကို ထောက်ပံ့ပေးတဲ့ အင်ဂျင်အတွက် နည်းပညာဆိုင်ရာ အသုံးအနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ Windows Runtime ဆိုတဲ့အသုံးအနှုန်းကို အခုမှ စတင်အသုံးပြုတာ မဟုတ်ပါဘူး။ Hardware တွေနဲ့ အပြန်အလှန် အလုပ်လုပ်နိုင်မယ့် software ကို developer တွေရေးသားနိုင်စေမယ့် application programming interfaces (APIs) ကိုလည်း Runtime ကို ရည်ညွှန်းခေါ်ဆိုပါတယ်။ Windows RT ကတော့ ARM ပေါ်မှာသုံးနိုင်မယ့် Windows 8 အတွက် Microsoft က ရိုးရိုးရှင်းရှင်း အမည်ပေးထားတာပါ။

Metro ဆိုတာဘာလဲ။
Metro ဆိုတာကတော့ Windows 8 ရဲ့ user interface သစ်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ Icon များအစား tile များကို အသုံးပြုထားပြီး အချက်အလက်တွေကို app ကနေ အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးပါတယ်။ ၎င်းတို့ကို WinRT နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

WinRT ဆိုတာဘာလဲ။
အခြေခံအားဖြင့် WinRT ဟာ Windows 8 ရဲ့ Metro အပိုင်းကို ကျောထောက်နောက်ခံ ပြုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းဟာ Windows developer တွေအတွက် program ရေးဆွဲခြင်းကို ပိုမို ရိုးရှင်းစွာနဲ့ ပြုလုပ်နိုင်စေပါတယ်။ Metro အတွက် coding များဟာ Windows 7 နဲ့အစောပိုင်း Windows အတွက် program တစ်ခုကို ရေးဆွဲခြင်းထက် ပိုမိုလွယ်ကူတာကြောင့် Windows 8 ဟာ developer များကို ဆွဲဆောင်နိုင်မယ့် နေရာတစ်ခုဖြစ်လာပါတယ်။

Windows 8 နဲ့ Windows RT ဘာတွေကွာခြားသလဲ။
Windows 8 နဲ့ Windows RT မှာ သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုတွေရှိပါတယ်။ ဒီအချက်တွေကပဲ Windows RT ကိုကျရှုံးနိုင်စေပြီး Windows 8 ကို အောင်မြင်မှုရရှိစေနိုင်ပါတယ်။ ကွာခြားချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

- Windows RT ကို ARM အသုံးပြု ထုတ်ကုန်တွေပေါ်မှာသာ သုံးနိုင်ပါတယ်။
- Windows RT မှာ Desktop mode ပါဝင်ပေမယ့် pre-install ကိုတော့ ကန့်သတ်ထားပါတယ်။ Pre-install အနေနဲ့ touch နဲ့သုံးနိုင်မယ့် Microsoft Office (Word, Excel, PowerPoint, OneNote) တို့ကို ထည့်သွင်းပေးထားပါတယ်။
- Windows RT မှာ device encryption ပါဝင်ပါတယ်။
- x86/x64 program အဟောင်းတွေကိုတော့ Windows RT မှာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

Windows RT မှာ ဘယ်လို app အမျိုးအစားတွေကို အသုံးပြုနိုင်သလဲ
အင်တာနက်ချိတ်ဆက်မှု၊ cloud synchronization နဲ့တုံ့ပြန်နိုင်စွမ်းရှိတဲ့ Metro app တွေကို Windows RT ပေါ်မှာ သုံးနိုင်ပါတယ်။

ARM အသုံးပြု ထုတ်ကုန်အဟောင်းတွေပေါ်မှာ Windows RT ကို အသုံးပြုနိုင်ပါသလား။
အသုံးမပြုနိုင်ပါ။ Windows RT ကို pre-install အနေနဲ့သာ ရရှိနိုင်မှာ ဖြစ်တဲ့အတွက် ARM အသုံးပြုမှု ထုတ်ကုန်အဟောင်းတွေပေါ်မှာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

ARM ရဲ့ အကျိုးကျေးဇူးက ဘာတွေလဲ
ARM ပရိုဆက်ဆာတွေဟာ ဈေးကွက်ထဲမှာရှိတဲ့ iOS, Android နဲ့ အခြားသော မိုဘိုင်းထုတ်ကုန်တွေမှာ အသုံးပြုထားပါတယ်။ ၎င်းဟာ ဘက်ထရီစွမ်းအင် ထိန်းချုပ်မှုအပိုင်းမှာ ကောင်းမွန်တဲ့အတွက် ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုကြခြင်းဖြစ်ပါတယ်။

Windows RT မှာ အားနည်းချက်များရှိသလား။
Windows 8 မှာ အသုံးပြုတဲ့ core API တွေကို Microsft က Windows RT မှာအသုံးပြုမှု ကန့်သတ်ထားပါတယ်။ ဒီအချက်ဟာ browser ကုမ္ပဏီများအကြား အံ့အားသင့်ဖွယ်ရာဖြစ်ခဲ့သလို Microsoft အနေနဲ့လည်း Apple က iOS ကို ထိန်းချုပ်ထားသလိုမျိုး Windows RT ကိုထိန်းချုပ်ကာ browser ဆန်းသစ်တီထွင်မှုများကို လျှော့ချရန် ကြိုးပမ်းဖွယ်ရှိပါတယ်။ နောက်အားနည်းချက် တစ်ခုကတော့ Windows RT အတွက် OEM လိုင်စင်ဟာ အမေရိကန်ဒေါ်လာ ၈၀ ခန့် ကျသင့်ဖွယ်ရှိပါတယ်။ ဒီအချက်ဟာ WindowsRT ရဲ့ဈေးနှုန်းကို အခြားသော Android ထုတ်ကုန်များထက် ကြီးမြင့်စေမယ့် အချက်ဖြစ်ပါတယ်။ ဒါ့အပြင် Windows RT tablet ဟာ Windows 8 tablet နဲ့အမြင်အားဖြင့် တူညီနိုင်တဲ့အတွက် ၀ယ်ယူသူများအနေနဲ့ စိတ်ရှုပ်ထွေးစရာဖြစ်နိုင်ပါတယ်။

ရေးသားသူ - ဘမ်ဘီ

Andriod ဖုန်း တွေကို zawgyi မြန်မာစာ ထည့်နည်းအလွယ်ဆုံးနည်းလေးပါ။

Andriod ပါတဲ့ ဖုန်းတွေကို မြန်မာစာ ထည့်တာလွယ်ပါတယ်...အထူးသဖြင့် samsaung galaxy တွေဆိုရင် ပိုလွယ်ပါတယ်...ကျွှန်တော်ကိုယ်တိုင်းလည်းဒီနည်းလေးနန်ဘဲဖုန်းမာမြန်မာလို
စာရိုက်နိုင်ခဲပါတယ်။ဒီနည်းလေးကိုတော့ကို(ကိုနေမင်းအောင်)လင့်ကနေဖေါ်ပြလိုက်တာပါ။
အရင်ဦးဆုံး မိမိဖုန်းကို wifi ကို အရင်ချိတ်လိုက်ပါ..ပြီးရင် မိမိတို့ ဖုန်းမှာ ပါတဲ့
Play store သို့မဟုတ် Mareket ကို အရင်သွားလိုက်ပါ
fontomizer sp လို့ ရိုက်ထည့်လိုက်ပါ..ပြီးရင် မှန်ဘီလူးလေးကို နှိပ်လိုက်ပါ..မတွေ့ဘူးဆိုရင် အောက်မှာ ဒေါင်းလိုက်ပါ
javascript:void(0)
fontomizer sp ကို တွေ့ပါလိမ့်မယ်....(install) လုပ်လိုက်ပါ...လုပ်ပြီးဒါနဲ့ ဖုန်းရဲ့ (application) မူလ scereen ကို သွားလိုက်ပါ အဲမှာ အောက်မှာပြထားတဲ့ ပုံအတိုင်းတွေ့ပါလိမ့်မယ်


အဲမှာ လက်လေးနဲ့ တချက်ထောက်လိုက်ပါ...(click to start) လေးကို လက်လေးထောက်လိုက်ပါ....တွေ့ပါလိမ့်မယ်..fontomizer sp နဲ့ ပတ်သက်တဲ့ (font) တွေ မြင်တွေပါမယ်....အောက်ဆုံးက (zawgyi one) ဆိုတာလေးကို ရွေးလိုက်ပါ..ပြီးရင် (this is sample text in english) ကို လက်လေးနဲ့ ထောက်လိုက်ပါ
(install) လုပ်ဖို့ တောင်းပါလိမ့်မယ်
(install) လုပ်လိုက်ပါ..ပြီးရင် (Done) နှိပ်လိုက်ပါ
ဖုန်းရဲ့ (setting)ကို သွားလိုက်ပါ အောက်က ပုံလေးအတိုင်း အဆင့်ဆင့် လုပ်သွားပါ














   ဒါဆိုရင် မြန်မာစာ အိုကေသွားပြီပေါ့...
ကီးဘုတ်ကတော့ အောက်မှာဒေါင်းလိုက်ပါ
http://205.196.121.66/vml9w3zvi24g/7ljccq2ivcil3su/FrozenKeyboard.apk
ဒေါင်းပြီးရင် setting>language and keyboard မှာ input method ကို ၂စက္ကန့်လောက်ဖိထားပါ ပြီးရင် frozen ကို ရွေးလိုက်ပါ....အိုကေ အဆင်ပြေကြပါစေ......

Android ဖုန်းကို Root လုပ်နည်းနှင့် + Android ဖုန်းမှာ Myanmar Fonts ထည့်နည်း

Root ဆိုတာ ဘာလဲ .......... ?? 
Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ .... 
Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။ 



ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??   
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ  .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......  
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။   
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို  စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

-       Z Root
-       Gingerbreak
-       Easy Root Tookit
-       Eric Root
-       CF Root
-       Super one Click
-       Revolutionary (HTC)
-       S2 Root (Samxung Galaxy)
 စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။ 
How to Root Samsung Galaxy Y GT-S5360 
နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။ 
Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။ 

Downloading From MediaFire

Downloading From Sharebeast 

Downloading From Ziddu 

Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။

Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ 

Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။

Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။

Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။ 

ဒါကတော့ Zawgyi Font နဲ့ Keyboard ထည်းနည်းပါ  

 

 
Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ 
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက 
အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 
Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး 
ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ 
မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
 
ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
Step (1)  Installing of Root Explorer
Step (2) Installing of Zawgyi Fonts
Step (3) Installing of Frozen Keyboard


Installing of Root Explorer
 
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger 
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts 
သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက် 
Roots Explorer က ပိုအဆင်ပြေပါတယ်။ 
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts 
For Android ဆိုပြီး Zip File ရလာပါမယ်။


အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone 
ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ 
 
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown
 Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
 
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
 
ကိုယ့်ရဲ့ phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ 
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root 
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။

Installing of Zawgyi Fonts

Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software
 ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
 ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။ အဲဒီထဲကမှ 
မိမိရဲ့ SD Card ကိုရှာပါ။

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ 
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။

DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။

Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel 
ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။

Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။

/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို 
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။

Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
 အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O 
ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။

တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
 fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့
 နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ 
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning 
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ 
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။

နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့
 DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok 
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount 
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။ 
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊ 
website တွေကို 
ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။ 
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ …. 

အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။ 
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts 
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို 
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ 
DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။ 

Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk 
ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။ 
 
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။ 
 
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။ 
 
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings 
ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။ 
အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
 
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
 
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ 
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို 
ရှာပြီး ရွေးပေးလိုက်ပါ။

အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC 
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။ 

အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ်

Ref;http://www.pyaephyo.com

မြန်မာ ကွန်ပျူတာ E-books နှစ်ရာ

မန်မာ ကွန်ပျူတာ အီးဘုတ် နှစ်ရာ ကို တစ်နေရာတည်း စုစည်း ပြီး ရှယ်ပေးလိုက်ပါတယ် တစ်ဖိုင်စီ ဒေါင်းရမှာပါ ကိုယ်ကြိုက်တာ ကိုယ်ဒေါင်းပါ့ ကီကီးတင်ထားတာတွေ ကို ပြန်ပြီး သိမ်းထားပြီး ရှယ်ပေးတာပါ ကျွန်တော်တင်ထားတာ မဟုတ်ဘူး သူတင်တာကို ကျွန်တော့် ( အာကာဖြိုး {နည်းပညာ} )ဆီ ပြောင်းယူထားလိုက်တာပါပြည်တွင်း ကလဲ အဆင်ပြေအောင် minus မှာ သိမ်းထားပေးပါတယ် နှစ်သက်ရာကို ဒေါင်းလော့ချပါ။

ဒေါင်းရန်-
မင်းသားချေနှိက်လိုက်ပါ။

အာကာဖြိုး ( နည်းပညာ ) ဆိုဒ်မှ သူငယ်ချင်းများ လေ့လာ သင်ယူနိုင်ရန် ပြန်လည် Share ပေးလိုက်ပါသည်။

Andriod ကို ဘာကြောင့် root လုပ်ရသလဲ


ဒီအကြောင်းအရာတွေက Android ပေါ်မှာ root လုပ်လိုက်လို့ ရတာတဲ့ အစုလိုက်ထဲက အကျိုးအမြတ် တစ်ခုကို ရှာဖွေ ရှင်းပြပေးမှာပါ။ပြီးတော့ Android Phone တစ်လုံးကို root လုပ်လိုက်လို့ ဘယ်ဟာတွေ က အရေးကြီးပိုင်းမှာအသုံးဝင်တာတွေ၊ တိုးတက်ပြန့်ပွားလာတဲ့ အခြေခံ user တွေအတွက် root လုပ်လိုက်လို့အခြေခံ သဘာ သဘာ ၀တွေ၊ တချို့ ရိုးရှင်းတဲ့ applications တွေကိုလဲ အသုံးပြုဖို့ ၊ပြီးတော့ android phones တွေကို root လုပ်ပြီး appllications တွေကိုအလွန်အမင်း လုပ်တာတွေ အတွက် ကျွန်တော်က ထည့်သွင်း စဉ်းစားဆုံးဖြတ်ပေး ထားပါတယ်။ကဲ..ဆက်လက်ပြီး ခရီးဆက်ရအောင်
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင် ထားတဲ့custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။root လုပ်ပြီးတာနဲ့ မိမိဖုန်း ကို administrator အနေနဲ့ system တခုလုံးကို အပြည့်အ၀အသုံးပြုနိုင်သလို လိုအပ်သလို လဲပြုပြုနိုင်ပါ တယ်။ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operatorsတွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကိုAndroid rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက် မှာဖော်ပြ ထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်..............
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ
1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီးSD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)အခြား New Rom အသစ် သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကိုချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်းအနည်းအကျဉ်း သဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.