FRESH

Tuesday, March 5, 2013

Swish Max 2 ဖြင့် သီချင်းစာသားနှင့် Effect ထည့်ခြင်း

Swish Max 2 ဖြင့် သီချင်းစာသားနှင့် Effect ထည့်ခြင်း

လွမ်း Flash Song လုပ်တဲ့နည်းအတိုင်း ရေးပေးပါမယ်…
၁။ Flash Song တစ်ပုဒ်ဖန်တီးတော့မယ်ဆိုရင် မိမိပြုလုပ်မဲ့သီချင်းကို ချုံ့ ထားရပါမယ်… မိမိနှစ်သက်ရာ Software သုံး၍ ချုံ့ ထားပါ…
၂။ သီချင်းကို နားထောင်ပြီး Microsoft Word ထဲမှာ မိမိပြုလုပ်မဲ့ Font ကို ရွေးပြီး သီချင်းစာသားတွေကို ရေးထားပါတယ်… ထပ်ခါထပ်ခါ ပြန်ဆိုတဲ့ စာသားတွေပါ ချရေးထားရပါမယ်…
၃။ Swish Max 2 ကို ဖွင့်လိုက်ပါမယ်…
Swish Max 2 ကို ဖွင့်ရင် မြင်ရမဲ့ မြင်ကွင်းပါ…
၎။ ပုံတွင်ပြထားသည့်အတိုင်း Movie မှာ မိမိ Flash Song ပြုလုပ်မည့် Width နဲ့  Height ကို ကလစ်ပြုလုပ်ပြီး ထည့်ရပါမယ်… Background Color ရွေးရပါမယ်...
Frame Rates က Swish Max 2 က 12 Fames/sec ဖြစ်နေတာကို တွေ့ ရမှာပါ…
လွမ်းက Wide Screen ကို သဘောကျတဲ့အတွက် Width 800 နဲ့  Height 520 ထားတာကို တွေ့ ရမှာပါ…
View ကို 79% ထားတာကို တွေ့ မှာပါ…
၅။ Insert >>>Soundtrack ကို Click လုပ်ပြီး Flash ပြုလုပ်မည့် သီချင်းကို ထည့်လိုက်ပါမယ်...



၆။ သီချင်းထည့်ပြီးသွားပြီဆိုရင် Word ထဲက သီချင်းစာသားကို ပုံတွင်ပြထားသည့်အတိုင်း Select ပြုလုပ်ထားပြီး Copy (Ctrl+C) လို့  လုပ်ထားပါမယ်။
Swish Max 2 Window ဖွင့်ပြီး T ဆိုတာကို ရွေးချယ်ပြီး Text Box ဆွဲလိုက်ပါမယ်…


လွမ်းပုံတွင်ပြထားသည့်အတိုင်း ညာဖက်ခြမ်း စာသားနေရာကို Select ပုလုပ်ပြီး Paste(Ctrl+V) ပြုလုပ်လိုက်ပါမယ်…
Text မှာ မိမိရေးလိုသော Font, Size နဲ့  အရောင်တွေကို ရွေးချယ်ထားရပါမယ်...


အထက်ပါနည်းအတိုင်း Word Window ဖွင့်ပြီး ဒုတိယလိုင်း စာသားကို Select, Copy လုပ်၊ Swish Max Window ဖွင့် T ကို Click လုပ်ပြီး Text Box လုပ်၊ စာသားကို Select လုပ် Paste လုပ်…စသဖြင့် တစ်လိုင်းချင်း လုပ်သွားပါက သီချင်းစာသားတစ်ခုလုံး Swish Max Screen တွင် ထည့်ပြီး ဖြစ်နေပါလိမ့်မယ်။


၇။ သီချင်းစာသားအားလုံး ထည့်ပြီးမှ သီချင်းကို Play လုပ်ကြည့်ပြီး သီချင်းသံ စထွက်သော နံပါတ်ကို မှတ်ထားပါမယ်…
၈။ ပုံတွင်ပြထားသည့်အတိုင်း ပထမဆုံး သီချင်းစာသားလိုင်းကို Select ရွေးထားလိုက်ပါမယ်…
Time Line မှာ မိမိရွေးထားသောစာသားက အပြာရောင် ပေါ်နေပါလိမ့်မယ်… Mouse ကို သီချင်းသံ ပေါ်လာသည့်နေရာတွင် Right Click >>>Effect>>> Looping Continuously>>>Wild – Rainbow ကို ရွေးချယ်လိုက်ပါတယ်…

Play Effect ကို ဖွင့်ပြီး သီချင်းသံအတိုင်း Duration ကို အတိုးအလျှော့လုပ်ပေးပါမယ်… လွမ်းလုပ်ထားတဲ့ပုံတွင် Wild Rainbow(50) ဆိုတာကို တွေ့ ရမှာပါ… Play Effect လုပ်တဲ့အခါ Swish Max 4 လိုမဟုတ်ပဲ ချက်ခြင်းအသံပေါ်လာတဲ့အတွက် သီချင်းစာသားမှာ သီချင်းသံထည့်တာ Swish Max 2 က အရမ်းကို ကောင်းနေတာ တွေ့ ရမှာပါ…

ရွေးချယ်ထားသော Effect ပေါ်တွင် Mouse ထား၍ Double Click ပြုလုပ်ပါက အောက်ပါ Window ပေါ်လာပါက အရောင်ကို ရွေးချယ်နိုင်သလို Overlap ကို အတိုးအလျှော့ ပြုလုပ်ပေးနိုင်ပါတယ်...



၉။ မိမိနှစ်သက်ရာ Effect တစ်ခု လုပ်ပြီးသွားရင် ပုံတွင်ပြထားသည့်အတိုင်း Right Click>>>Copy Effect ရွေးထားပါမယ်...

ဒုတိယစာသားလိုင်းတွင် Mouse ကိုထားပြီး Right Click>>>Paste Effect လုပ်ပါမယ်...


Play Effect လုပ်ပြီး Duration အတိုးအလျှော့လုပ်ပါမယ်…
ဤနည်းအတိုင်း စာသားများအားလုံးကို သီချင်းသံအတိုင်း Effect များကို လွယ်ကူစွာ ထည့်သွားနိုင်ပါတယ်…
အားလုံးပြီးပြီဆိုရင်တော့ File>>>Save လုပ်ပြီး သိမ်းထားပေးပါ…

လွမ်းက သီချင်းစာသားနဲ့  သီချင်းသံအလိုက် Effect များကို Swish Max 2 တွင်လုပ်ပြီး သိမ်းထားလိုက်ပါတယ်...
ပြီးတော့မှ Swish Max 4 မှာ ပုံတွေ၊ Animation တွေ၊ Mouse Effect တွေ ထည့်ပြီးမှ Swish Max 2 မှ စာသားကို Insert >>>Import Animation နဲ့ ထည့်ပါတယ်...
Text Effect ကို Shade တွေ လိုက်ထည့်ပါတယ်...
အရေးအကြီးဆုံးအချက်ကတော့ Swish Max 4 Frame Rates ကို Swish Max 2 အတိုင်း 12 Frames/sec ထားရပါမယ်...
သူငယ်ချင်းများအားလုံး နည်းပညာများ ကျွမ်းကျင်ကြပါစေ...

Sunday, March 3, 2013

Flash SWF ဖိုင်များကို Google Site တွင် Upload တင်နည်း


ကဲ ဒီနေ့တော့ ကျွန်တော် Flash Song တွေ လုပ်နေတဲ့ သူငယ်ချင်းတွေအတွက် Flash SWF ဖိုင်တွေ လင့်ချိတ်လို့ ရမယ့်

ဆိုဒ်လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တော်တော်များများ Ning ဆိုဒ်တွေမှာပဲ လင့်ချိတ်လေ့ ရှိပြီးတော့ တစ်ခြား

ဆိုဒ်တွေကနေ လင့်ချိတ်တဲ့လူက အရမ်းရှားပါတယ်။ www.dropbox.com မှာ တစ်ချို့ လင့်ချိတ်ထားတာတွေ့တော့

သွားစမ်းပြီးတော့ လုပ်ကြည့်သေးတယ်။ သိပ်အဆင်မပြေတာနဲ့ SWF ဖိုင်တွေ လင့်ချိတ်လို့ ရမယ့်ဆိုဒ်တွေ လိုက်ရှာရင်း


http://sites.google.com ဆိုတဲ့ ဆိုဒ်လေး တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ Flash SWF ဖိုင်တွေတင် မဟုတ်ပဲ Mp3 သီချင်းတွေ၊

Software တွေနဲ့ တစ်ခြား ဖိုင်တော်တော်တော်များများ Upload တင်လို့ရပါတယ်။ ကိုယ်ပိုင် Site လေး တစ်ခုဖန်တီးပြီး

လင့်ချိတ်လို့ ရတဲ့အတွက် အရမ်းကို ကောင်းပါတယ်။ စိတ်ဝင်စားလို့ Google Site မှာ ကိုယ်ပိုင် ဆိုဒ်လေး တစ်ခု လုပ်ချင်

တယ်ဆိုရင်တော့ Creat လုပ်နည်းနဲ့ Upload တင်နည်း [ လင့်ချိတ်နည်း ] လေးကို ပုံလေးတွေနဲ့ ရှင်းပြပေးလိုက်ပါတယ်။


[ 1 ] ပထမဦးဆုံး http://sites.google.com ကို သွားပြီးတော့ သင့် Gmail အကောင့်နဲ့ Sign In လုပ်ပါ။




[ 2 ] အောက်က ပုံလေးလို ပေါ်လာပြီဆိုရင် CREATE ကို နှိပ်ပါ။



[ 3 ] သင် ဆိုဒ်လုပ်ဖို့အတွက် လိုအပ်တာလေးတွေ ဖြည့်ပေးရပါမယ်။ ကျွန်တော် အောက်မှာ နမူနာ လုပ်ပြထားပါတယ်။

ပြောဖို့ တစ်ခု ကျန်သွားတယ်။ Select a theme မှာ ကိုယ် အသုံးပြုမယ့် Theme ဒီဇိုင်းလေး တစ်ခုကို ရွေးနိုင်ပါသေးတယ်။



[ 4 ] အပေါ်က အဆင့်အောင်မြင်သွားပြီဆိုရင် ကိုယ်ပိုင်ဆိုဒ်ရဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ အောက်က ပုံလေးအတိုင်း

More >> Manages site ကို ကလစ်ပါ။




[ 5 ] Attachments ကို ထပ်နှိပ်ပေးပါ။




[ 6 ] Upload ကို နှိပ်ပြီးတော့ ကိုယ်လင့်ချိတ်ချင်တဲ့ Flash Song တစ်ပုဒ်ကို ရွေးပြီး Open လုပ်ပါ။ MB ဆိုဒ်နဲ့ အင်တာနက်လိုင်း

အနှေးအမြန်အပေါ် မူတည်ပြီးတော့ Loading ဖြစ်နေတာကို ခဏစောင့်ပေးလိုက်ပါ။ ပြီးပြီဆိုရင် အောက်က ပုံလေးအတိုင်းပေါ့။




View, Download ဆိုပြီးတော့ နှစ်မျိုး ပေါ်ပေးပါတယ်။ View ကတော့ ဒါရိုက် ဖွင့်ပြီးတော့ နားထောင်တာပေါ့နော်..

Download ကတော့ ဒေါင်းဖို့အတွက်ပေါ့။ ဒီသီချင်းတွေကို Flash Song တွေ ထည့်တဲ့ Embed Code နဲ့ ထည့်ချင်ရင်

View ဆိုတဲ့ လင့်အပေါ်မှာ Right Click လုပ်ပြီးတော့ Copy Link Location လုပ်ပြီး လင့်ကို ကော်ပီ လုပ်ပါ။

နမူနာ နားဆင်ရန် >> https://sites.google.com/site/thurainlin89/bb.swf?attredirects=0 << Bobby Soxer - စွာတေးလန်

Flash Song ထည့်ဖို့ Code ကိုတော့ အောက်မှာပေးထားပါတယ်။ အနီရောင်နဲ့ ပြထားတာကို အဆင်ပြေသလို ပြင်သုံးပါ။

လင့်ထည့်ရန် " />လင့်ထည့်ရန် " width="550" height="400"
 wmode="transparent">   

ကဲ အဲလောက်ဆိုရင်တော့ အားလုံး အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ လာလည်ကြတဲ့ 
သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။ mm.flash soungမှဆွဲလာတာပါ။

Friday, March 1, 2013

Facebook ချစ်သူများအတွက် Dictionary လေးပါ


 ဒီဟာလေးပေါဒါတော့ အရမ်းကို
ကြာနေပါပြီ ရေးရင်ကောင်းမလာ မရေးရင်ကောင်းမလားလို အရမ်းကိုစဉ်းစားရပါတယ်
သိပြီးသားသူတွေလဲရှိနေ မှာပေါဒါကြောင်းရေး ရတော့တယ် အခုတလော ကျွန်တော်တို့
လူငယ်တော်တော်များများဟာ Facebook မှာထိုင်နေကြတယ်လို News တွေမှာရေးထား
တာတွေ့ရတော့ ဒီ Dictionary လေးဟာအဆင်ပြေနေလိမ်မယ်လိုထင်တယ် ဘာကြောင့်
လဲဆိုတော့ မြန်မာပြည်သားမဟုတ် ဘဲမသိတဲ့ နိုင်ငံခြား ကောင်လေး နှင့် ပောင်မလေး
တွေကို Add တတ်ကြတယ် ဒါကြောင့် ဒီဟာလေးဟာ English လိုရေးတဲ့အချိန်မှာ
မြှာနတ်မောင် လိုလဲဖြင့်နိုင်ပါတယ်။အထူးသဖြင့်ဒါမျိုးတွေကကျွှန်တော်တို့လိုစာမသွားတဲ့
သူတွေနဲ့ဆိုပိုပိုလို့အဆင်ပြေပါတယ်။ခ်ခ်..ကဲကဲအောက်ကလင့်ကိုဝင်မွှေလိုက်ပါနော်...။



ဒီမှာ Facebook Link

ဒီလင့်ကိုဖွင့်ပြီးရင်းတော့ ဘာဆက်လုပ်ရမယ်ဆိုတာကိုယ်ဘာသာကြည်ပေ
တော့..ဟိ

how to change facebook background



facebook ကိုကျွန်တော်လဲ အရင်က မသုံးတတ်ပါဘူး facebook ဆိုကိုကြားဖူးတယ်
facebook သုံးချင်တယ်ဆိုလို့ ကျွန်တော် ခင်တဲ့ သူငယ်ချင်းတစ်ယောက်က
တစ်ယောက် ကျွန်တော်ကို facebook တစ်ခုလုပ်ပေးတယ် ဘယ်လိုသုံးရမယ်မသိတဲ့

 ကျွန်တော်   ဟိုလျှောက်ခလိ ဒီလျှောက်ခလိနဲ့ အချိန်တွေ ကုန့်ခဲ့
တယ် မထူးတို့ဘူးဆိုပြီးအွန်လှိုင်းမှာ facebook သုံးနည်းကို လိုက်ရှာတယ်
တွေတယ်ဗျာ
ကျွန်တော် facebook အဲလိုဖြစ်သွားတယ် ကဲပါဗျာ ကိုမုန်တိုင်း နည်းပညာ
လေးကို facebook အလန်းဇယား သုံးချင်တဲ့ သူငယ်ချင်းများအတွက်
ကျွန်တော်ပြန်ရှယ်လိုက်မယ်ဗျာ မထမဆုံး တော့သုံးနေကျ Mozilla Firefox
မှာ Add-on လေးကို Install လုပ်ပေးရမှာပါ မလုပ်မီ  facebook ကို Login ဝင်
ထားဖို့လိုပါတယ် ပြီးရင် ဒီကသွားလိုက်ပါ Stylish:: Add-ons for Firefox
Window ပွင့်လာပါမယ်





အခုမြင်နေရတဲ့ ပုံလို Add to Firefox ကို Click လုပ်ပေးရပြီး Allow ကို နှိပ်ပါ Software
Installation Window ထက်ပွင့်လာပါလိမ်မယ်


Install Now ကို Click လုပ်ပေးရမှာပါ Mozilla Firefox add-ons BOX ကျလာ
ပါလိမ့်မယ်



Restart Firefox လုပ်ပေးလိုက်ပါ Mozilla Firefox window ပြန်ပွင်လာအောင်
ခေတ္တစောင့်နေရမှာပါ ပြန်ပွင်လာ ပြီးဆိုရင် Facebook Themes Gallery ကို
ဒီကယူရမှာပါ အများကြီးပါနော် ကိုယ်ကြိုက်ရာကိုရွေးပြီး Click လုပ်လိုက်ပါ


အခုမြင်နေရတဲ့ပုံပါအတိုင်း Install with Stylish ကိုနှိပ်လိုက်ပါ ဒါဆို ရင်
 facebook အလန်းဇယား သုံးလို့ရသွားပါပြီး

အားလုံးအဆင်ပြေမှာပါ

ခိုင်ညီလင့်မှမျှဝေသည်။

Facebook အကောင့် ခိုးနည်း နှင့် ကာကွယ်နည်း

Facebook အကောင့် ခိုးနည်း နှင့် ကာကွယ်နည်း


Facebook အကောင့် ခိုးခြင်းအကယ်၍ အကောင့်ခိုးလို့မအောင်မြင်ရင်တောင် ယင်းအကောင့် ကြိမ်းသေLock ကျမယ့် နည်းပါ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ ကျွန်တော်လုပ်သွားတဲ့ အဆင့်လေးတွေပဲ ပြောပြပါမယ်။


၁။ Facebook – Browser ထဲကို ကျွန်တော်အရင်ဝင်လိုက်ပါတယ်။

၂။ ဘာမှ မလုပ်ပဲ လှျို့ ဝှက်ကုဒ်နံပါတ် မေ့ပါသည် ဆိုတဲ့ Forget Password ကိုနှိပ်လိုက်ပါတယ်။

၃။ ဒီတော့ Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလားဆိုတာ ပေါ်လာပါတယ်။
ဒါကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်။

၎။ ဒီမှာ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ့  ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။

၅။ ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ Yes , This is my account ဆိုတာလေးကို
 ရွေးချယ်ရပါတယ်။

၆။ ပြီးတော့ Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။
 ဘာမှမနှိပ်ပါနဲ့။ လူအတော်တော်များများ သတိမထားမိတဲ့ Option တစ်ခုအဲဒီမှာ စပါပြီ။
ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာပါပြီလို့ ရွေးချယ်ရတဲ့ I have no longer use this account ဆိုတာပဲ ဖြစ်ပါတယ်။

၇။ I have no longer use this account ကို နှိပ်လိုက်ရင်တော့ ထပ်ကျလာမယ့် box က email address  ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။ နှစ်ခါတိတိဖြည့်ရပါမယ်။ ဒီမှာ သတိထားရမှာက ကိုယ့်ဖြည့်တဲ့ အီးမေးလ်ဟာ Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေးလ်ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တော့ ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။အဲဒီမှာ တစ်ခုထူးခြားတာက ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာမပို့ပါဘူး။ ဒါက သူတားဆီးထားတဲ့ Security layer ဖြစ်ပါတယ်။

၈။ နောက်ထပ် ကျလာတဲ့ Page ကတော့  Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ ဒီတော့ရွေးချယ်ရမှာက google အကောင့်သုံးမယ်ဆိုတဲ့ User google account ဆိုတာကို အသုံးပြုရပါတယ်။

၉။ နောက်ထပ်ကျလာတဲ့ Box က New email ဖြည့်ရုံပဲ ဖြစ်ပါတယ်။

၁၀။ နောက်တစ်ဆင့်ကတော့ Security Question ဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဒီ Layer တစ်ခုပဲ Facebook က ကောင်းကောင်းကာကွယ်ပေးထားပါတယ်။ ဒီမှာ User သာ အသုံးမကျရင်တော့ ဟက်ကာတို့ အောင်ပွဲ ဆင့်မယ့် အဆင့်ဖြစ်ပါတယ်။

၁၁။ Security Question ဖြည့်တဲ့နေရာ မှာ ကိုယ်က မသိပါဘူး ကိုယ်ထင်တဲ့ အဖြေတစ်ခု ခု ကို ဖြည့်ပေးလိုက်ပါ မှားတယ်လို့ ပြောပါ့မယ် ထပ်ဖြည့်ပေးလိုက်ပါ သုံးခါလေး ခါ လောက် ဖြည့်ပေးရင် မမေးတော့ပါဘူး။

၁၂။ အဲဒီမှာ လှျို့ ဝှက်နံပါတ်အသစ် ဖြည့်ခိုင်းပါတယ်။ အဲမှာ ကိုယ်ဖြည့်ချင်တဲ့ လှျို့ ဝှက်နံပါတ် ဖြည့်လိုက်ရင်ပြီးပါပြီ။

၁၃။ ၂၄ နာရီကြာမှ အကောင့်ကို ပြန်လာဖွင့်ဖို့ပြောပါတယ်။ အဲဒီမှာ အကောင့်က လုံးဝ Lock ကျသွားတာ သေချာပါပြီ။ သူလည်းသုံးနေရင်း တန်းလန်းပိတ်သွားပါတယ်။ ၂၄ နာရီကြာချိန်မှာ ကိုယ်ပြောင်းထားတဲ့ Password နဲ့ ဝင်လိုက်ရုံနဲ့ပဲ အကောင့်က ကိုယ်ပိုင်ဖြစ်သွားပါတယ်။ ၂၄ နာရီတောင်မဟုတ်ပါဘူး။ ၂၃ နာရီ ၅၉ မိနစ်လို့ရေးသားဖော်ပြထားပါတယ်။

ဒုတိယ နည်းလမ်း

နောက်တစ်နည်းရှိပါသေးတယ်။ ဒါက Facebook ပေါ်မှာ သူငယ်ချင်းများထံအကူ
အညီတောင်းခြင်းဆိုတဲ့ Layer ဖြစ်ပါတယ်။ Security Question အဆင့်မတိုင်ခင်မှာ အဲဒီ အဆင့်ပါရင်ပါတတ်ပါတယ်။ ဒီမှာ အကောင့် သုံးခုဖွင့်ပြီး သူနဲ့ friend လုပ်တယ်ဆိုရင်တော့
ဘယ်အဆင့်မှ သွားစရာမလိုပဲ အကောင့်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီ ဒုတိယနည်းလမ်းက ပိုမိုလွယ်ကူတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ကျွန်တော်လည်း
  ကလိနေရင်း အဆင့်တိုင်းကို သေချာမှတ်ထားဖို့ မေ့သွားလို့ Step တွေတစ်ခုခု လွဲကောင်းလွဲနေပါလိမ့်မယ်။ သို့ပေမယ့် ဒီအဆင့်တွေကိုပဲ စိတ်ရှည်ရှည်နဲ့လုပ်သွားရင် အကောင့်တစ်ခုဆိုတာ ရဖို့မခဲယဉ်းပါဘူး။ဒီမှာ ခလုပ်နှိပ်မမှားစရာ အဆင့်တစ်ခု ရှိပါတယ်။
ဒါကတော့ Send code သွားမနှိပ်မိစေဖို့ ဖြစ်ပါတယ်။ Send code ဆိုတာသာ
သွားနှိပ်မိရင်တော့ ကိုယ်ဟက်နေတဲ့ လမ်းပျက်ဆီးသွားပါလိမ့်မယ်။ code ကို မူရင်းအကောင့်ပိုင်ရှင်ရဲ့ ဂျီမေးလ်ကို သွားပို့မိပြီဆိုရင်တောင် သူပြန်ဖွင့်ပါလိမ့်မယ်။ ဒီတော့ ဟက်တဲ့ လမ်းက ဆုံးသွားပါတယ်။ သို့ပေမယ့် ၂၄ နာရအတွင်းသာသူ ဂျီတော့ရော၊ Facebook ရောမသုံးဖြစ်ဘူးဆိုရင်တော့ ဒီပြဿနာ ကျော်လွားနိုင်ပါတယ်။ကာကွယ်နည်းဒီမှာ ကိုယ့်အကောင့် အခိုးမခံရအောင် ကာကွယ်ရမှာက ကာယကံရှင်ရဲ့ အပိုင်းဖြစ်ပါတယ်။ ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းဟာ အနောက်တိုင်းမှာ အတော်လေးအသုံးများလာတယ်လို့ ဆိုပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပဲ ဟက်သွားတာ ဖြစ်ပါတယ်။ဒီတော့ ကာကွယ်ရမယ့် သူ အဓိကလုပ်ဆောင်ရမှာ နှစ်ခုရှိပါတယ်။

၁။ မိမိရဲ့  Facebook ဖွင့်ထားတဲ့ အီးမေးလ်ကို လူပေးမသိစေခြင်း။

၂။ Security Question ကို တကယ်လေးလေးနက်နက် ထားခြင်း။Security Question က ပိုအရေးကြီးပါတယ်။ အချို့ က ပြီးပြီးရောဆိုပြီး  မွေးရပ်ဇာတိ၊ အေးအေး၊ မြမြ၊ အစရှိသဖြင့် အလွယ်တကူတွေထားတော့ ကွိုင်တက်ကုန်ပါတယ်။ Security Question အပိုင်းသာခိုင်ခိုင်လေး လုပ်ထားရင် အကောင့်ခိုးခံရနိုင်ချေနည်းပါတယ်။
 ပြီးတော့ ကိုယ့် အီးမေလ်ကို လှျို့ ဝှက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ မလွယ်ပါဘူး။ ဘာလို့လဲဆို ကိုယ့်ကို ဟက်မယ့်သူက အီးမေးလ်သိနေတော့။ ယင်းအီးမေးလ်ကို အလွယ်တကူ ဖြည့်ဆွက်ပြီး ဟက်လိုက်တာဖြစ်ပါတယ်။ ဒီတော့ Security Layer ဖြစ်တဲ့ Question ကိုပဲ
အားကိုးရတော့မှာ ဖြစ်ပါတယ်။အထက်ဖော်ပြပါ ကာကွယ်နည်းက အထက်ဖော်ပြပါ ခိုးနည်းရန်က ကင်းဝေးရန် ဖြစ်ပါတယ်။ အခြား ခိုးနည်းရန်မှ ကာကွယ်ရန်ကတော့ မိမိတာဝန်သာ ဖြစ်ပါတယ်။
Facebook က လုံခြုံရေးတော်တော်ညံ့ဖျင်းတယ်လို့ အပြောခံရပြီးနောက်ပိုင်း Question ထားတဲ့ ကိစ္စကျတော့ ကာယကံရှင်တာဝန်သာဆိုတာကို သိစေဖို့ ဖြစ်ပါတယ်။ Facebook ကအဲဒီထက်ပိုမကာကွယ်ပေးနိုင်ပါဘူး။

အဲဒီထက်သာ ပိုကာကွယ်ရင် ကိုယ်တိုင်တောင် ဝင်ဖို့ခက်သွားပါမယ်။ သို့ပေမယ့် Sesurity Question ပြီးတော့ နောက်ထပ်တစ်ဆင့်ခံသင့်သေးတယ်လို့ အကြံပေးသူများ ရှိလာပါတယ်။ဒီတော့ စာရေးသူ မှာကြားချင်တာကတော့ Security Question မြင့်တင်စေဖို့ပဲ ဖြစ်ပါတယ်။ အီးမေးလ်ကတော့ အချင်းချင်းတွေသိနေမှာမို့ မတတ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ဟက်မယ့်သူကလည်း လူသိသာ ဟက်နိုင်မယ့် နည်းလမ်းလို့ အနီးစပ်ဆုံး သတ်မှတ်နိုင်ပါတယ်။

အထက်ပါနည်းလမ်းများကို မိတ်ဆွေများထံ မျှဝေပီး သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ရှခြင်းမှ ကင်းဝေးအောင် ဖေမကူညီကြပါရန် ရေးသား တိုက်တွန်းလိုက်ရပါတယ်။


Monday, February 25, 2013

မိမိရေးထားသောစာmp3လုပ်နည်း

မိမိရေးလိုက်သောစာများကို အသံ File (MP3) အဖြင့်နားထောင်းချင်တယ်ဆိုရင်တော့အောက်မှာ
ပေးထားတဲ့ Website မှာသွားလုပ်နိုင်ပါတယ်။စာသားများကိုအသံဖြစ်ပြောင်းရာတွင် အသံနှစ်မျိုးပေး
ထားပါတယ်။မိန်းခလေးအသံနှင့်ယောက်ကျားလေးအသံကြိုက်ရာရွှေးပြီအသံသွင်းနိုင်ပါတယ်။

အသုံးပြုနည်း
၁။
Enter text in English တွင်စာများရိုက်ထည့်ပါ။
၂။Male Voice တွင်မိန်ခလေးအသံကြိုက်ရင် Female Voice ကိုရွေးပေးပါ။
၃။Create Mp3 ကိုနှိပ်ပါ။
၎။Save လုပ်လိုလျှင် Download
Mp3
ကိုနှိပ်ပါ။
Download Now

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.