FRESH
Friday, December 7, 2012
ငတတ်ပြား၏စွန်စားခန်းများ Game
ငတတ်ပြား၏စွန်စားခန်းများ Game 
ကျွှန်တော်gameတွေကိုအယ င်ကမတင်ဖြစ်ခဲပါဘူးကျွှန်တော်တို့
ဘော်ဒါကြီလည်းဖြစ်တဲ့မျိုးလိုင်အတွက်ပါ။အော်..ဘော် ဒါဆိုလိုအသက်
ကအခုဆယ်ကျော်သင်ပါဘဲ။ခိခိ....
 ကဲအခုကျွန်တော် တင်မဲ Post ကတော့မြန်မာ Game လေးပါ ငတတ်ပြား၏စွန်စားခန်းများ လိုခေါ်ပါတယ် မြန်မာ 
Software ပညာရှုင်တွေတီထွင်ထားတာပါ အရမ်းကိုကောင်းပါတယ်
Ipod , Phone တိုမှာကစားလိုရပါတယ် ။
 Download here
အခုဟာကတော့ကျွန်တော့် GTA Game ကလေးပါအရမ်းကိုကောင်းပါတယ်
ကျွန်တော်သူငယ်ချင်းအကြိုက်လေးပေါ့ Game ချစ်တဲ့သူငယ်ချင်းများအတွက်
တော့ ...ပြောမနေတော့ဘူးကျွန်တော့က Game တွေအဲလောက်မကစားဖူးဘူး
ဆိုတော့ Game အမြဲတမ်းကစားတဲ့သူတွေတော့ဒီ Game ဘယ်လောက်ကောင်း
ကြောင်းကိုတော့သိမှာပါ လိုခြင်င်တော့ အောက်မှာဒေါင်းကြပါ။
GRAND THEFT AUTO Download
Thursday, December 6, 2012
ကွန်ပျူတာအခြေခံပြုပြင်နည်းစာအုပ်(မြန်မာလို)
ကိုစံငြိမ်းရေးသားတဲ့ကွန်ပျူတြာ
ပုပြင်နည်းစာအုပ်ပါ။
အဆင်ပြေကြပါစေ။
အောက်မှာဒေါင်းလိုက်ပါ။
gtalkအတိုအထွာလေးများ
Gtalk မှာ Function များ၏အလုပ်လုပ်ပုံ
Gtalk မှာ Function များ၏အလုပ်လုပ်ပုံ
Gtalk မှာ ပါတဲ့ address name ကို Right click ပေးသောအခါ တွေ့ရသော second part မှ Function များ၏အလုပ်လုပ်ပုံ
1. set as my picture …..မိမိ right click ပေးသော အကောင့်မှ picture ကို မိမိ gtalk ပုံသို့ ကူးယူရာတွင် အသုံးပြုသည်။
2. view past chats….. မိမိ right click ပေးသော အကောင့်နှင့် အတူတကွ chat ထားသော အကြောင်းအရာများကို ပြန်ကြည့်ရာတွင် အသုံးပြုသည်။
3. Rename သည် မိမိအလွယ်တကူပြန်လည်သိနိုင်ရန် နာမည်ပြောင်းထားရာတွင် အသုံးပြုသည်။
4. Block သည် မိမိ မနှစ်သက်သော အကောင့်ကို ဖြုတ်ထုတ်သတ်လုပ်ရာတွင် အသုံးပြုသည်။
(က)မိမိက block ပေးသော်လည်း တစ်ဖတ်လူက သူ့အကောင့်ထဲတွင် မိမိ အကောင့်ရှိနေအုံးမှာ ဖြစ်သည်။ (မှတ်ချက်။ ။ မိမိအား block ပေးမပေးကို သိနိုင်ရန် သိခြားဖေါ်ပြထားပါသည်။)
(ခ )မိမိတွင်လည်း gtalk မှ setting ထဲတွင် blocked function တွင့် ကျန်ရှိနေပါဦးမည်။ ပြန်လည် add ချင်က unblock ကို click ပြီး ok ကို နှိပ်ပါ။ ဒါဆိုရင်တော့ ပြန်လည် add ပြီးသားဖြစ်သွားပါသည်။
( ဂ) လုံးဝ အဆက်အသွယ်မလုပ်ဘူးဆုံးဖြတ်ပြီးလျှင်တော့ gmail ထဲက contacts ကို click ပါ ။
Add to this group ထဲမှ မိမိ ဖျက်ချင်သော account name ကို click ပါ။ ပြီးရင်ညာဘက်ထိပ်က
Delete contact ကို click ပေးက လုံးဝ ဖျက်ပြီးသားဖြစ်သွားပါမည်။
(မှတ်ချက်။။။။။။ block အရင်ပေးထားက ပြန်ပြီးမှ unblock လုပ်ပြီး delete လုပ်နိုင်ပါသည်။)
5. Remove သည် မိမိက remove ပေးပါက မိမိက စပြီး ခေါ်ဆိုနိုင်မည်မဟုတ်တော့ပေ တဖက်သူငယ်ချင်းကတော့ ခေါ်ဆိုနိုင်ပါသည်။(ဖြစ်နိုင်ရင်
တော့ Remove မပေးသင့်ပါ။) 
(၂)ဒီတစ်ခါတော့gtalkစကားဝိုင်းထိုင်ချင်သူတွေအတွက်ရွှယ်ရွှည်ပါတယ်။
Gtalk မှာ Group Chat လေးလုပ်ချင်တယ်ဆိုရင်။
Gtalk မှာ Group Chat လေးလုပ်ချင်သူများအတွက် ဒီမှာ သွားကြည့်လိုက်ပါ။တစ်ခုတော့ရှိတယ်နော်
သူငယ်ချင်းတို့ရဲ့စက်မှာ Myanmar 3 Fonts သို့မဟုတ် Keyman တော့ Install လုပ်ထားဖို့လိုမယ်
နော်
တစ်လက်စက်တည်း..ကျွန်တော်တို့ရဲ့အစ်ကိုတစ်ယောက်တင်ပေးထားတဲ့..Gmail အသုံးပြုနည်းလျှို့ဝှက်ချက်စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်။ အဲဒီစာအုပ်လေးက
2007 ခုနှစ်တွင်ထွက်ရှိခဲ့သော ကွန်ပျူတာဂျာနယ်ပါအကြောင်းအရာများကို စုစည်း
တင်ပြပေးထားခြင်းဖြစ်ပါတယ်။ လိုချင်ရင်တော့ http://mrbawat.weebly.com/6/post/2011/06/gmail.html မှာဝင်ရောက်ပြီး.
Download ချယူနိုင်ပါတယ်ခင်ဗျာ။
(၃)နောက်ထပ်နည်းလေးတစ်ခုနော်....
gtalk ကိုအသုံးပြု့သူတိုင်း... သိထားသင့်တယ်ထင်လို့ပါ...အချို့ကတော့သိပြီးပါပြီ....မသိတဲ့သူများအ အတွက်ရည်ရွယ်ပါတယ်....သိ
တဲ့သူတွေကတော့မရီနဲ့ဗျာ......
G talk မှာအွန်လိုင်းတက်လာသူတွေကို g talk box ကိုဖွင့်မကြည့်ပဲ သိအောင်လုပ်လို့ရပါတယ်...
ဘယ် software ကိုထပ်ဖြည့်စရာမလိုပါဘူး....
အရင်ဆုံး g talk ကို sing in ဝင်လိုက်ပါ...
ပြီးရင် setting ကိုသွားပါ....
Picture
Picture
setting ကိုဝင်ပြီးတာနဲ့ Notification ဆိုတဲ့tab ကလေးတစ်ခုရှိပါတယ်...
အဲဒီ tab ကိုဖွင့်လိုက်ပါ... Notification ဆိုတဲ့ tab ထဲမှာ Friend Online ဆိုတဲ့ box ကလေးတစ်ခုရှိပါတယ်.
အဲဒီ box ထဲက show notification ဆိုတဲ့ စာသားရဲ့ရှေ့က လေးထောင့်တုံးလေးကို အမှန်ချစ်ပေါ်အောင် click နှိပ်လိုက်ပါ... ပြီးရင် Ok နဲ့ ထွက်လိုက်ပါ...
သင့်ရဲ့သူငယ်ချင်းတွေအွန်လိုင်းပေါ်တက်လာတာနဲ့... destop screen ရဲ့ညာဘက်ထောင့်မှာ တက်လာသူရဲ့အမည်ကို ပြပါလိမ့်မယ်....
အဲဒီအခါကျရင် ဦးဦးဖျားဖျားလေး လှမ်းချွေလိုက်ပေါ့...
ချွင်းချက် ... busy အနေနဲ့..(အနီရောင်အတုန်းလေးနဲ့) အွန်လိုင်းပေါ်ကိုသင့်ရဲ့သူငယ်ချင်းတွေတက်လာ ရင်တော့  alarm အနေနဲ့လာပြမှာမဟုတ်ပါဘူး....
Windows 7 မှာ အသံ gtalk ပြောတဲ့ အခါ အသံမထွက်ဘူး ဆိုပြီး ပြောနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ
Windows 7 မှာ အသံ gtalk ပြောတဲ့ အခါ အသံမထွက်ဘူး ဆိုပြီး ပြောနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ
Windows 7 အသံထွက်ဖို့
gtalkမှာအသံမရတော့ဘူးလိုပြောလတဲ့mohling11ဘောဒါကြီးအတွက်ပါ
ကျန်တဲ့သူငယ်ချင်းတွေလည်းလိုအပ်ရင်ဆွဲသွားပေါ့နော်....။
Windows 7 မှာ အသံ gtalk ပြောတဲ့ အခါ အသံမထွက်ဘူး ဆိုပြီး ပြောနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ သူငယ်ချင်း မေးထားကတည်းက ပုံတွေ ထုတ်ပြီး စာမရေးဖြစ်လို့ ကြာနေခဲ့ပါတယ်။ အားလည်း နာတယ်။ ခင်လည်း ခင်ပါတယ်။ ဟီးဟီး။ အခု တစ်ခါ စိုးမိုးက မေးလာလို့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။ အဲဒီထဲက အတိုင်း ရအောင် လိုက်လုပ်လိုက်ရင် အသံထွက်သွားပါလိမ့်မယ်။ ( အခု ထုတ်ထားတာလေးတွေကDesktop အတွက် ဆိုတော့ Laptop အတွက် ဆိုရင် တချို့နေရာတွေ ပျောက်နေ /  ပိုနေ ပါလိမ့်မယ်။ ) ဒါက ပြဿနာ မရှိပါ။ ပေါ်နေတဲ့ အတိုင်းသာ အနည်းငယ်လေး ဖြည့်စွက် လုပ်သွားပါ အဆင်ပါလိမ့်မယ်။ပထမဦးဆုံး Task Bar က Speaker ပုံလေးကို Right Click နှိပ်လိုက်ပြီး Playback  Devices ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ကလို ပုံပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကနေ ပုံမှာ ပြထားသလိုတွေ ဖြစ်အောင် ကလိကြည့်ပါ။ နာနာသာ ကလိပါ။ စိတ်မပူပါနဲ့။ ပြင်တဲ့ ဆိုင်တွေ ရှိပါတယ်။ ဒီထက်ဆိုးလာရင် တူကြီးကြီးနဲ့သာ မနားတမ်း ထုချပါ :P  အသစ်ရောင်းသော ဆိုင်များ ရှိပါတယ်။လုပ်နည်းကိုတော့ အသေးစိပ် မရေးနိုင်တော့ပါ။ ကိုယ်လုပ်ချင်တဲ့ တစ်ခုကို ရွေးပါ။ ဥပမာ Speaker ကို ကလစ်ပြီး ရွေးပါ။ နောက်ပြီးတော့မှ Set Default နဲ့ Properties ကို နှိပ်ပြီး အထဲမှာ ပုံပါတဲ့ အတိုင်း ရအောင် ပြင်ကြည့်ပါ။ ပြီးရင်တော့ ရသွားပါပြီ။ ဒါလေးပါပဲ။ ပုံများကို သေချာ မြင်ချင်ရင် ကလစ်နှိပ်ကြည့်ပါ။
Tuesday, December 4, 2012
“ နှေးကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက် ”
သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။ အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်။
အောက်မှာဖော်ပြထားတဲ့အချက်တွေဟာ အမေရိကန်အခြေစိုက် Laptopမဂ္ဂဇင်းအဖွဲ့က လက်တွေ့
စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။
၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင်လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက်ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။
၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ
သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာအသုံးပြုမှုအချိန်ပမာဏပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။ အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ်စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။
၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ
တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။ သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။
အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။
၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ
သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်းဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာတွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။
Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။
တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။
၅။ Search Indexing ကိုပိတ်ထားပါ
Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။
စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။
၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ
Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။ အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီးသတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။
စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။
၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ
သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။ သင့်ကွန် ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။
ဒါကတော့ဗဟုသုတအဖြစ်ပေါ့နော်...မိတ်ဆွေကြီးတစ်ယောက်ကဆွဲလာဒါပါ။
PC ကိုမြန်ဆန် စေသော နည်းလမ်း (၈) မျိုး
PC ကိုမြန်ဆန် စေသော နည်းလမ်း (၈) မျိုး။
 ဒါလေးတွေကကျွှန်တော်တိုအသုံပြုနေကျနည်းလေးတွေ
ပါ။ဒါဘယ်မဲ့မသိတဲ့သူငယ်ချင်းတွေအဖိုရွှယ်ရည်ပါတယ်
သိတဲ့သူတွေအဖိုတော့အပျင်းဖြေဖတ်ကြပေါ့နော်..ခိခိ။
ကဲကဲစကားသိပ်မပြောတော့ပါ။အောက်မာအတိုင်းသာ
လိုက်လုပ်ကြပေတော့ဗျာ။
1. Start > run ထဲမှာ prefetch လို့ ရိုက်ထည့်လိုက်ပါ။
    အဲဒီ ဖိုဒါထဲက ဖိုင်အားလုံးကို delete လုပ်လိုက်ပါ။
2. Start > run ထဲမှာ temp လို့  ရိုက်ထည့်လိုက်ပါ။
    အဲဒီ ဖိုဒါထဲက ဖိုင်အားလုံးကို delete လုပ်လိုက်ပါ။
3. Start > run ထဲမှာ recent လို့ ရိုက်ထည့်လိုက်ပါ။
   အဲဒီ ဖိုဒါထဲက ဖိုင်အားလုံးကို delete လုပ်လိုက်ပါ။
4. Start > run ထဲမှာ %temp% လို့ ရိုက်ထည့်လိုက်ပါ။
   အဲဒီ ဖိုဒါထဲက ဖိုင်အားလုံးကို delete လုပ်လိုက်ပါ။
5. Start > run ထဲမှာ regedit လို့ ရိုက်ထည့်လိုက်ပါ။
   ပေါ်လာသော ဖိုဒါတွေထဲက HKEY_CURRENT_USER > Control Panel > Desktop ကို ရွေးပြီးလျှင်
    MenuShowDelay ကို နှိပ်ပြီး ပွင့်လာသော box မှာ 400 သို့ မဟုတ် 200 ဖြစ်နေလျင် 0 (သုံည) သို့  ပြောင်းလိုက်ပါ။
6. Start > run > msconfig > startup
    ပေါ်လာသော box မှာ programs files တွေကို Uncheck လုပ်ပြီး OK နှိပ်ပါ။
7. Start > Control Panel > System > Advanced > Performance Setting မှာ
    Adjust for best performance ကို ရွေးလိုက်ပြီး ခဏစောင့်ပါ။
    ပေါ်လာသော box မှာ OK ကို နှိပ်ပါ။
8. Internet Speed မြန်စေရန်
    Start > run ထဲမှာ system.ini လို့ ရိုက်ထည့်လိုက်ပါ။
    ပေါ်လာသော notepad မှာ
    page buffer = 100,000kbps    load = 100,000kbps
    Download = 100,000kbps       save = 100,000kbps
    back = 100,000kb လို့ ရိုက်ထည့်ပြီး Save လိုက်ပါ။
    ပြီးရင် restart ချလိုက်ပါ။
ဒါဆို သင့် computer ပိုပြီးမြန်ဆန်သွားပါပြီ။
Sunday, December 2, 2012
Xara_3D.6.0 software လေးနဲ့ အသုံပြုနည်းလေးများ
Xara_3D.6.0 software လေးနဲ့ အသုံပြုနည်းလေးပါ
Xara_3D.6.0  software  လေးနဲ့ အသုံပြုနည်းလေးပါ    ..Xara_3D  softwareဆိုတာ  3D နဲ့စာလုံးလှလှလေးတွေ ကို  effect လှလှလေးတွေနဲ့  ရေးဖို့အသုံးပြုတဲ့ဆော့ဝဲလ်လေးပါ...... ညီမလေးတစ်ယောက်   ဆော့ဝဲလ် နဲ့လုပ်နည်းတစ်ခါတည်း တင်ပေးပါဆိုလို့တင်ပေးလိုက်ပါတယ်     ......   မသိသေးတဲ့သူငယ်ချင်းတွေလည်း စမ်းသပ်ကြည့်လို့ရအောင်ပါ    သိပြီးသားသူငယ်ချင်းတွေကတော့  ဆော်ရီးပေါ့ဗျားနော်  အားနာပါးနာနဲ့တော့ကြည့်သွား ဝေဖန်သွားလို့ပါတယ်.....လို့....အသေးအမွားတွေကနေစပီးတင်ပေးလိုက်ခြင်းမှာ  သူငယ်ချင်းတွေကို  အထင်သေးခြင်းမဟုတ်ဘူး  ....သေချာနာလည်းစေချင်တဲ့ဆန္ဒနဲ့ပါ   ..မရှင်းလို့  ခဏခဏပြန်ပြန်မေးခံရမှာကိုကြောက်တာလည်းပါတာပေါ့နော့.......ဟဲဟဲ
                   လုပ်နည်းကတော့တတ်တဲ့သူအတွက်မခက်ခဲပေမဲ့  မသိမတတ်သေးတဲ့သူငယ်ချင်းတွေအတွက် လည်နေတတ်တာမို့    ... တင်ပေးလိုက်ခြင်းဖြစ်ပါကြောင်း.....။
                     ကဲဘယ်လိုလုပ်မလဲ ဆိုတာ အရင် ဆုံးပြောပြပီးမှာ   ဆော့ဝဲလ်ကိုအောင်ကနေဒေါင်းဖို့တင်ပေး လိုက်ပါတယ်  (၁) အရင်ဦးဆိုး  ဆော့ဝဲလ်ကို အင်စတောလုပ်ပုံနဲ့  ကီးထည့်  ပုံလေးကို  တင်ပြပေးပ့ါမယ်....သတိထားရမဲ့အချက် ကကျွန်တော်အခုဆော့ဝဲလ်ကို zip file ချုပ်ပီး ဆော့ဝဲလ်နဲ့ txet  Documents နဲ့တွဲပီးတင်ပေးလိုက်ပါတယ် txet  Documents  ထဲကတော့ ဆော့ဝဲလ်ကီးပေါ့ဗျား...  zip fileနဲ့ချုပ်ပြီးတင်ပေးလိုက်တာမို့အရင်ဆုံး Zip file ထဲကိုဝင်ပီး ဆော့ဝဲလ်ကို နှစ်ချက် ကလစ်ပေးလိုက်ပါ   ....အဲ့ဒါဆို ရင်
ပထမဦးဆုံး   ဆော့ဝဲလ်အင်စတော့ ပေ့စ်  အဖြစ်   နဲ့  ဒီလိုလေးပေါ်လာပါ့မယ်  အောက်ကပုံလေးကိုကြည့်လိုက်ပါ...   
             (၂)  ပေါ်လာတဲ့ ဆော့ဝဲလ်အင်စတော့ ပေ့စ်  ကိုကြည့်လိုက်    ကျွန်တော်မျှားနဲ့ထောက်ပီးဝိုင်းပြထားတဲ့  Next ဆိုတာလေးကို  နှိပ်လိုက်ပါ  နောက်တစ်မျက်နှာပေါ်လာရင်လည်း အဲ့ Next ကိုပဲနှိပ်လိုက်ပါ  finish  မပေါ်မချင်း  နှိပ်လိုက်ပါ  finish ပေါ်လာပီးဆိုမှာ  finish  ကိုနှိပ်လိုက် အဲ့ဒါဆို အင်စတောအဆင့်အောင်မြင်သွားပါပီး အင်စတော ပီးပီးဆိုရင်  အခြားဆော့ဝဲလ်တွေလို   Xara_3D  ဆော့ဝဲလ်က  တိုက်ရိုက်တန်းပီးမပေါ်လာပါဘူး  desktop ပေါ်မှာ
Xara_3D  software icon ပုံလေးပေါ်လာလိမ့်မယ်   ဘယ်လိုပုံလေး လည်းဆိုတာ အောက်မှာကြည့်လိုက်ပါ   ...
      (၃)အဲံ့လိုပုံလေး  နဲ့ desktop  ပေါ်မှာပေါ်လာပါမယ်  ...အဲ့ဒါလေးကိုကလစ်ပေး  နှစ်ချက်ပေးပီး run လိုက်ရင်    ဒီအောက်ကပုံလေးလို  ဆော့ဝဲလ်လေးထွက်လာပ့ါလိမ့်မယ်... အောက်ကပုံကိုကြည့်လိုက်ပါ....
          (၄)  အဲ့လိုပေါ်လာတဲ့ဆော့ဝဲလ် ကို     ကျွန်တော်မျှားနဲ့ထောက်ထားပီး  ဝိုင်းပြထားတဲ့အကွက်ထဲကို   Xara_3D  software  key  မထည့်ရသေးပဲ   Run Xara3D ကိုတန်းမနှိပ်ပါနဲ့    ကီးထည့်ပီးမှနှိပ်လိုက်ပါ         software  key   ကျွန်တော်  zip file ထဲက txet  Documents  ထဲမှာထည့်ပေးလိုက်ပါတယ်    (ဒါမှမဟုတ်  )  အခုပေးလိုက်တဲ့ကီးလေးကို   ထည့်လိုက်ပါ               X3D-9101-2462-1422               ပီးမှ   Run Xara3D  ဆိုတာကိုကလစ်လိုက်ပါ   အဲ့လိုကလစ်ပေးပီးတာနဲ့    Xara 3D registration   အနေနဲ့  registration ကို  register now   လုပ်မှာလား   register later  လုပ်မှာလားပေး ပါလိမ့်မယ်     အဲ့အခါကျရင် အစောက  key ထည့်ပီးသားဖြစ်တဲ့အတွက်         register later  ကိုပဲကလစ်ပေးလိုက်ပါ     ....  အဲ့ဒါဆိုရင် Xara_3D  software ကိုစတင်အသုံးပြုလိုက်ရပါပီး....      Xara 3D registration page ပုံကို  အော်မှာပြထားပေးပါတယ်ကြည့်လိုက်ပါ...
(၅) ဒါကတော့    Xara_3D  software  ပုံပါ  စတင်အသုံးပြုလို့ရပါပီး  
    (၆)  အပေါ်ကပြထားတဲ့ပုံကတော့ အင်စတောလုပ်ပီးသား အဆင်သင့်အသုံးပြုလို့ရပီးတဲ့Xara_3D  software   ပုံပါ   ....   .. ကျွန်တော် နံပါတ်စဉ်နဲ့   မျှားထောက်ပီး ဝိုင်းပြထားတာ ဘားရှင်း တစ်ခုစီရဲ့အသုံးဝင်ပုံပါ  အောက်မှာဆက်လက်ရှင်ပြထားပေးပါတယ်.....
(၁)  ကိုရေးမဲ့ font ဒီဇိုင်းကိုရွှေးမဲ့နေရာပါ
(၂)  text ရေးမဲ့နေရာ ပါ
(၃)  3D text စာလုံးဒီဇီုင်းကိုရွေးမဲ့နေရာပါ
(၄)  ကိုယ်ရေးထားတဲ့   3D text  စာလုံးဒီဇိုင်းတွေကို ကာလာပြန်ချိန်တဲ့နေရာပါ
(၅)စာလုံးကို ဝိုင်းထားတဲ့ဘောင်  ကွပ်ကို  မလိုချင်ပဲ text စာလုံးသပ်သပ်အသုံးပြု  ချင် ရင်အဲ့ဒါလေးကလစ် နှိပ်ပီး     ဘောင်ကွပ်တွေကို ဖြုတ် တဲ့အခါ ကလစ်ပေးရမဲ့နေရာပါ
(၆) ဘောင်ကွပ်ပြန်ထည့်ချင် ဘောင် ကွပ်မဲ့  ဒီဇိုင်းတွေကိုရွေး တဲ့နေရာပါ....တစ်ခုချင်းလိုက်ကလစ်ကြည့်ပေါ့ဗျား...
(၇) မိုးကြိုးသွားလိုပုံလေး  က  စာလုံးရဲ့နောက်ခံအရိပ်  ဖျေက်ပေး ထည့်ပေးတဲ့နေရာပါ  နှစ်ခုစလုံး ကိုလုပ်လို့ရပါတယ်  အရိပ်လိုချင်ရင် ကလစ် တစ်ချက်နှိပ်ပီး  မလိုချင်ရင်လည်း ကလစ်နှိပ်ပီပြန် ဖြုတ် လို့ရပါတယ်...
(၈)  3D  text  စာလုံးတွေကို စာလုံးအရှင်   animations  ဒီဇိုင်း အမျိုးမျိုး    ရွေးချယ်လို့ရတဲ့ နေရာပါ...
(၉)   ကိုယ်ပြုလုပ်ပီးသား  3D  text   animations  တွေကို    စိတ်တိုင်ကျဖြစ်ပီးဆိုရင်  save ရမဲ့နေရာပါ  ...အောက်မှာ ကျွန်တော်ပုံနဲ့ထပ်ပြပေးလိုက်ပါတယ်..............ကြည့်လိုက်ပါခင်ဗျား....။
               ဒါလေးကတော့ကျွန်တော်  Xara_3D.6.0  software  နဲ့  3Dစာလုံးရေးပီးလက်စွမ်းပြထားတာပါ....
ဆော့ဝဲလ်လိုချင်ရင်တော့         အောက်မှာဒေါင်းသွားနိုင်ပါတယ်.....22.17MB ပဲရှိပါတယ်               .............။
 ဒီမှာဒေါင်းယူပါ ဇွဲကပင်မှကူးယူဖော်ပြသည်။
3D စာလုံးဒီဇိုင်းဆောဝဲ
                                    .Aurora  3D animation Maker...
3D  စာလုံးဒီဇိုင်းလုပ်ချင်သူငယ်ချင်းတွေအတွက်ပါ.သူ၇ဲ့  HOME ဆိုက်ကို
စိတ်ဝင်စားရင်တော့  အောက်မှာဒေါင်းလိုက်ပါနော်.
အဆင်ပြေကြပါစေ..
Aurora 3D Animation Maker download linkးး
ဒီဆောဝဲ အသုံးပြုဖို့ အတွက် မြန်မာဖောင့် ဒီဇိုင်းလှလှလိုချင်ရင်လည်း
အောက်မှာ ဒေါင်းလိုက်ပါနော်..
အဆင်ပြေမယ်လို့  ထင်ပါတယ်..
                                 Xara 3D maker with Serial +Keygen
 ဒါလေးက Serial ရောပါပါတယ်..
သူငယ်ချင်းတွေ စိတ်ဝင်စားတွေဆိုရင် အသုံးပြုပုံ video ရှာထားပါမယ်နော်.
အခုတော့  မရှိသေးလို့းး)...ပျော်ရွင်ကြပါစေလို့   ..
onlineမူဘိုင်လေးပါဒီဟာလေးက...။
Search
LinkWithin
Related Posts Plugin for WordPress, Blogger...
Powered by Blogger.