FRESH

Sunday, April 21, 2013

Format Factory 2.70

ဘလော့Header ပုံလုပ်ရန်အတ္ဂက် Xheader maker ဆော့ဝဲလ်

လာပါပြီဗျာဘလော့မိတ်ဆွေများအားလုံးကြိုက်ကြမယ်လိုတော့ထင်ပါတယ်၊ရှယ်ဘဲဗျာ
Softwareလေးတစ်ခုဗျာဆရာkp3ထဲမှာတွေ့လို့ကောက်လာတာသုံးရတာလွယ်ကူတယ်ဆိုပြီး
ဘလော့မိတ်ဆွေတွေအတွက်တဆင့်ပြန်တင်လိုက်တာပါ၊ဘာလဲဆိုတော့ Xheader maker လို့ခေါ်ပါတယ်


နှစ်သက်လို့ ဒေါင်းခြင်ရင်တော့ဗျာ…………အောက်မှာ
DOWNLOAD HERE

Monday, April 8, 2013

Gmail ဟက်မခံရအောင် Back Up လုပ်ခြင်း

ကိုယ့် password သိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဆီက Email တွေကို ကိုယ်မသိပဲ ဖြစ်စေ၊ သိပြီးမှ ဖြစ်စေ ယူသွားခြင်း ခံလိုက်ရ သူတွေ အတွက်နဲ့ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေ အတွက် ပြန်ဖြေနည်း တစ်ခုပါ။ ကိုယ် password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို ပထမ post မှာ ဖော်ပြခဲ့သလို နည်းလမ်းအတိုင်း download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားဖို့ လိုပါတယ်။ အဲဒီအတွက် သိသင့်တဲ့ အချက် များ ကို တစ်ပိုင်းချင်း ဖော်ပြပေးပါမယ်။


ပထမ တစ်ခုကတော့ ကိုယ့်ထဲကနေ ထပ်မထွက်နိုင်အောင် အားလုံး ပိတ်ပစ်ဖို့ပါ။ လုပ်ဆောင်မှု အဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ်။

1. Settings ကိုသွားပါ။

2. Forwarding and POP/IMAP tab ကို ဆက်သွားပါ။

3. Forwarding, POP Download နဲ့ IMAP Access တို့ အားလုံးကို Disable forwarding, Disable POP နဲ့ Disable IMAP အသီးသီး ပေးလိုက်ပါ။

4. ပြီးရင် Save Changes button ကို click လိုက်ပါ။

အားလုံး ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပိတ်လိုက်တဲ့ အချိန်က စ ပြီး နောက်ထပ် Mail တစ်စောင်မှ တစ်ခြားတစ်ယောက်ဆီ ရောက်မှာ မဟုတ်တော့ပါဘူး။
တကယ်လို့ ကိုယ် အားလုံး ကို Disable ပေးထားချိန်မှာ တစ်စုံတစ်ယောက်ယောက်က POP3 download နဲ့ download ချ ဖို့ ကြိုးစားမယ် ဆိုရင် သူ့ဖက်မှာ အောက်ဖော်ပြပါ ပုံ အတိုင်း ပေါ်နေပါလမ့်မယ်။


ဒုတိယ သိရမယ့် တစ်ခု ကတော့ ကိုယ့် Gmail account password ကို သိတဲ့ တစ်ယောက်ယောက်က ကိုယ့်ဆီကနေ Email တွေကို POP3 မှာ download ဆွဲနေတယ် ဆိုရင် ကိုယ့်ဆီ ကို ဝင်လာတဲ့ Email တစ်စောင်ဟာ ကိုယ့်ဆီက download ဆွဲနေတဲ့ လူဆီကို ချက်ချင်း မရောက်ပါဘူး။ အနည်းဆုံး ၁ နာရီ ကနေ အများဆုံး ၄ နာရီ အတွင်းမှာမှ download ချ လို့ရတာပါ။ ဆိုလိုတာက ကိုယ့်ဆီ ကို တစ်စောင် အသစ်ဝင်တာနဲ့ download ဆွဲနေတဲ့ လူဆီကို လည်း တစ်စောင် အသစ် ချက်ချင်း ဝင်တာ မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်ဆီကို ဝင်လာတဲ့ Email တစ်စောင်ကို ဝင်လာပြီးလို့မှ တစ်နာရီ မကြာသေးခင်မှာပဲ delete ပေးလိုက်မယ်ဆိုရင် download ဆွဲနေတဲ့ လူဆီကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး။ download စ မဆွဲခင် အချိန်တုန်းက ရှိသမျှ Mail အားလုံးကတော့ မိနစ်ပိုင်းအတွင်း အားလုံး ရောက်မှာပါ။

တတိယတစ်ခု ကတော့ အန္တရာယ်အများဆုံး ကိစ္စ လို့ ပြောလို့ ရပါတယ် ကိုယ့်ရဲ့ Mail ကို တခြားလူ တစ်ယောက်ယောက် က POP3 download နဲ့ ပထမ post မှာ ဖော်ပြခဲ့သလို လုပ်သွားပြီးပြီ ထားပါတော့ အဲဒါဆိုရင် သူ့ရဲ့ Mail ထဲမှာ Compose Mail လုပ်မယ်ဆိုရင် အောက်မှာပြထားတဲ့ ပုံအတိုင်း From: ဆိုတဲ့ Dropdown လေးတစ်ခုအပိုပေါ်လာလိမ့်မယ်။
ပုံမှန် ဆိုရင် Compose Mail လုပ်ရင် အဲဒီ Dropdown မရှိပါဘူး။ ကိုယ့် Mail ထဲမှာပြန်ကြည့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ ပုံမှန်ဆို Email တစ်ခုက Mail Address တစ်ခုတည်းကိုပဲ ပိုင်တာ ဖြစ်တဲ့အတွက် From: ဆိုတာ ပေါ်စရာ မလိုဘူးလေ။ ရွေးစရာမှ မလိုတာ။ ဒါပေမဲ့ အခုလိုဖြစ်သွားရင် Email တစ်ခုတည်းက Mail Address နှစ်ခု ပိုင်သလိုဖြစ်သွားပါတယ်။ ကိုယ့် Mail ကိုလည်း တစ်ဖက်လူက ပိုင်သွားပါပြီ။ အဲဒီတော့ အဲဒီ Dropdown မှာသူ့ Mail ရယ်ကိုယ့် Mail ရယ် နှစ်ခု ပေါ်နေလိမ့်မယ်။ အဲဒီအထဲက သူကကိုယ့်ရဲ့ Mail ကိုရွေးပြီး အခြား တစ်ယောက်ယောက်ဆီကို Email ပို့လိုက်ရင် လက်ခံ ရရှိတဲ့သူက ကိုယ့်ဆီက ရတာလို့ပဲ ထင်သွားမှာပါ။ ဘာလို့လည်းဆိုတော့ လက်ခံရရှိတဲ့သူဆီမှာကိုယ့် Mail Address သွားပေါ်နေမှာကိုး။ ပို့တာကသူ့ ထဲကပို့တာနော်။ ကိုယ်တောင် ဘာမှမသိလိုက်ရဘူး။ ကဲကိုယ့်ရဲ့ အရေးကြီးတဲ့ Contact တွေဆီကို ပေါက်ကရ Mail တွေလျှောက်ပို့လိုက်လို့ကတော့သေပြီ။ ဘယ်လောက် အန္တရာယ်များလဲ စဉ်းစားသာကြည့်ပေတော့။ အဲဒီတော့ အကောင်းဆုံးက ကိုယ့်ရဲ့အရေးကြီးတဲ့ Mail ရဲ့ Password ကိုဘယ်သူ့ကိုမှ မပေးတာအကောင်းဆုံးပါ။ Password ဆိုတာ Mail တစ်ခုရဲ့အသက်ပါ။ Password ကို မကာကွယ်နိုင်ဘူးဆိုမှတော့ Mail ရဲ့အသက်လည်းသေပြီပေါ့။ အားလုံးပဲ ကိုယ့်ရဲ့ Email Password လေးတွေကို လုံလုံခြုံခြုံ သိမ်းနိုင်ကြပါစေ။

 http://sofialay.blogspot.com

Gtalk မှာ offline နဲ့ပဲချိတ်မယ်...

ဒီလင့်လေးဆီသွားလိုက်ပါ  http://talkgadget.google.com/talkgadget/popout
အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး… အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။ အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်…. ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ…. သူကတော့ သူငယ်ချင်းတစ်ယောက်ကို စကားပြောဖို့ ကလစ်နှိပ်လိုက်ရင်
 ပုံမှန် Gtalk ကလို Window တစ်ခု အနေနဲ့တော့ ထွက်မလာဘူး။ Tab တစ်ခုအနေနဲ့ Contacts ရဲ့ဘေးမှာ ကိုယ်ပြောမယ့် သူငယ်ချင်းရဲ့ နာမည်နဲ့ ထွက်လာမယ်…ကဲ အခုစပြောတော့မှာက သူငယ် ချင်း တို့ သိချင်နေတဲ့ ကိုယ့်ကို သူများမမြင်အောင်
offline လုပ်ကြမယ်ဆိုတဲ့ အကြောင်းလေ… အရင်ဆုံး Gtalk မှာ Singout လုပ်ဖို့သွားတဲ့ မြှားလေးကို မှတ်မိတယ်နော်။ အဲဒါက Contacts ရဲ့ အောက်မှာရှိတယ်… အဲဒီံ မြှားကလေး ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးနားက invisible ကိုရွေးပေးပါ… ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မမြင် ရတော့ဘူး။ ကိုယ်က သူတို့ဆီမှာ offline ဖြစ်သွားပြီ… ကိုယ်ကသာ သူတို့ကို မြင်နေရမယ်… ကိုယ်က offline ပုံစံဖြစ်နေပေမယ့် သူတို့ကို စကားသွားပြောလို့ ရတယ်နော်… သူတို့ဆီမှာတော့ ကိုယ်က offline ကြီးနဲ့ စကားတွေပြောနေတာပေါ့…
ကဲ စမ်းသပ် ကြည့်လိုက်ကြပါ…
 

gtalkalways idel (Gtalk အနားမှာမရှိပါ)

Gtalk မှာ တစ်ခါတစ်ရံ တစ်ဦးတည်းအပေါ် အာရုံစူးစိုက်ပြီး chat နေချိန်မျိုးမှာ တစ်ခြား online friends တွေဝင်လာတတ်ပါတယ်။ ပြန်မဖြေရင်လည်း တစ်မျိုးတစ်မည် အထင်ခံရမယ်။ ပြန်ဖြေနေရရင်လည်း အာရုံလွင့်တော့မယ်။ ဒါဆို အနားမှာမရှိဘူးလို့ ပြောပေးမယ့် galways idel ကိုတင်ထားကြရအောင်။


Download Gtalkalways idel 

  install လုပ်ပေါ့နော်...
ပြီးရင် taskbar မှ gtalk icon ပေါ် right click လုပ်ပြီး always idle ရွေးထားပေါ့။ မလိုအပ်တော့ရင် normal or never ပြန်ပြောင်းထားနိုင်ပါတယ်။

Google.com.mm တွင် မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ


Photo: Google.com.mm တွင် မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ

မြန်မာဒိုမိန်းနှင့်ဖြစ်သော www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက်များဖြင့် အသုံးပြုနိုင်ရန် Google က ပြောင်းလဲ လွှင့်တင်လိုက်ပြီဖြစ်သည်။ www.google.com.mm ကို ပြီးခဲ့သည့် မတ်လ ၂၁ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိချေ။ 

ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် unicode font တစ်မျိုးမျိုးကို install လုပ်ထားရန် လိုအပ်မည်ဖြစ်သည်။

Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မကြာသေးမီက မြန်မာနိုင်ငံတွင် စတင် အသုံးပြုလာနိုင်ခဲ့သည်။
မြန်မာဒိုမိန်းနှင့်ဖြစ်သော www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက်များဖြင့် အသုံးပြုနိုင်ရန် Google က ပြောင်းလဲ လွှင့်တင်လိုက်ပြီဖြစ်သည်။ www.google.com.mm ကို ပြီးခဲ့သည့် မတ်လ ၂၁ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိချေ။

ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် unicode font တစ်မျိုးမျိုးကို install လုပ်ထားရန် လိုအပ်မည်ဖြစ်သည်။

Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မကြာသေးမီက မြန်မာနိုင်ငံတွင် စတင် အသုံးပြုလာနိုင်ခဲ့သည်။

Search

LinkWithin

Related Posts Plugin for WordPress, Blogger...
Powered by Blogger.