FRESH

Monday, June 17, 2013

myanmar to english Dictionary

မြန်မာ ကွန်ပျူတာ User များအတွက် မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ် – မြန်မာ
အဘိဓာန်ဆော့ဝ်ကောင်းလေးတစ်ခု    ထွက်လာပါပြီ။ ဖန်တီးသူကတော့ ကိုစိုးမင်း။
ဂျပန်နိုင်ငံရောက် မြန်မာ လူငယ်တစ်ဦး။
ခေါင်းစားဖော် ခေါင်းစားဖက် နောက်တစ်ယောက်က ကိုမင်းကျော်။
သူက ဆွီဒင်မှာ။ဖတ်စရာများစွာ ဗဟုသုတယူစရာများစွာ။
သူအားထုတ်မှုတွေလည်း အားကျစရာ ……
အများကောင်းကျိုးအတွက် ပေးဆပ်မှုတစ်ခုကို သူပြုခဲ့ပြီ။
ကိုစေတန်ဂေါ့ နှင့် ကျွန်တော်ကတော့ မိမိတို့စုထားသော
ဒေတာများကို စေတနာဗရပွဖြင့် ထောက်ပံ့လိုက်ကြသည်။
အလွန်သုံး၍ကောင်းသော အဘိဓာန်ဖြစ်သည်။
အင်စတောလုပ်ပြီးတော့ ကျွန်တော် တစ်ခုရှာကြည့်သည်။
“စိုင်း” ဆိုတာ …. အောက်က ပုံအတိုင်းပေါ်လာသည်။
ကဲ ဘယ်လောက် …. လွယ်လဲ ……..




Saturday, June 15, 2013

ဘလော့မှာ ZawGyi Font နဲ့ Myanmar Unicode Font နှစ်ခုစလုံးအဆင်ပြေပြေကြည့်လို့ရအောင်


Google ဥက္ကဋ္ဌ မြန်မာနိုင်ငံကို ရောက်လာပြီးတဲ့နောက် အစိုးရဌာနတွေသာ သုံးလေ့ရှိတဲ့ Myanmar Unicode ဟာ တော်တော် ခေတ်စားလာခဲ့ပါတယ်.. ဒါကြောင့် Add-On တွေ တောင် ထွက်လာပြီး မြန်မာစာ အဆင်ပြေဖို့ ကြိုးစားခဲ့ကြပါတယ်.. ကျွန်တော်တို့ Blog တွေနဲ့ Website သမားတွေရဲ့ 99.99% လောက်က ဘလော့ကို ZawGyi-One နဲ့ ရေးထားကြတာလေ.. Add-on တွေနဲ့ အဆင်ပြေတယ်ဆိုပေမယ့် တစ်ချို့ အဆင်မပြေဘူးဗျ.. ဒါကြောင့် Default Font ကို Zawgyi ပဲထားထား၊ Unicode ပဲထားထား. ကြည့်ရှုသူတွေ အဆင်ပြေအောင် Zawgyi-Unicode Changer လေး ထားလိုက်ရင် အဆင်ပြေသွားမှာပါ.. ကျွန်တော့် ဘလော့မှာ အရင်က ထားဖူးတယ်ဗျ.. Drop Down Menu နဲ့ ဘယ်လို ငြိနေလဲမသိဘူး.. အဆင်မပြေတာနဲ့ ဖြုတ်ထားလိုက်တာ.. ခု. မိတ်ဆွေ အစ်ကိုကြီးတစ်ယောက်က မေးလာတော့မှာပဲ. တင်ဖြစ်တော့တယ်..
လုပ်နည်း
1. မိမိ Blogger ကို Sign in ဝင်ပါ..
2. Layout ကို နှိပ်ပါ..
3. Add a Gadget ကိုနှိပ်ရင် ဘောက်တစ်ခု ထပ်ပေါ်လာပါမယ်.. အဲဒီထဲက Html/Java Script ဆိုတဲ့ ခေါင်းစဉ်လေးကို နှိပ်လိုက်ပါ.. ပေါ်လာတဲ့ ဘောက်ထဲမှာ အောက်က ကုဒ်ကို ကူးထည့်ပေး ပြီး Save ကိုနှိပ် လိုက်ပါ.. ခေါင်းစဉ်ထည့်စရာမလိုပါဘူး. ဒါဆိုရင် ဘလော့မှာ Unicode နဲ့ ZawGyi-One ကို ပြောင်ဖို့ Converter လေးတစ်ခု ဘလော့ရဲ့ ဘယ်ဘက် အပေါ်ထောင့်နားလေးမှာ ပေါ်နေမှာဖြစ်ပါတယ်ခင်ဗျာ..
ကုဒ်.


အဆင်ပြေပါစေ..

Sound Editing Software


သီချင်းတွေကို ဖြတ်ညှပ်ကပ် လုပ်ချင်ရင်ဖြစ်ဖြစ်၊ Record လုပ်ထားတဲ့ sound file တွေကို edit လုပ်ချင်ရင် ဖြစ်ဖြစ် Audacity ဆိုတဲ့ software လေးကို သုံးကြည့်ပါ။ OpenSource ဆိုတော့ free download လုပ်လို့ ရပါတယ်။
(ကၽႊန္ကတော႕ ဒီ software သုံးပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဖြတ်ပြီး ringtone လုပ်ဖို့ သုံးတာ များပါတယ်။ ပိုက်ပိုက် မကုန်တဲ့ နည်းပေါ့။)

Audacity Windows Website မှာ download လုပ်ပါ။ ထုံးစံအတိုင်း next -> next -> next များကို နှိပ်ပြီး install လုပ်ရပါမယ်။

mp3 များကို ဖြတ်ညှပ်ကပ်လုပ်ရန်
၁။ File -> Open မှတဆင့် mp3 တစ်ပုဒ်ကို ရွေးပါ။
၂။ အောက်ပါအတိုင်း သံစဉ်လှိုင်းများ ပေါ်လာလျှင် မိမိ အလိုရှိသော သံစဉ် အပိုင်းကို select လုပ်ပါ။ (မိမိ အလိုရှိသော အပိုင်းကို အတိအကျသိရန် play လုပ်ပြီး အချိန် အပိုင်း အခြားကို သေချာ မှတ်သားထားပါ။)

၃။ လိုချင်သော အပိုင်းအခြားကို select လုပ်ပြီးလျှင် Edit -> Trim လုပ်ပါ။
၄။ File -> Export as mp3 မှာ အမည်တစ်ခု ပေးပြီး save လုပ်မည်ဟု နှိပ်လိုက်လျှင် အောက်ပါ မေးခွန်းကို မေးလိမ့်မည်။ dll ကို allocate လုပ်ခိုင်းခြင်း ဖြစ်သည်။ (software ကို ပထမဆုံး အကြိမ် သုံးသည့် အချိန်တွင်သာ မေးလိမ့်မည်။ )
၅။ ဒီအတွက် ဒီနေရာ ကို ပြန်သွားပြီး LAME mp3 encoder ဆိုတာကို download လုပ်ပြီး Audacity install လုပ်ထားသော folder ထဲမှာ ထည့်ထားပါ။
အထက်ပါအတိုင်း lame_enc.dll ကို open လုပ်လိုက်ပါ။ သီချင်း ဖြတ်ခြင်း ဤတွင် ပြီးဧ။်

Tuesday, June 4, 2013

ဖုန်းအတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ စစ်မယ်


ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။
Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာ သိရှိ နိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ် ဖြစ်တယ် ဆိုတာကို သိနိုင်ဖို့ ခက်ပါတယ်။
တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရ တတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။
Android အစစ်ကို အသုံးပြုထားတဲ့ ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ ဖုန်းတွေက ဘာတွေ ကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ ခွဲခြားလို့ မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားတာ ဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက် ဒီနည်းလမ်းလေးကို ပြောပြ လိုက်ပါတယ်။
အခုနောက်ပိုင်း ၀င်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့ တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ် မဟုတ်ကြောင်း ဘယ်လို စမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကို ရှာလိုက်ပါ။
Samsung Galaxy Series တွေအတွက် ဒီနည်းနဲ့ စမ်းကြည့်လို့ ရပါတယ်။ Display ထဲမှာ Font Style ကို ရှာကြည့်လိုက်ပါ။ တွေ့ရင် အစစ်ဖြစ်ကြောင်း ယုံလို့ ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူး ပေါ့ဗျာ။
နောက်တနည်းကတော့ လုံးဝ အစစ်ဖြစ်တယ် ဆိုတာကို စမ်းကြည့်လို့ ရပါတယ်။ Setting ထဲကို ၀င်လိုက်ပါ။ About Phone ကို တွေ့ပါ လိမ့်မယ်။ Android Version 4.0.4 စသဖြင့် ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက် နှိပ်ကြည့်ပါ။
စက်ရုပ်ပုံလေး ပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြ ပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထား လိုက်ရင် စက်ရုပ်ပုံလေးတွေ ပြေးနေတာကို တွေ့ရ ပါလိမ့်မယ်။ Clone Handsets တွေမှာ အဲ့ဒီလိုဖြစ်အောင် မလုပ် နိုင်ပါဘူး။
ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ် ဟုတ်မဟုတ် စစ်ကြည့်လို့ ရနိုင်ပါတယ်။ အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာ ပြောပြထားတဲ့ အတွက် လုံလောက်ပြီး အဆင်ပြေကြမယ် ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
IT GARDEN

Mec Tel မှ ထုတ်သော 800 Mhz ဖုန်းများအတွက် Internet settings ချိန်နည်း


ဖော်ပြပါပုံအတိုင်း Settings သို့သွားပါ
ထိုမှတစ်ဆင့် Mobile networks ကိုနှိပ်ပါ
ပေါ်လာသော Mobile network settings ထဲမှ Access Point Names ကိုနှိပ်ပါ
APN ထဲတွင် New APN တစ်ခုလုပ်ပါ
Name တွင် mectel ဟုရိုက်ထည့်ပါ။ထို့နောက် OK ကိုနှိပ်ပါ။
APN တွင် #777 ရိုက်ထည့်ပါ
Username တွင် နှစ်သက်ရာထည့်သွင်းနိုင်ပါတယ်
Password တွင်လည်း ကြိုက်နှစ်သက်ရာရိုက်ထည့်နိုင်ပါတယ်
Prompt password  တွင် #777 ဟုရိုက်ထည့်ပြီး OK ကိုနှိပ်ပါ
ထို့နောက် Edit access point အား Save ပြုလုပ်ပါ။
Mobile network settings တွင် Data enabled အား အမှန်ခြစ်ပေးပြီး ခတ္တခဏစောင့်ဆိုင်းပါ။ အင်တာနက်အသုံးပြု၍မရသေးရင် Restart ပြုလုပ်ပါ
မြဝတီလင့်မှဖေါ်ပြသည်

Monday, June 3, 2013

မိမိအင်တာနက်မှာသုံးနေတဲ့ကွန်ပျူတာမှန်သမျှ Shoutdown လုပ်ပစ်မယ် lanshutdown



ကြိုတင်ပြီးသတိပေးပါရစေ သူများတွေကိုအခက်တွေအောင်တော့မလုပ်ပါနဲ
ကျွန်တော်က နည်းပညာဗဟုသုတရအောင်တင်ပေးယုံသက်သက်ပါ
ကျွန်တော်မှာ စက်ထဲမှာသုံးထားတဲ့ facebook အကောင့်မှန်သမျှ email နဲ password 
ဖော်ပေးတဲ့ hacker tool လေးရှိတာတောင်မတင်ပေးရဲဘူး
ကိုယ့်ကြောင့်တစ်ပါးသူအခက်တွေမှာစိုးလိုပါ။အခု software
လေးကတော့မိမိအင်တာနက်လိုင်းထဲမှာရှိနေတဲ့ computer တွေကို
shutdown,Restart,power off လုပ်လိုရပါတယ်။နောက်ပြီး ကွန်ပျူတာ
ip number သိရင်လည်းလှမ်းလုပ်လိုရပါတယ်။နည်းပညာဗဟုသုတ
ကြွယ်ဝယုံသက်သက်တင်ပေးခြင်းဖြစ်ပါတယ်။

International Social Network Myanmarမှဖေါ်ပြသည်

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.